✨Unexpected Love from Paris✨Pt.11

372 13 0
                                    

ခရစ်စမတ်အကြိုနေ့၏ မနက်ခင်းကတော့ နှင်းမှုန်လေးများနှင့်ဝေဆာလျက်

ပုံမှန်ဆို ခရစ်စမတ်နေ့မတိုင်ခင်တစ်ပါတ်အလိုတည်းက နှင်းတွေက သွားလို့လာလို့မရအောင်ကျမေယ့် ဒီနှစ်ကတော့ ခရစ်စမတ်အကြိုနေ့ရောက်မှ များများစားစားကျသည်

မနေ့ညတည်းက ပင်ပန်းပြီး အစောကြီး အိပ်ပျော်သွားသည်မို့ မနက်နိုးလာသည်နှင့် Raphael တစ်ယောက် ပုံမှန်မတူပဲ လန်းဆန်းနေလေသည်

အရင်လတွေတုန်းက ညဘက်တွေဆို အိပ်ရေးကလည်းပျက် နောက်ပြီးမနက်ကျတော့လည်း အစောကြီး ထရသည်မို့ နိုးလာသည့်ရက်တွေတိုင်း ခေါင်းမကြည်

ခုတင်ပေါ်မှထထိုင်ပြီး အကြောဆန့်ပြီးသည်နှင့် ပြူတင်းပေါက်ဆီသို့သွားကာ လိုက်ကာအားဖွင့်လိုက်သည်

Marseille မှာနေသည့်အချိန်တုန်းကတော့ အမြဲ အလုပ်တွေနဲ့ပဲ ပိနေသည့်အတွက် ပတ်ဝန်းကျင်ကိုတောင် တော်ယုံတန်ယုံသတိမထားမိ

ဘာရယ်ကြောင့်မှန်းမသိ ဒီဇင်ဘာလရဲ့ ပထမဆုံးနှင်းမှုန်လေးတွေက ဒီနေ့ကျမှ ပိုလို့တောင်လှနေသလို

ပြန်စဉ်းစားကြည့်တော့မှ သူနှင်းတွေကို သေချာမကြည့်မိတာတောင်ကြာနေပြီလေ ငယ်ငယ်က Trauma တွေဖြစ်ပြီးတည်းကဆိုပါတော့

အပြင်ဘက်ကိုကြည့်နေရင်းနဲ့မှ အိမ်ရာရဲ့ အလယ်ပန်းခြံထဲမှာ နှင်းတွေနဲ့ ကစားနေကြတဲ့ ကလေးလေးနှစ်ယောက်

တစ်ယောက်ကတော့ အနီရဲရဲ အနွေးထည်လေးကိုဝတ်ထားပြီး နောက်တစ်ယောက်ကတော့ အညိုရင့်ရောင် ဂျာကင်ကို ဝတ်ထားသည်

ကြည့်ရတာတော့ အနီလေးနဲ့ တစ်ယောက်က မိန်းကလေးဖြစ်ပြီး နောက်တစ်ယောက်က ယောကျာ်းလေးဖြစ်မည့်ပုံပင်

ထိုကလေးနှစ်ယောက်ကတော့ နှင်းဘောလုံးလေးတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ပစ်ရင်းကစားနေကြလေရဲ့

Raphael လည်း ထိုကလေးနှစ်ယောက်ကိုကြည့်ရင်းနဲ့ပင် ပြုံးမှန်းမသိ ပြုံးမိလိုက်သည်

ကလေးတွေများအပြစ်ကင်းလိုက်ကြတာ

ကလေးနှစ်ယောက်ကစားနေရင်းနှင့်ပင် အညိုနဲ့ကောင်လေးပစ်လိုက်တဲ့ နှင်းလုံးက ကောင်မလေးမျက်နှာကိုမှ ထိမှန်သွားသည်

✨ Unexpected Love from Paris ✨Where stories live. Discover now