Extra

209 22 0
                                    

Extra for my sweetheart Terry♡

ထယ်ဟျွန်း ဒီတစ်ခေါက် ကိုရီးယားကနေထွက်လာတာ တစ်လနီးပါးရှိနေပြီ။ ဥရောပဘက်ကို ခရီးရှည်ထွက်မယ်စိတ်ကူးထားပေမယ့် သူငယ်ချင်းအရင်းကြီး အာသာရဲ့ မင်္ဂလာပွဲရှိနေတာကြောင့် အမေရိကားကို အရင်ရောက်လာခဲ့သည်။ မင်္ဂလာပွဲပြီးတော့လဲ အာသာတို့လင်မယားက ပျားရည်ဆမ်းခရီးထွက်သွားကြပြီး ထယ်ဟျွန်းလက်ထဲကို အိမ်သော့အပ်ခဲ့သည်။

အိမ်သောအပ်ခဲ့တာက အကြောင်းမဟုတ်၊ အိမ်သော့အပြင် အာသာရဲ့ညီဝမ်းကွဲ ခါမယ်လ်ဆိုတဲ့ကောင်လေးကိုပါ စောင့်ရှောက်ပေးရန် အပ်ထားခဲ့ခြင်းဖြစ်သည်။ အမေရိကားလိုနေရာမျိုးမှာ ၁၇နှစ် ၁၈နှစ်အရွယ်ယောက်ျားလေးတစ်ယောက်ကို စောင့်ရှောက်ပေးဖို့ဆိုတာ တကယ်လိုသေးလို့လား။
ဘယ်လိုပဲဖြစ်ဖြစ် အာသာကိုယ်တိုင်က သေချာအကူအညီတောင်းခဲ့တာမို့ ထယ်ဟျွန်းမှာလဲ တာဝန်ရှိလာတော့သည်။

အရင်နှစ်များက ထယ်ဟျွန်း အလည်လာတိုင်း အာသာဘေးအိမ်က,ကလေးကို သေချာမမြင်ဖူးခဲ့ပေ။ အဲ့ဒီကလေးက ကျောင်းတက်နေတဲ့အရွယ်မို့လို့ဖြစ်လိမ့်မည်။ ဟျူနင်းနဲ့ ရုပ်ချင်းဆင်နေတာမို့ မင်္ဂလာပွဲမှာကတည်းကစပြီး ထယ်ဟျွန်းသတိထားမိခဲ့သည်။ ဒါပေမယ့် ရုပ်ချင်းဆင်ရုံပါပဲ။ အဲ့ဒီကလေးက ဟျူနင်းမဟုတ်ဘူးဆိုတာ သူသိနေပြီးသားပဲ။

အိမ်ရှေ့လှေကားထိပ်ကဝရန်တာမှာ ထိုင်ရင်း ထယ်ဟျွန်း ကော်ဖီသောက်နေတုန်း ဘေးအိမ်ကတံခါးက ပွင့်လာသည်။ ထယ်ဟျွန်းကြည့်လိုက်တော့ အစိမ်းရင့်ရောင်ဟူဒီကို ဝတ်ထားသော ဆံပင်တိုကပ်ကပ်နှင့်ကောင်လေးက ကျောပိုးအိတ်ကို ဘေးတစ်စောင်းလွယ်၍ ထွက်လာသည်။ ထယ်ဟျွန်းကိုမြင်တော့ လက်ပြ၍ ပြုံးရယ်နှုတ်ဆက်သည်။

ထယ်ဟျွန်းလဲ ဘာရယ်မဟုတ် နှုတ်ဆက်စကားဆိုလိုက်မိသည်။

"ကျောင်းသွားတော့မလို့လား.."

"ဟုတ်တယ်အစ်ကို.. သွား​ပြီနော်..
သူငယ်ချင်းတွေနဲ့ ချိန်းထားလို့"

ထယ်ဟျွန်းကို အသိပေးပြီးနောက် ထိုကောင်လေးက ထွက်သွားသည်။ မနက်ခင်းနေရောင်ခြည်နုနုအောက်မှာ ခါမယ်လ်ရဲ့ ဆံပင်တိုတိုလေးတွေက ရွှေညိုရောင်တောက်နေသည်။ မျက်စိတစ်ဆုံး လိုက်ကြည့်နေပြီးမှ ထယ်ဟျွန်းသတိဝင်လာတော့သည်။

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now