16.Final

213 21 0
                                    

16.너랑 이런 집에서 살고 싶다~
      (우리집)

နှစ်ပတ်ခန့်ကြာမြင့်ပြီးနောက် ဟျူနင်းရဲ့အခြေအနေကလဲ သိသိသာသာ ပိုကောင်းမွန်လာခဲ့သည်။ဆူဘင်းကမူ ထိုရက်များအတွင်း ဟျူနင်းဘေးနားကနေ တစ်ဖဝါးမျှမခွာခဲ့ပေ။ ဗီလာကိုပြန်ဖို့ဝေးစွ၊ ရုံးတစ်ဖက်နဲ့ အလုက်ကိစ္စတွေကိုပင် အတွင်းရေးမှူးလီက ဆေးရုံးအထိလာပြီး တင်ပြပေးရသည်။ ဒီရက်ပိုင်းတွေမှာ ဆူဘင်းရဲ့ လွန်လွန်ကဲကဲ ဂရုစိုက်မှုများနှင့် နေသားကျနေခဲ့ပြီမို့ ဟျူနင်းအနေနဲ့ ဒါကို စောဒကတက်ချင်မနေပါတော့ပေ။ဆူဘင်းရဲ့ နူးနူးညံ့ညံ့နဲ့ ဂရုတစိုက်ရှိမှုတွေကို သူတကယ်ပဲ ကျေနပ်ခုံမင်နေတာကြောင့်လေ။

ဆူဘင်းက ဒီတစ်ကမ္ဘာလုံးနဲ့ ယှဥ်၍ရွေးရမယ်ဆိုရင်တောင် ဟျူနင်း အချစ်ရဆုံး ချစ်သူပဲမို့ ကိုယ်ချစ်မြတ်နိုးရတဲ့သူဆီက ထွေးပွေ့လာတဲ့ အကြင်နာနှစ်သိမ့်မှုတွေကို လိုချင်မက်မောမိတာဟာ သဘာဝပဲမဟုတ်လား။

ဤကဲ့သို့ နှစ်ဦးသဘောတူညီ မခွဲမခွာပဲ ပီကေလိုကပ်နေကြတဲ့အကျိုးဆက်ကြောင့် ဆေးရုံရဲ့ လူနာကုတင်ခြေရင်းမှာ ဆူဘင်းရဲ့ ရုံးကဖိုင်တွဲများအထပ်လိုက်က တောင်လိုပုံနေသည်။ ဆူဘင်းကား ဟျူနင်းကို နောက်ကျောပင်ပေးမထားချင်ပုံပေါ်သော်ငြား ပစ်ထား၍မရသော အလုပ်ကိစ္စများကြောင့် ကုတင်အနီးထိ ထိုင်ခုံတစ်လုံးဆွဲ၍ ipad စခရင်မ်ထဲ ခေါင်းစိုက်ဝင်မတတ်ဖြစ်နေရသည်။
ကြည့်နေရင်းနဲ့ ဟျူနင်း မချိုမချဥ် ပြုံးလိုက်မိသည်။

နှုတ်ခမ်းထောင့်စွန်းတွေကို တစ်ဖြောင့်တည်းစေ့ပိတ်ထားပြီး အာရုံစူးစိုက်မှုကြောင့် ဆူဘင်းရဲ့မျက်ခုံးတန်းတို့က မသိမသာ တင်းရင်းနေသည်။စခရင်မ်ပေါ်ထိခတ်နေသော လက်ချောင်းရှည်သွယ်သွယ်တို့က ဟျူနင်းနှလုံးသားပေါ် ဖွဖွလေးပြေးလွှားနေသည့်အလား။ဒီယောက်ျားက အလုပ်လုပ်နေတဲ့ပုံစံကတောင် ချောလွန်းနေတာပဲ။

ဟျူနင်းလက်ထဲက ပန်းကန်ထဲကနေ အသီးတစ်စိတ်ကို ခက်ရင်းဖြင့်ယူ၍ စားလိုက်သည်။အရည်ရွှမ်းသော မက်မွန်သီးရဲ့အရသာက ခံတွင်းထဲက အရသာခံဖုတွေကို နှိုးဆွလိုက်ပုံရပြီး နောက်ထပ် တစ်စိတ်ပြီးတစ်စိတ် စားလိုက်မိသည်။အေးစက်တဲ့အထိအတွေ့ရဲ့ ချိုမြိန်မှုကလဲ သူမတူအောင် ကောင်းမွန်လေသည်။

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now