14.

169 24 0
                                    

14.ဆူဘင်းအတွက်အရေးကြီးဆုံးအရာ??

ဗီရိုရှေ့ကမှန်မှာ ခေါင်းအစခြေအဆုံး တစ်ချက်ပြန်ကြည့်လိုက်ပြီး ဆူဘင်း ဘယ်ဘက်လက်ကောက်ဝတ်မှာ နာရီကိုဝတ်လိုက်သည်။ကုတ်အင်္ကျီအတွင်းအိပ်ကပ်ထဲက ရွှေကိုင်းမျက်မှန်ကို ထုတ်၍တပ်လိုက်ပြီးနောက် ရိုးရိုးရှင်းရှင်းပင် ဆူဘင်းရဲ့ပုံစံက အေးစက်ကာ အရှိန်အဝါတစ်ခုပါသောသွင်ပြင်ကို ဖော်ညွှန်းနေသည်။

ဆူဘင်း အခန်းထဲကထွက်လာတဲ့အချိန်မှာ ဟျူးခါက မီးဖိုခန်းထဲမှာ မနက်စာအတွက်ပြင်ဆင်နေသည်။ရှပ်လက်ရှည်နှင့် စတိုင်ပန့်ကို ဝတ်ထားသည့်ပုံထောက် ဒီနေ့လဲ ဟျူးခါက အလုပ်နားမည့်ပုံမပေါ်ပါချေ။  ဆူဘင်းပြုံးလိုက်မိပြီး မီးဖိုခန်းထဲကို ဝင်လာခဲ့သည်။ ဗီလာမှာနှင့်မတူစွာ ဟျူးခါအိမ်က မီးဖိုခန်းလေးက ဆူဘင်းကို နွေးထွေးစွာကြိုဆိုနေခဲ့သည်။

"မောနင်း ဒါလင်.."

ဆူဘင်းက မနက်စာပြင်နေသူအနားကို တိုးကပ်သွားလိုက်ပြီး ဟျူးခါရဲ့ခါးအနောက်ကနေ ခပ်ဖွဖွပွေ့ဖက်လိုက်ရင်း နှုတ်ဆက်လိုက်သည်။
ချစ်ခြင်းမေတ္တာက စီးကူးတတ်သည့်သဘောအတိုင်း ဟျူးခါက ဆူဘင်းပါးတစ်ဖက်ကို နမ်းမွှေးရင်း ပြန်လည်နှုတ်ဆက်လာသည်။

"မောနင်း.. ဆူဘင်း.."

ဆူဘင်းကို စားပွဲမှာနေရာချပေးရင်း ဟျူးခါက မနက်စာကိုပါ တစ်ပါတည်းပြင်ဆင်ပေးပြီးမှ သူ့ဘေးမှာဝင်ထိုင်သည်။ အချိန်ကြာကြာနှပ်ထားသော ကော်ဖီအနံ့က ရနံ့နှင့်ပင် သင်းမွှေးနေသည်။
အရင်ကတိုင် ဟျူးခါကိုယ်တိုင်က ကော်ဖီသောက်လေ့သောက်ထမရှိပေမယ့် ဆူဘင်းအတွက် ရည်ရွယ်၍ ဂရုတစိုက် ပြင်ဆင်ပေးတတ်သည်။ ဆူဘင်းသည်လဲ လိုက်ဖက်ညီစွာပင် ဟျူးခါရဲ့ဂရုစိုက်မှုများနှင့် နေသားကျနေတတ်လေသည်။

"ဆူဘင်း.. တစ်ခါတည်း ကုမ္ပဏီကိုသွားမှာလား.."

"အင်း.. ဒီမနက်တော့ ကိုယ်မျက်နှာပြမှဖြစ်မယ်..
ဟျူးခါပြီးရင် ကိုယ်နဲ့အတူတူသွားကြတာပေါ့..."

ဆူဘင်းစကားကြောင့် ဟျူးခါက တစ်စုံတစ်ရာကိုစဥ်းစားမိသလို နှုတ်ခမ်းနှစ်လွှာကို ဖိကြိတ်နေပြီးမှ ခပ်တိုးတိုးပြောလာသည်။

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now