11:11

210 22 2
                                    

11.What is Love?

နွေဦးပေါက်လာပြီဖြစ်တာကြောင့် ရာသီဥတုက အတန်ငယ် ပူနွေးလာသည်။ ဗီလာရှေ့က နွေဦးသစ်ပင်၌ အဖြူရောင်အဖူးအငုံလေးများ ဝေစီနေသည်။ ဆူဘင်း တံခါးက ထွက်ထွက်ချင်း တိုးတိုက်လာသော ပြင်ပလေထုကြောင့် နက်ခ်တိုင်ကို ခပ်လျော့လျော့ဖြစ်အောင် ဆွဲချလိုက်သည်။ ခြံရှေ့မျက်စောင်းထိုးနားမှာ ရပ်ထားသော ကားအဖြူရောင်ကြောင့် ဆူဘင်း ဟက်ခနဲ ရယ်လိုက်မိသည်။ ကားမော်ဒယ်လ်နဲ့ အရောင်ပြောင်းသွားရုံနဲ့ ဆူဘင်းက မမှတ်မိလောက်တော့ဘူးလို့ ထင်နေတာလားမသိ။

ဆူဘင်း ဧည့်ခန်းထဲကို လှမ်းကြည့်လိုက်တော့ ဆိုဖာပေါ်မှာ ဘောမ်ဂယူက ပက်လက်လှန်ပြီး ဖုန်းကြည့်နေသည်။ ဝင်မပါဘူးလို့ ဆုံးဖြတ်ထားပေမယ့် ပွဲရှာချင်သောစိတ်ကလေးကို အစိုးမရနိုင်တာကြောင့် ဆူဘင်း အသံကို အနည်းငယ်နှိမ့်၍ အော်လိုက်သည်။ ခပ်ဝေးဝေးကဆို မကြားရပေမယ့် ဧည့်ခန်းထဲတွင် ရှိနေသော ဘောမ်ဂယူက ချက်ချင်းပင် အပြေးလာရှာပါသည်။

"အစ်ကို.. ဘာဖြစ်လို့လဲ.. ဘာလို့အော်လိုက်တာလဲ..."

အနားရောက်လာသော ဘောမ်ဂယူက အားမရှိတော့လေဟန် ယိုင်နဲ့နဲ့ဖြစ်ချင်နေသော ဆူဘင်းကို ပုခုံးကနေ ကူတွဲပေးလာသည်။
ဆူဘင်းလဲ ပိုပိုသာသာနှင့် ဘောမ်ဂယူပုခုံးပေါ်ကို ခေါင်းမီပြလိုက်သည်။

"အစ်ကိုဆူဘင်း.. အဆင်ပြေရဲ့လား.."

"အင်း.. ရတယ်... ဒီရက်ပိုင်း stressများသွားလို့ ထင်တယ်... ခေါင်းက ရုတ်တရက်မူးလာလို့..."

"ဟုတ်လား.. ဆေးခန်းသွားမလား... ဆရာဝန်ခေါ်လိုက်ရမလား.."

"နေပါစေတော့.. အနားယူလိုက်ရင် ကောင်းသွားမှာပါ...
ကျေးဇူးပဲ.. ငါ့ညီလေးရှိလို့ တော်သေးတာပေါ့ အားကိုးရသားပဲ..."

ပြောရင်း ဆူဘင်းက ဘောမ်ဂယူခေါင်းကို လက်နှင့်ပွတ်ပေးလိုက်သည်။ ခွေးပေါက်လေးလို အသာအယာငြိမ်ခံနေမည့်သူမဟုတ်တာကြောင့် ဆူဘင်းလက်ဆီကနေ ရုန်းထွက်သွားပြီး ဘောမ်ဂယူက နှာခေါင်းရှုံ့ပြသည်။ ဆူဘင်းက မျက်ခုံးပင့်ရင်း ပုခုံးတွန့်​ပြတော့ ဘောမ်ဂယူက မနေနိုင်ဘဲ တစ်သောသော ရယ်လေသည်။
ဒီမြင်ကွင်းက တစ်စုံတစ်ယောက်အတွက်တော့ ကြည့်လိုကောင်းနေမှာ မဟုတ်ပေ။

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now