သာသာ ဒီကို အကြာကြီးမှပြန်လာမိလို့တောင်းပန်ပါတယ်နော်..
ကြားထဲမှာက သာသာ့ရဲ့ ကျောင်းကိစ္စလေးတွေရယ် Writer Block ဖြစ်သွားတာလေးတွေကြောင့် ကြာသွားတာပါနော်....
အခုအပိုင်းလေးကိုလည်း ရှေ့အပိုင်းလေးတွေတုန်းကလိုပဲ အားပေးကြပါဦး...
Yours Gordon....
...........................................
အခုလိုမျိုး ကျွန်တော့်ရဲ့လုပ်ငန်းနဲ့ အကျိုးတူပူးပေါင်းပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်ဗျာ...
နောက်လည်း ကျွန်တော်တို့လက်တွဲသွားကြတာပေါ့......
Raphael ပြောလိုက်သည်အား တစ်ဘက်လူမှကျေနပ်သွားသည့်ဟန်ဖြင့်
မဟုတ်တာဗျာ ကျွန်တော်တို့ ဖြန့်ဖြူးရေးလုပ်ငန်းစုနဲ့လက်တွဲပေးတဲ့အတွက် Mr.Raphael ကိုကျေးဇူးတင်ရမှာပါဗျာ..
ဒါနဲ့ တစ်ခြား လုပ်ငန်းစုတွေလည်း အများကြီးရှိရဲ့သားနဲ့ကို ကျွန်တော်တို့လုပ်ငန်းစုနဲ့ ဘာလို့လက်တွဲဖြစ်လဲဆိုတာလေးကို မေးလို့ရမလားဗျ....
Raphael မှ ထိုသူမေးလိုက်သည့်မေးခွန်းကို ချက်ခြင်းပြန်မဖြေသေးဘဲ ရှေ့တွင်ချထားသော ဝိုင်ခွက်ထဲမှ ဝိုင် အချို့ကို အရင်သောက်သောက်လိုက်ပြီးမှ
အင်း...ဘာလို့လည်းဆိုတော့ ကျွန်တော့ရဲ့ အကျင့်ကြောင့်လို့ဘဲ ပြောရမှာပေါ့....
ကျွန်တော်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် နောက်ပြီး ဒီလောကထဲမှာဆိုရင် အသက်ကလည်း အရမ်းငယ်တော့ တစ်ချို့လူတွေက ကျော်ချင်ခွချင်ကြတာမျိုးရှိတယ်...
ပြီးတော့လည်း ကျွန်တော့ကို အသက်ငယ်တယ်ဆိုပြီး လျော့တွက်ကြတဲ့သူတွေအများကြီးဘဲ....
သူတို့ကိုယ်တိုင်ကလည်း ကျွန်တော့ကို အဖေ့အမွေဆက်ခံထားပြီး ဘာမှမသိနားမလည်တဲ့ သူလို့ထင်နေကြတာ...
နောက်ပြီး ကျွန်တော်နဲ့ စီးပွားရေးပါတနာလာလုပ်ကြတဲ့သူတွေထဲမှာ တစ်ချို့က ကျွန်တော့နဲ့ အတူတူတွဲလုပ်ပြီး သူတို့ အတွက်ပါ အကျိုးအမြတ်ကို လိုချင်ကြတယ်
YOU ARE READING
✨ Unexpected Love from Paris ✨
Romanceနိုင်ငံချင်းရော....လူမျိုးချင်းရော....ဘာသာစကားရော....ယုတ်စွအဆုံး....ကိုးကွယ်မှုရောပါ လုံးဝကို မတူညီတဲ့...ကောင်လေးနဲ့.....ကောင်မလေးတို့..နှစ်ဦး..... မိမိနေထိုင်ရာ..မိခင်နိုင်ငံကို..ခနတာ..စွန့်ခွာပြီး...ဦးလေးဖြစ်သူရှိတဲ့...ပြင်သစ်နိုင်ငံ Paris..မြို့က...