4.

284 27 4
                                    

4.အတိတ်တုန်းက ကိုယ်နဲ့မင်း
(မချစ်ပဲမနေနိုင်မှတော့လား...???)

နှစ်ဝက်စာမေးပွဲများနီးလာပြီမို့ ကျောင်းသားအများစုမှာ စိတ်ဖီးစီးခြင်း ပင်ပန်းနွမ်းနယ်ခြင်းစသည့် ဖိအားအမျိုးမျိုးနှင့်အတူ သွက်လက်တက်ကြွမှုများ နည်းပါးနေကြသည်။ ယနေ့မနက်ခင်းတွင်မူ ကောလိပ်ဝန်းထဲရှိ လူသွားလူလာများသော မျက်နှာစာနေရာတစ်ခုတွင် ကျောင်းသားကျောင်းသူတစ်ချို့ နှင့် အတန်ငယ် စည်ကားနေသည်။ 'လိုအပ်နေသူတွေအတွက် ထွေးဖက်မှုများပေးနိုင်ပါတယ်' ဟု စာလုံးရိုက်နှိပ်ထားသော နဖူးစည်းကြော်ငြာစာတန်းရှည်သည် လေအဝေ့တွင် လွင့်လူးနေသည်။ ဤသည်ကား နှစ်စဥ်ကျင်းပနေကျ Free Hug Campaignပင် ဖြစ်သည်။

မေဂျာပေါင်းစုံက စီနီယာဂျူနီယာများက volunteer အဖြစ် ကူညီပါဝင်ပေးကြ၍ ကမ်ပိန်းကျင်းပရာနေရာသည် အတော်အသင့် စည်ကားသည်ဟုဆိုရပေမည်။မေဂျာအများစုကမူ fresherလေးတွေကို ပွဲထုတ်ထားခြင်းဖြစ်သည်။
ဆူဘင်းသည် ယခင်ကတည်းက ဒီလိုပွဲတွေကို ပါဝင်ဆင်နွှဲခြင်းမရှိသလို စိတ်ဝင်စားခြင်းအလျဥ်းမရှိခဲ့။ထို့ကြောင့် ပွဲကျင်းပရာနေရာကနေ သာမန်ကာလျှံကာ ဖြတ်လျှောက်သွားခဲ့သည်။ သို့ရာတွင် ဆူဘင်းသည် ဆူဘင်းနှင့်မတူတော့လောက်အောင်ပင် ထိုနေရာသို့ တစ်ခေါက်ပြန်လှည့်ကြည့်လိုက်ရလေသည်။

ဘယ်လိုလုပ် ဟျူနင်းခါအီက??

ဂျင်းပြာရောင်ဟူဒီအနွေးထည်နှင့် ထို volunteer အဖွဲ့ထဲတွင် ရှိနေသူကား ဆေးဝါးသုတေသနနှင့်ဓာတုဗေဒမေဂျာ၏ ပထမနှစ်လေး ဟျူနင်းခါအီပင်တည်း။

ပထမနှစ်လေးတွေရဲ့ ထုံးစံအတိုင်း စီနီယာတွေရဲ့တိုက်တွန်းမှုကြောင့် ပါဝင်ရသည်ဖြစ်ရာ ဟျူးခါသည်လဲ အတန်ငယ် နေရခက်နေပုံပေါ်သည်။ကံကောင်းသည်က freehugတွင် ပါဝင်ဆင်နွှဲသူအများစုက မိန်းကလေးများဖြစ်ကြလေရာ အလိုအလျောက်ပင် မိန်းကလေးvolunteerများထံသို့ သွားကြလေသည်။ ယောက်ျားလေးများကမူ အဖော်အဖြစ် ဘေးမှာဝန်းရံပေးနေကြရုံသာ တတ်နိုင်တော့သည်။

ဆူဘင်းသည် အတန်ကြာသည်အထိ ထိုမြင်ကွင်းကို ရပ်ကြည့်နေမိသည်။နဂိုကတည်းက အပေါင်းအသင်းနည်းသော ဟျူးခါသည် စီနီယာများအကြားတွင် ငြိမ်ငြိမ်လေး ရပ်နေရှာသည်။ဘယ်ကိုမှလဲမကြည့်ဘဲ တရားမှတ်နေသည့်အတိုင်း။ဆူဘင်းလဲ မတတ်နိုင်တော့ဘဲ ထိုကမ်ပိန်းရှိရာသို့ ထွက်လာခဲ့မိ​တော့သည်။

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now