2.

287 26 5
                                    


2.စီအီးအိုရဲ့ရည်းစားဟောင်း

နေ့လည်ခင်း ထမင်းစားနားချိန်ဖြစ်သော်ငြား စာကြည့်တိုက်ထဲတွင်မူ ကျောင်းသားတစ်ချို့တစ်လေ ရှိနေသည်။ပြတင်းတံခါးထပ်ခိုးဆီက ခိုညည်းသံများနှင့် တီးတိုးစကားပြောသံများသည် ပူပြင်းသောနေ့လည်ခင်းကို ပို၍ပင် ပျင်းရိဖွယ်ကောင်းစေသည်။

မြင့်မားသော စာအုပ်စင်များရှိရာ ထောင့်ချိုးတစ်ခုတွင် ဟျူနင်းခါအီတစ်ယောက် မလှုပ်မယှက် ထိုင်နေမိသည်။အကြောင်းမှာ စာအုပ်ရှာဖို့အတွက် ရောက်လာခဲ့သော်ငြား စာအုပ်စင်အပေါ်ဆုံးအဆင့်မှာ အသိုက်ဆောက်နေသော ခိုတစ်ကောင်ကို မြင်လိုက်ရတာကြောင့်ဖြစ်သည်။ လူအလာနည်းသောနေရာ ထောင့်ချိုးပေမို့ မီးခိုးပြာရောင်အရောင်အဆင်းရှိသော ထိုခိုက ကောက်ရိုးမျှင်သဏ္ဍာန်ရိုးတံအခြောက်လေးများကို နှုတ်သီးနှင့် ဟိုသည်ရွှေ့ရင်း အသိုက်ပေါ်တွင် နေရာချနေသည်။အရင်နေ့တွေကမူ ထိုအသိုက်ကလေးကပဲ သေးငယ်နေ၍လား၊ သူသတိမထားမိခဲ့။

အလုပ်ရှုပ်နေလေသော ထိုအကောင်ငယ်လေးကို နှောင့်ယှက်မိမှာစိုးသည့်အတွက် ဟျူနင်းသည် စာအုပ်ရှာခြင်းအမှုကို ရပ်နားလိုက်ပြီး နေရာမှာတင် တိတ်တိတ်လေး ထိုင်နေမိသည်။
ခိုငယ်လေးသည်ကား သူရှိနေသည်ကို သတိမထားမိဘဲ တကုပ်ကုပ်နှင့် အလုပ်များနေဆဲ။

"ဟျူးခါ ထပ်ပြီးတော့ ဒီနေရာမှာပဲလား"

အိုး သွားပြီ...

အလိုမကျခြင်းတို့ကို ဖုံးဖိထားသည့်အလား အသံတစ်ခုနှင့်အတူ ဆိတ်ငြိမ်နေသောပတ်ဝန်းကျင်သည် အဖြိုခွဲခံလိုက်ရသည်။အသိုက်ဆောက်နေသော ခိုငယ်လေးသည်လဲ မျက်လုံးအပြူးသားနှင့် ဟိုဟိုဒီဒီခေါင်းလှည့်ကြည့်ပြီးနောက် တောင်ပံတစ်ဖျတ်ဖျတ်ခတ်၍ ပျံပြေးသွားလေတော့သည်။

ဟမ်း...

"ဟျူးခါ ဘာလို့ နေ့လည်စားမစားပြန်တာလဲ"

ထိုသူကား ချွဲဆူဘင်း။ကျောင်းရဲ့နာမည်ကြီး မင်းသားလေး။တစ်နည်းအားဖြင့် ရုတ်တရက်ကြီး ဟျူနင်းကို သဘောကျပါတယ်ဆိုပြီး တောက်လျှောက်လိုက်နေတဲ့သူ။

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now