5.

287 29 4
                                    

5.ပြိုင်ဘက်

ဟျူနင်းခါအီတွင် မီယာနှင့်လီယာဆိုသော အစ်မနှစ်ယောက်နှင့် အယ်ရီဆိုသော ညီမလေးတစ်ယောက်ရှိသည်။ ဟျူနင်းတို့မိသားစုတွင် အဖေပြီးလျှင် ဟျူနင်းသည် တစ်ဦးတည်းသော ယောက်ျားလေးဖြစ်သည်။သူတို့မောင်နှမတွေက အမေမရှိတော့တဲ့ ဖတဆိုးသားသမီးများဖြစ်ကြသည်။

ဟျူနင်းတို့ဖေဖေက ဆိုးလ်နဲ့ မနီးမဝေးက ကျေးလက်ဒေသတွေကို ကုန်သွယ်ကူးသန်း၍ စီးပွားရေးလုပ်သည်။ တစ်သက်လုံး နေပူမိုးရွာမရှောင်ပဲ ဟျူနင်းတို့မောင်နှမတွေကို ရှာဖွေကျွေးမွေး၍ ကျောင်းထားပေးသည်။ အသက်ကြီးလာတဲ့ဖေဖေက ကျန်းမာရေးချူချာသည်။

အဲ့ဒီနှစ်က လွန်ခဲ့သော လေးနှစ်က...။ နဂိုကျန်းမာရေးချို့တဲ့မှုကြောင့် ဖေဖေက အိပ်ရာထဲလဲခဲ့သည်။ အပိုဝင်ငွေမရှိသော ဟျူနင်းတို့အတွက် ဖေဖေ့ဆေးရုံးစရိတ်သည် မလွယ်ကူလှပေ။ ထိုအချိန်က အစ်မအကြီးဆုံးမီယာက သူတို့မိသားစုအတွက် ရှေ့ကဦးဆောင်ပေးခဲ့သည်။ အဲ့ဒီတုန်းက အစ်မလတ် လီယာက သင်တန်းတွေတက်ရင်း အလုပ်ရှာနေတုန်းဖြစ်ပြီး အငယ်ဆုံးလေး အယ်ရီက အထက်တန်းပဲရှိသေးသည်။ ဟျူနင်းက ကောလိပ်ပထမနှစ်ကျောင်းသားတစ်ယောက်...။ အချစ်ဆိုတာကို စတင်မြည်းစမ်းခဲ့ပြီး ဆူဘင်းကို တမ်းတမ်းစွဲဖြစ်နေတဲ့သူ။ဆူဘင်းဆီက ရုတ်တရက် အဆက်ဖြတ်ခံလိုက်ရတာကြောင့် နှလုံးသားဝေဒနာပူမိနေတဲ့အချိန်။

ဖေဖေ့ရဲ့ တစ်နေ့တစ်နေ့ ဆေးရုံစရိတ်အတွက် အလွမ်းဝေဒနာသည် ဟျူနင်းဘဝကနေ ညလုံးပေါက် အချိန်ပိုင်းအလုပ်သမားလေး ဟျူနင်းဖြစ်သွားသည်။ ကံကောင်းထောက်မ၍ ဖေဖေ့ရဲ့ ငယ်သူငယ်ချင်းမိတ်ဆွေတစ်ဦးက သတင်းကြား၍ သူတို့ကို ကူညီခဲ့သော်ငြား တစ်လနီးပါးကြာပြီးနောက်မှာ ဖေဖေက ဆုံးပါးသွားခဲ့သည်။

ဖေဖေမရှိတော့တဲ့နောက်မှာ အိမ်ရှိတစ်ဦးတည်းသော ယောက်ျားလေးဖြစ်သူ ဟျူနင်းက အိမ်ထောင်တာဝန်ကို လွှဲပြောင်းယူရန်ဖြစ်လာပြီး ညီအစ်မတွေကို စောင့်ရှောက်ပေးဖို့က သူ့တာဝန်ပင်။
ထို့ကြောင့် ကောလိပ်ဒုတိယနှစ်အစတွင်ပင် သူ ကျောင်းထွက်ခဲ့သည်။လပေါင်းများစွာ အချိန်ပိုင်းအလုပ်များစွာကို လုပ်ခဲ့ပြီး နောက်ဆုံးတွင်မှ ရေဒီယိုအသံလွှင့်ကုမ္ပဏီမှာ အလုပ်ရခဲ့ခြင်းဖြစ်သည်။ ယခုတွင်မူ မီယာက အိမ်ထောင်ရက်သားကျ၍ အမျိုးသားဖြစ်သူနှင့်အတူနေသည်။လီယာက ပြည်ပက ဖက်ရှင်လုပ်ငန်းတစ်ခုမှာ အလုပ်ဝင်နေပြီး အယ်ရီက တက္ကသိုလ်ပထမနှစ်တက်နေသည်။အယ်ရီကလဲ အဆောင်နေတာကြောင့် အိမ်တွင်ဟျူနင်းတစ်ယောက်တည်းသာ ကျန်နေခဲ့သည်။ အနည်းဆုံးတော့ လိုအပ်နေတဲ့အချိန်မှာ မိသားစုအပေါ် တာဝန်ကျေနိုင်ခဲ့၍ သူ ကျေနပ်ပါသည်။

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now