July လရဲ့ ဒုတိယအပါတ်....
မနက်အစောပိုင်း နေရောင်မလာခင်တည်းက အုံ့သယောင်ရှိနေတဲ့မိုးကောင်းကင်....
မနက်ပိုင်းနေရောင်လာပြီးနေထွက်ရမယ့် အချိန်ရောက်နေတာတောင်မှ မိုးကမရွာသေးဘဲ တိမ်ညိုတွေဝေ့ပြီးသည်းကြီးမည်းကြီး ရွာတော့မည့်အသွင်ဆောင်နေလေရဲ့
ထိုစဉ် စက်ဘီးလေးတစ်စီးကို အသည်းအသန်နင်းရင်း လမ်းမထက်မှာ စီးလာသောမိန်းကလေးတစ်ဦး...
ဆယ်ကျော်သက်အရွယ်ကောင်မလေးဆိုပေမယ့် သူမရဲ့မျက်ဝန်းတွေထဲမှာ တစ်စုံတစ်ခုကို စိုးရိမ်နေဟန်......
သူမနင်းလာသော စက်ဘီးက ကျောင်းဝန်းအရှေ့က ဂိတ်တံခါးကြီး အရှေ့ကိုရောက်သွားသည့် အချိန်တုန့်ခနဲရပ်သွားလေသည်.....
စက်ဘီးကိုဒေါက်အမြန်ထောက်လိုက်ပြီး..ပါးစပ်ကလည်း သူမရသောဘုရားစာအချို့ကို တတွတ်တွတ်ရွတ်နေလေရဲ့....
ဒီနေ့က သူမဖြေထားတဲ့တက္ကသိုလ်ဝင်တန်းစာမေးပွဲကြီးရဲ့ ရလဒ်တွေထွက်လာမယ့် နေ့ဆိုလည်းမမှား....
အမှန်ဆိုညတည်းက လာကြည့်လို့ရတယ်ဆိုပေမယ့် သူမကိုယ်တိုင်ကကြောက်နေတာရယ် ညဘက်ကြီးလူအုပ်ထဲကိုတိုးဝှေ့ပြီးကြည့်ရမှာရယ်ကို မကြိုက်တာရယ်ကြောင့် မနက်မိုးစင်စင်လင်းတော့မှလာကြည့်ချင်းပင်......
သူမကျောင်းဝန်းထဲကို ဝင်မလို့ရှိသေး သူမရပ်ထားတဲ့ စက်ဘီးနားကို ကောက်ခါငင်ခါရပ်ချလာသော ဆိုင်ကယ်တစ်စီးကြောင့် သူမမဝင်သေးဘဲ ရပ်ပြီးကြည့်နေလိုက်သည်....
ဆိုင်ကယ်ပေါ်ကထိုသူက သူမလိုဘဲ စာမေးပွဲအောင်စာရင်းကိုလာကြည့်သည်လားမသဲကွဲ....
ထိုသူကဆိုင်ကယ်စီးဦးထုပ်ကို ချွတ်လိုက်တော့မှ သူမနှင့်တစ်ခန်းထဲအတူတူတက်ခဲ့သော တစ်နည်းအားဖြင့် သူမတို့ အတန်းရဲ့ အတန်းခေါင်းဆောင်ဖြစ်ခဲ့တဲ့ ရဲရင့်မာန်.....
ရဲရင့်မာန်ကလည်း ဆိုင်ကယ်ပေါ်ကနေမဆင်းသေးဘဲ သူမကိုပြုံးပြလိုက်ရင်း.....
မေရွှန်းက အခုမှအောင်စာရင်းလာကြည့်တာလား...
သူမလည်း ရုတ်တရက်စိတ်ထဲမှာ ပျော်သွားသလိုခံစားလိုက်ရပြီး
YOU ARE READING
✨ Unexpected Love from Paris ✨
Romanceနိုင်ငံချင်းရော....လူမျိုးချင်းရော....ဘာသာစကားရော....ယုတ်စွအဆုံး....ကိုးကွယ်မှုရောပါ လုံးဝကို မတူညီတဲ့...ကောင်လေးနဲ့.....ကောင်မလေးတို့..နှစ်ဦး..... မိမိနေထိုင်ရာ..မိခင်နိုင်ငံကို..ခနတာ..စွန့်ခွာပြီး...ဦးလေးဖြစ်သူရှိတဲ့...ပြင်သစ်နိုင်ငံ Paris..မြို့က...