9.

263 29 8
                                    

9.မွေးစားညီလေး

နောက်တစ်နေ့မနက်တွင် အနုပညာရှင်တို့၏ သတင်းပေါင်းစုံကို တစ်စိတ်တစ်အိတ်လုပ် တင်ကြသော အတင်းအဖျင်းမီဒီယာများထံ၌ နာမည်ကျော်မော်ဒယ်လီလီရဲ့ အကြောင်းက ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေသည်။

ဧည့်ခံပွဲတစ်ခုကို ချစ်သူဖြစ်သူနဲ့အတူတက်ရောက်လာတဲ့ မော်ဒယ်လီလီ။ နိုင်ငံကျော်မော်ဒယ်လီလီရဲ့ ချစ်သူမှာ ကိုရီးယားရဲ့အချမ်းသာဆုံး လုပ်ငန်းရှင်များထဲကတစ်ယောက်ဖြစ်။

အမျိုးမျိုးအဖုံဖုံသော သတင်းများထဲက အမှန်နှင့်အနီးစပ်ဆုံးသည်ကား ဘယ်ကဘယ်လိုအစပေါ်သွားမှန်းမသိရသော ချွဲဂရု၏ အမွေဆက်ခံသူနှင့် မော်ဒယ်လီလီတို့၏ စေ့စပ်ပွဲသတင်းဖြစ်သည်။ သတင်းများက မတန်မဆဖောင်းပွနေသော်ငြား ရုပ်ပုံအားဖြင့် လီလီတစ်ယောက်တည်းရဲ့ ပုံတွေသာ အသုံးပြုထားတာကြောင့် ဆူဘင်းရယ်လို့ မသိကြပါချေ။ သို့သော်ငြား လုပ်ငန်းရှင်အသိုင်းအဝိုင်းနှင့် MagicStarကုမ္ပဏီထဲတွင်တော့ ချွဲဆူဘင်းကို လူပြောများနေသည်မှာ အသိအသာပင်။

ဟျူနင်းကတော့ သူနဲ့ဆူဘင်းအကြောင်းကို သိတဲ့သူတစ်ယောက်ပိုတိုးသွားသည်မှလွဲ၍ ထွေထွေထူးထူး မခံစားရပါတော့ချေ။ သို့ပေမယ့် လီလီကိုတော့ အားနာရပါသည်။ ကိုယ်ချစ်တဲ့သူက အခြားတစ်ယောက်နဲ့ ဖက်လှဲတကင်းဖြစ်နေသည့် မြင်ကွင်းမျိုးကို ဟျူနင်းဆိုလဲ ခံစားနိုင်မည်မဟုတ်ပါ။ပို​ပြီး ဆိုးတာက လီလီက စိတ်ဆိုး၍ ထွက်သွားသည်ကို ဆူဘင်းက အနောက်ကလိုက်သွားမယ့်အစား ဟျူနင်းနဲ့အတူ ကျန်နေခဲ့ခြင်းပင်။အဲ့လိုမဟုတ်လျှင်လဲ ခံစားရမယ့်သူက လီလီမဟုတ်ဘဲ ဟျူနင်းဖြစ်နေလိမ့်မည်။ဆိုတော့လဲ ခက်ပေသည်။ ဖြစ်သမျှကိုသာ လက်ခံရရုံရှိတော့သည်။

အပြည်ပြည်ဆိုင်ရာလေဆိပ်ထဲတွင်မူ ​ပြည်ပမှလေယာဥ်တစ်စီး ဆိုက်ကပ်လာပြီး ဖြစ်တာကြောင့် ခရီးသည်အဝင်အထွက်များ ရှုပ်ယှက်ခတ်နေသည်။ ပျားပန်းခတ်နေသောလူအများကြားတွင် ကျောပိုးအိတ်ပျော့တစ်လုံးကို ဘေးတစ်စောင်းလွယ်ထားသော ကန်ထယ်ဟျွန်းနှင့် သူ့ဘေးတွင် အတူရပ်နေသော ဟျူနင်းလဲ ရှိနေသည်။ဟျူနင်းက သူ့ထုံးစံ ခပ်ပုံ့ပုံ့ မျက်နှာပေးလေးနဲ့ရှိနေပေမယ့် အရှေ့က ထယ်ဟျွန်းက သဘောကျသော အပြုံးတစ်ခုနှင့် ဟျူနင်းကို ကြည့်နေသည်။ ထိုအပြုံးထဲတွင် ပွေ့ထိန်းမထားနိုင်၍ လျှံကျလာသော ချစ်မြတ်နိုးမှု အရိပ်အငွေ့များလဲ ယှက်သိုင်းနေသည်။

Can Hue Be My Darling Again >3 | SookaiWhere stories live. Discover now