အ.....ကျွတ်ကျွတ်...ခေါင်းကိုက်လိုက်တာကွာ.....
ခေါင်းထဲမှ စစ်ခနဲ ကိုက်ခဲမှုနှင့်အတူနိုးထလာသော ရဲရင့်
မနေ့ညက သူသောက်လိုက်သော အရက်ကဘယ်လောက်တောင်ပြင်းသည်မသိ တစ်ခွက်တည်းသောက်လိုက်တာတောင် အရမ်းမူးသည့်အပြင် အခုနိုးလာတော့ ခံစားရသည့် အရက်နာကျသော ဝေဒနာကလည်း တော်တော်ဆိုးလှသည်
အရက်ရှိန်ကြောင့် ခေါင်းကိုက်နေသည်ကို ခနဘေးဖယ်ထားလိုက်ပြီး ကျိန်းစပ်နေသော မျက်လုံးတို့ကို မရမကဖွင့်ကာ အိပ်ရာပေါ်မှ အားယူပြီး ထလိုက်သည်
ပြူတင်းပေါက်မှ လိုက်ကာစများကို အလင်းရောင်မဝင်အောင်ပိတ်ထားသည့်တိုင်အောင် အခန်းဘေးနံရံမှ ခပ်မှိန်မှိန်ကလေးဖွင့်ထားသော ညအိပ်မီးလေး၏ အလင်းရောင်စူးရှမှုကိုတောင် သူမခံစားနိုင်
သို့သော်လည်း မျက်လုံးကို လက်ဖြင့်တစ်ချက်ပွတ်လိုက်ပြီး ခုတင်ဘေးတွင်တင်ထားသော ဖုန်းကိုယူကာ အချိန်ကိုကြည့်လိုက်သည်
မနက်ဆယ်နာရီတောင်ထိုးတော့မှာပါလား ဟုရေရွတ်လိုက်ရင်း မျက်နှာသစ် သွားတိုက်ရန် ရေချိုးခန်းဆီသို့ ဦးတည်လိုက်သည်
သွားတိုက်မျက်နှာသစ်လိုက်ရင်း တစ်ခါတည်းလန်းဆန်းသွားအောင် ရေပါချိုးလိုက်မည်ဟုဆုံးဖြတ်လိုက်သည်။ မနေ့ညကသောက်ထားသည့် အရှိန်ကြောင့်တစ်ကိုယ်လုံးလည်းနုံးခွေနေသည့် အပြင် အနံ့ကလည်း ချဉ်စုတ်စုတ်အနံ့ဖြစ်နေသည်မို့ ရေပါတစ်ခါတည်းချိုးရန် ဆုံးဖြတ်လိုက်ချင်းသာ
ငါးမိနစ်လောက်ကြာအောင် ရေနွေးနွေးလေးနဲ့ ရေချိုးပြီးသွားတော့ မူးဝေပြီး နုံးချည့်နေသော ခံစားမှုတို့က နည်းနည်းတော့ သက်သာသွားသား
မနေ့ညက ဝတ်ခဲ့တဲ့ အဝတ်အစားတွေကို ပြန်နမ်းကြည့်လိုက်တော့ ချဉ်စုတ်စုတ်အနံ့လေး အနည်းငယ်စွဲနေယုံ အပြင် အန်ထားသည့် ပုံစံမျိုးတော့မတွေ့ရ
သူလည်း ရေမသုတ်ရသေးတော့ ခါးမှာ သဘက်အကြီးတစ်ခုကို ပါတ်လိုက်ရင်း ခေါင်းမှ ဆံပင်တွေကိုခြောက်အောင် သဘက်အသေးတစ်ခုကိုယူကာ သုတ်နေလိုက်သည်
YOU ARE READING
✨ Unexpected Love from Paris ✨
Romanceနိုင်ငံချင်းရော....လူမျိုးချင်းရော....ဘာသာစကားရော....ယုတ်စွအဆုံး....ကိုးကွယ်မှုရောပါ လုံးဝကို မတူညီတဲ့...ကောင်လေးနဲ့.....ကောင်မလေးတို့..နှစ်ဦး..... မိမိနေထိုင်ရာ..မိခင်နိုင်ငံကို..ခနတာ..စွန့်ခွာပြီး...ဦးလေးဖြစ်သူရှိတဲ့...ပြင်သစ်နိုင်ငံ Paris..မြို့က...