မေရွှန်းလည်း ထမင်းစားဖို့ ထမင်းစားခန်းကို အသွား အိမ်တံခါးဝမှ ဘဲလ် သံကြောင့် ဧည့်သည်များလာတာလားဟု တွေးလိုက်ရင်း တံခါးဖွင့်ရန် လာခဲ့လိုက်တော့သည်
ကျွီ......
တံခါးဖွင့်ဖွင့်လိုက်ချင်းတွေ့လိုက်ရသည်က သူမနှင့် အသက်ရွယ်တူလောက်ဘဲရှိအုံးမည့် ကောင်လေးတစ်ယောက်
သူမကိုတွေ့တော့ ပြုံးပြလိုက်ကာ
ဟဲလို....ညီမလေးရေ....အိမ်မှာလူကြီးတွေရှိလား....
ဪ....ဟုတ်..အန်တီတို့က ထမင်းစားခန်းထဲမှာ....ခေါ်ပေးရမလားဟင်.....
ဟုတ်လား...ရပါတယ်......အကိုက ဒီနေ့မှ ညီမလေးတို့ မျက်နှာချင်းဆိုင်အိမ်ကိုပြောင်းလာတာလေ...
အဲ့တာနဲ့....အိမ်နီးနားချင်းတွေနဲ့လည်း ပိုပြီးရင်းနှီးသွားအောင်လို့ဆိုပြီး...မုန့်လေးတွေလိုက်ပေးတာပါ......
အိမ်သစ်ကိုပြောင်းလာတဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့.....ဟဲဟဲ.....
ထိုကောင်လေးကသူ့ကိုသူ အကိုတဲ့လား
ပြီးတော့လည်း တော်တော်လေးကိုကြည့်လို့ကောင်းတာတော့ ဝန်ခံရမယ်
အရပ်ကလည်း သူမနှင့်ယှဉ်လိုက်ရင်တော်တော်ရှည်သည်
နောက်ပြီး ပြုံးလိုက်ရင်လည်း ပါးချိုင့်လေးတွေက ခွက်ပြီးဝင်သွားသေးတာ
ဆံပင်လေးကလည်း dirty blonde လေး
ငါတော့ ကံဇာတာတွေတော်တော်တက်နေပြီနဲ့တူတယ် ဟိဟိ
သူမလည်း ထိုကဲ့သို့တွေးရင်းပြုံးလိုက်ကာ
ဟုတ်..အခုလိုမုန့်လာပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်နော်...
မျက်နှာချင်းဆိုင်ဆိုတော့ နောက်ပိုင်းအကူအညီလိုရင်လည်း ပြောပါနော်....
ထိုကောင်လေးကလည်း သူမမျက်နှာနားသို့ ပိုပြီးတိုးကပ်လိုက်ကာ
ဒါဆိုရင် နောက်အကူအညီလိုတိုင်း ညီမဆီကိုဘဲလာခဲ့မှာနော်...အဟင်း...
အကို့ကိုကူညီမယ်မလား.....
အော်...ဟုတ်...ဟုတ်ကဲ့......
YOU ARE READING
✨ Unexpected Love from Paris ✨
Romanceနိုင်ငံချင်းရော....လူမျိုးချင်းရော....ဘာသာစကားရော....ယုတ်စွအဆုံး....ကိုးကွယ်မှုရောပါ လုံးဝကို မတူညီတဲ့...ကောင်လေးနဲ့.....ကောင်မလေးတို့..နှစ်ဦး..... မိမိနေထိုင်ရာ..မိခင်နိုင်ငံကို..ခနတာ..စွန့်ခွာပြီး...ဦးလေးဖြစ်သူရှိတဲ့...ပြင်သစ်နိုင်ငံ Paris..မြို့က...