13.

170 23 1
                                    

13.Director Nim의 MagicStar

"PDဟျူး.. ဧည့်သည်ရောက်နေပါတယ်.."

"ကျွန်တော်လား..."

အသံလွှင့်ခန်းထဲက ထွက်လျှင်ထွက်ချင်းပင် ဧည့်ကောင်တာကအစ်မတစ်ဦးက လာရောက်အသိပေးတာမို့ ဟျူနင်း အတန်ငယ်အံ့သြသွားသည်။ ဆူဘင်းကလွဲလျှင် သူ့ဆီ ဧည့်သည်လာစရာအကြောင်းမရှိတာမို့ သိချင်စိတ်ကြောင့် ဟျူနင်း ခပ်မြန်မြန်ထွက်တွေ့မိသည်။

ပြောင်းဖူးဖက်ရောင် ဆံနွယ်စတွေကိုမြင်မှ ဟျူနင်း ပိုအံ့သြရတော့သည်။
ဧည့်ကြိုဌာနက ဆိုဖာမှာထိုင်နေသောသူသည်ကား အစ်ကိုဘောမ်ဂယူဖြစ်နေလေသည်။

"အစ်ကိုဘောမ်ဂယူ..."

"မရီး.."

အနားကို ခပ်မြန်မြန်သွားလိုက်တာနှင့် ပြုံးပြလာသည့်နည်းတူ အစ်ကိုဘောမ်ဂယူရဲ့ခေါ်သံကြောင့် ဟျူနင်းမှာ အယ်ခနဲဖြစ်သွားသည်။

"မရီး.. ရောက်လာပြီလား.."

အချိန်ကိုက်ပင် ဟျူနင်းကအနားရောက်သွားတာမို့ အစ်ကိုဘောမ်ဂယူအသံက ပြောလောက်အောင်မကျယ်လှ။ ဧည့်ကြိုကောင်တာကအစ်မကတော့ နားကြားမှားသည်အထင်နှင့် ခေါင်းတစ်ချက်ခါ၍ မျက်မှန်ကိုသာပင့်တင်လိုက်သည်။

ထိုအခါမှ ဘောမ်ဂယူလဲ သံသယဖြစ်ဖွယ် စကားအသုံးအနှုန်းကို သတိထားမိတော့သည်။

"နေ့လည်စာစားပြီးပြီလား.. ဟျူး.. ဟျူနင်း..??"

"ဟုတ်ကဲ့...ကျွန်တော်မစားရသေးပါဘူး.. အစ်ကိုဘောမ်ဂယူရော...
အာ..ဒီနေ့ ဆူဘင်းရှီက မအားဘူးထင်တယ်..."

ဒီနေ့မှ ဆူဘင်းက အရေးကြီးသော ရှယ်ယာရှင်အစည်းအဝေးရှိတာမို့ နေ့လည်စာ အတူတူစားမပေးနိုင်တော့ကြောင်း ဟျူနင်းကို ကြိုပြောထားပြီးသားပင်။ သို့သော် အစ်ကိုဘောမ်ဂယူရောက်လာတာက ဆူဘင်းနှင့်တွေ့ဖို့မဟုတ်ပဲ ဟျူနင်းဆီသက်သက် လာတာဖြစ်ကြောင်း ပြောရင်းနဲ့မှ နားလည်လိုက်ရသည်။

"ဒီနေ့က အစ်ကိုဆူဘင်းဆီလာတာမဟုတ်ဘူး..
ဟျူနင်း အချိန်ရရင် ထမင်းအတူတူစားရအောင်...
ဘာပဲဖြစ်ဖြစ် ငါကသိပ်မကြာခင် ပြန်ဖြစ်တော့မယ်ထင်လို့...
အဲ့ခါကျ.. ဟျူနင်းနဲ့အတူတူ အချိန်မဖြုန်းခဲ့ရရင်.. နောင်တရမိလိမ့်မယ်..."

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now