" ပျောက်သောသူရှာလျှင်တွေ့ သေသောသူကြာလျှင်မေ့ ဆိုသည့်စကားက တစ်ချို့သောသူများအတွက်တော့ မှန်ကောင်းမှန်နိုင်သော်လည်း Raphael အတွက်တော့ စကားပုံသက်သက်သာဖြစ်ပြီး မှန်နိုင်လိမ့်မည်မထင်
ရာသီတွေ အလီလီ ၊ နှစ်တွေ အလလကိုဖြတ်သန်းပြီးတာတောင် သူမကို လွမ်းတဲ့ စိတ်က အခုချိန်ထိ ဖျောက်မရသေး
ဘယ်တော့ပြန်ပြီး မဆုံစည်းနိုင်တဲ့တစ်ယောက်ကို လွမ်းနေရတာက သေဆုံးသွားတဲ့ သူတစ်ယောက်ကို လွမ်းနေရတာထက်ပိုပြီး ခက်ခဲတယ်လေ
ရှိနေမှန်းသိရက်နဲ့ မတွေ့ဆုံနိုင်တာကလည်း သူ့အတွက် ဆပ်လို့မကုန်တဲ့ ဝဋ်ကြွေးတစ်ခုလိုပါပဲ
အရာအားလုံးကိုစွန့်ပစ်ပြီးမှ သူမလေးနဲ့ တွေ့ဆုံနိုင်မယ်ဆိုရင်တောင် နှစ်ခါမစဉ်းစားဘဲ ဆုံဖြတ်မိမှာ အသေအချာပါ
အကယ်၍ ကံကြမ္မာဆိုသည့်အရာကြီးက လူတစ်ယောက်သာဖြစ်ခဲ့ရင် အခုချက်ခြင်း ဖမ်းချုပ်ပြီး မင်းလေးနဲ့ တွေ့ဆုံစေဖို့ လုပ်ခိုင်းမိမှာ
တွေ့ဆုံလိုက်ရတဲ့ အချိန်ခနလေးမှာ ရင်ထဲအသည်းထဲက ဖျောက်ဖျက်မရအောင် စွဲလမ်းမိသွားတယ်လို့ ကိုယ်ပြောရင် ယုံနိုင်မှာလား ကလေးမရယ်
မင်းနဲ့သာပြန်ဆုံစည်းဖို့ အခွင့်ရှိခဲ့မယ်ဆိုရင် ကိုယ်မင်းလေးကို ဘယ်လောက်ချစ်ကြောင်း ဘယ်လောက်တောင် လွမ်းခဲ့ရကြောင်းတွေကို အများကြီးပြောပြချင်သေးတာ
ကံကြမ္မာကြီးက မျက်နှာသာမပေးသေးသ၍တော့ ကြယ်တွေကြွေတိုင်း ဆုတောင်းရအုံးမှာပေါ့ကွာ
.....................
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ရှင့် နောက်လည်းလာအားပေးပါအုံးနော်....
ဆိုင်ထဲမှထွက်သွားသော ဈေးဝယ်သူကို ကြည့်ရင်း မေရွှန်းတစ်ယောက် သက်ပြင်းချလိုက်မိသည်
ဟူး...ဒီနေ့ကပိတ်ရက်မို့လို့လားမသိဘူး ဈေးဝယ်သူတော်တော်များတာပဲ....
လက်ကနာရီကိုကြည့်လိုက်တော့လည်း နေ့လည်တစ်နာရီထိုးနေပြီမို့ ကောင်တာမှထကာ ဆိုင်ခနပိတ်ပြီး နေ့လည်စာစားရန် အပြင်သို့ထွက်လာခဲ့လိုက်သည်
YOU ARE READING
✨ Unexpected Love from Paris ✨
Romanceနိုင်ငံချင်းရော....လူမျိုးချင်းရော....ဘာသာစကားရော....ယုတ်စွအဆုံး....ကိုးကွယ်မှုရောပါ လုံးဝကို မတူညီတဲ့...ကောင်လေးနဲ့.....ကောင်မလေးတို့..နှစ်ဦး..... မိမိနေထိုင်ရာ..မိခင်နိုင်ငံကို..ခနတာ..စွန့်ခွာပြီး...ဦးလေးဖြစ်သူရှိတဲ့...ပြင်သစ်နိုင်ငံ Paris..မြို့က...