✨Unexpected Love from Paris✨Pt.03

605 20 8
                                    

ရာသီတွေအလီလီပြောင်းလဲပြီး အချိန်တွေကလည်း တရွေ့ရွေ့ကုန်ဆုံးလာခဲ့တာ..အခုဆို ထက်ဖုန်းနဲ့ နန္ဒာသက်လျာတို့ရဲ့ သမီးလေးဟာလည်း...အသက်ငါးနှစ်တောင်ပြည့်ပြီးသွားပြီ....

သမီးလေးကိုမွေးတဲ့အချိန်တုန်းက...တောင်ကြီးမြို့မှာ ဆောင်းရာသီလည်းဖြစ်....

သူတို့ရဲ့ အိမ်ရှေ့က ချယ်ရီပင်ကြီးကလည်း...ဝေဝေဆာဆာပွင့်နေတဲ့အချိန်ဆိုတော့.....

သူတို့ရဲ့သမီးလေးကို....မေရွှန်းချယ်ရီ....ဆိုပြီးနံမည်ပေးခဲ့ကြတယ်....

အရင်တည်းကလည်း..မေရွှန်းလေးရဲ့ အမေက သမီးလေးမွေးလာခဲ့ရင် ပန်းနာမည်တစ်ခုခုပါအောင်ပေးမယ်လို့စိတ်ကူးထားသည်လည်းပါတာပေါ့....

................................

သင်္ကြန်မရောက်ခင် တစ်ပါတ်အလို......

နွေရာသီရဲ့ အပူရှိန်ကလည်း နေ့လည်ခင်းအချိန်တွေဆို အရမ်းပူကောင်းတဲ့ အချိန်.....

ကလေးမလေးတစ်ယောက်က အိမ်ရှေ့ချယ်ရီပင်ကြီးရဲ့ အရိပ်အောက်မှာ တစ်ယောက်တည်း ထိုင်ပြီး အရုပ်လေးတွေနဲ့ ကစားနေလေရဲ့...........

သူမလေးကရှမ်းပြည်မှာမွေးတယ်ဆိုပေမယ့်...အဖေဖြစ်သူနဲ့တူတော့...အသားညိုညိုဝင်းဝင်းလေးနဲ့..ညိုချောလေး

မျက်နှာလေးကြတော့ အမေဖြစ်သူနဲ့တူတော့...မျက်လုံးဝိုင်းဝိုင်းလေးရယ်....

ပြုံးလိုက်ရင် ပါးမို့နားထိ ကော့တက်သွားတဲ့ နှုတ်ခမ်းလှလှလေးတွေရယ်.....

မြင်တဲ့သူတိုင်း သတိထားမိလောက်အောင်..ကော့ညွှတ်ပြီး..ရှည်လျားနေတဲ့...မျက်တောင်နက်တွေရယ်..

မျက်လုံးချင်းဆုံကြည့်လိုက်တိုင်း...လွင့်မျောသွားသလိုခံစားရမယ့်...

မျက်ဝန်းညိုတွေရယ်ကလည်း...ရှိနေပြန်တယ်.....

.................................

ထိုစဉ်အိမ်အပေါ်ထပ်မှ ထွက်လာသူက သူမလေး၏ အမေ

အိမ်ထောင်သက်တမ်း အတော်ကြာမှ ကြိုးစားပြီးရခဲ့သည့် ကလေးမို့ တစ်မိသားစုလုံးက အရမ်းအချစ်ပိုကာ အရမ်းလည်း ဂရုစိုက်သည်

✨ Unexpected Love from Paris ✨Where stories live. Discover now