Chapter-28

8.2K 943 141
                                    

Unicode

တိမ်ညိုလေးလည်း အနွေးဓာတ်လိုပါတယ် ၉

"ဂရုစိုက် မောင်းသွားဦး"

"အင်း"

"ညနေ လာကြိုရင် လမ်းဘေးချရပ်စောင့်။ လမ်းမကြီးပေါ်ဆို အန္တရာယ်များတယ်"

"အင်း"

"အလုပ်မှာလဲ အဆင်ပြေအောင်နေ"

"အင်း"

ကလေးမူကြိုပို့သလို တဖွဖွမှာနေသူနှင့် ပြောသမျှကို စိတ်ရှည်လက်ရှည် တအင်းအင်း ‌လက်ခံနေသည့်သူ။ ရည်းစားသက်တမ်း ဆယ့်နှစ်ရက်မြောက်ရောက်လာပေမဲ့ နှစ်ယောက်သားရဲ့ ဆက်ဆံရေးက အရင်ထက် ထူးထွေလာတာမျိုးမရှိသေးပါ။ ချိုမြိန်သည်ဟု ခေါင်းစဉ်တပ်နိုင်သော အကြည့်တွေ၊ မထိတထိ လုပ်ယူထားသော အထိအတွေ့တွေနှင့် ပိုသာလာသော စကားလုံးတွေကြောင့်သာ ထူးတော့ ထူးပြီဟု သတ်မှတ်နိုင်တာဖြစ်၏။

"အထဲ ဝင်တော့"

ဆေးရုံယူနီဖောင်းနှင့် ဆိုင်ကယ်ပေါ်ကလူကို နှုတ်ဆက်မပြီးဖြစ်နေသည့် ခွန်းနစ်က စကားနားထောင်သည့် ကလေးလို ခေါင်းငြိမ့်လိုက်သည်။ အသစ်စက်စက် ရည်းစားလေးအပေါ် စိတ်တိုင်းကျ လိမ္မာရမှာမို့ တစ်ခါမှ မကြိုးစားခဲ့ဖူးသော အပြုံးချိုတွေကို နှုတ်ခမ်းမှာ ချိတ်တွယ်ကာ "ငါ ဝင်တော့မယ်" ဟု ပြောလိုက်၏။

တစ်လှမ်း နှစ်လှမ်း... ဆေးရုံ ဝင်ပေါက်ကို ဖြတ်ကျော်အပြီးမှာ သမင်လည်ပြန်ကာ နောက်ကို လှည့်ကြည့်မိသည်။ အလိုလို ဖြစ်ပေါ်လာသော တသိမ့်သိမ့် ခံစားချက်ကို မဖုံးဖိနိုင်လိုက်ခင်မှာပဲ လေထဲသို့ မြှောက်တက်သွားသော လက်ဖဝါးတစ်ဖက်နှင့်အတူ နှုတ်ခမ်းလှုပ်ရုံ ထွက်သွားသော စကားတစ်ခွန်းက "ဘိုင့်ဘိုင်"...။

ဆိုင်ကယ်ရပ်လျက်သား ငေးကြည့်နေသူက ပြုံးဖော်ပင်မရသော်လည်း ခွန်းနစ်အား မျက်တောင်မခတ် ငေးကြည့်နေခဲ့တာဖြစ်သည်။ အလုပ်သွားဖို့ အသင့်ပြင်ထားသော သူ့ကိုယ်ပေါ်မှာ သုံးရက်မြောက် ရည်းစားဖြစ်သည့် အထိန်းမှတ်အနေဖြင့် ခွန်းနစ်ဝယ်ပေးထားသော ဟူဒီ နက်ပြာရောင်ကနေရာယူထားသည်။ ဒါမျိုးတွေ မဝတ်ဖူးဘူးလို့ ပြောသူက ဝယ်ပေးတာကို မကြိုက်ပုံမပြ။လိုလိုချင်ချင် ဝတ်တာကို မြင်ရသည့် ခွန်းနစ်က စိတ်တိုင်းကျ ဝယ်ပေးရင်းကို ဝယ်ပေးချင်လာတော့၏။

friEND(COMPLETED)Where stories live. Discover now