သမီးရေ.....သမီး.....
အခန်းထဲမှာရှိလား..သမီး.....ရှိရင်အောက်ကိုခနဆင်းခဲ့ပါဦး.....
မေရွှန်းတစ်ယောက် အခန်းထဲမှာ ထမင်းစားပြီးတည်းကအခန်းထဲမှာလှဲနေတာ..အခုလည်းနားကြပ်တပ်ပြီး သီချင်းနားထောင်နေရင်း သူမအမေရဲ့ခေါ်သံကြားသည့်အတွက် အောက်ထပ်သို့ဆင်းလာချင်းပင်.....
အိမ်အောက်ထပ်ကလှေကားရင်းကိုရောက်တော့....
ဟုတ် မေကြီး..ဘာပြောဖို့လည်းဟင်....
အေးဟုတ်တယ်သမီး...အိမ်ရှေ့ခန်းကိုလာခဲ့ပါဦး....မေကြီးတို့ပြောစရာရှိလို့....
ဟုတ်ဟုတ်.....ဆိုပြီး သူမလည်းယောင်လည်လည်လေးနဲ့ အိမ်ရှေ့ခန်းကိုလိုက်သွားခဲ့လိုက်သည်....
ဧည့်ခန်းထဲသို့ရောက်ရောက်ချင်းတွေ့လိုက်ရသည်က သူမ၏ အဖေ...
သတင်းစာတစ်စောင်ကို လက်ထဲကိုင်ထားပြီး ထိုင်နေရင်းကနေ သူမကို လာထိုင်ဦးဆိုသည့် အမူအရာဖြင့် မျက်နှာချင်းဆိုင်ကထိုင်ခုံနေရာသို့ မေးငေါ့ပြလိုက်သည်...
သူမလည်း ထိုင်ခုံမှာဝင်ထိုင်လိုက်ရင်းက.....
ဖေကြီးတို့ သမီးကိုပြောစရာရှိတယ်ဆိုလို့....
သူမအဖေလည်း လက်ထဲမှကိုင်ထားသော သတင်းစာကို စားပွဲခုံပေါ်ကိုတင်လိုက်ရင်းနှင့်မှ....
အေး..ဟုတ်တယ်သမီး....
သမီးရဲ့ ဦးလေး အဖေ့ရဲ့ ညီ ပြင်သစ်မှာနေတဲ့ ဆက်ဖုန်းကိုသိတယ်မလား...
သူမလည်း ခေါင်းလေးကိုညိမ့်ပြလိုက်ရင်း...
ဟုတ်ဖေကြီး သမီးသိတယ်လေ...ဦးလေး ဆက်ဖုန်းပိုင်ကိုပြောတာမလား...ပြင်သစ်က အန်တီနဲ့ မင်္ဂလာဆောင်သွားတာလေ.....
အေးဟုတ်တယ်သမီး....
သူလည်းကျောင်းပြီးတည်းက ပြင်သစ်ကိုထွက်သွားတာ အခုတော့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်နေတယ်ဆိုလားဘဲ....
ဟုတ်အဲ့တာဘာဖြစ်လို့လဲဖေကြီး..ဦးလေးတစ်ခုခုဖြစ်လို့လား.....
YOU ARE READING
✨ Unexpected Love from Paris ✨
Romansaနိုင်ငံချင်းရော....လူမျိုးချင်းရော....ဘာသာစကားရော....ယုတ်စွအဆုံး....ကိုးကွယ်မှုရောပါ လုံးဝကို မတူညီတဲ့...ကောင်လေးနဲ့.....ကောင်မလေးတို့..နှစ်ဦး..... မိမိနေထိုင်ရာ..မိခင်နိုင်ငံကို..ခနတာ..စွန့်ခွာပြီး...ဦးလေးဖြစ်သူရှိတဲ့...ပြင်သစ်နိုင်ငံ Paris..မြို့က...