Unicode
တိမ်ညိုလေး၏ သရုပ်မှန် ၄
"သောက်လေ ညီလေး၊ ဘာလဲ အိမ်အပြန်ကျရင် ဆူဆူဆောင်ဆောင့် လုပ်မဲ့သူရှိလို့လားကွ... ဟားဟားဟား"
တသောသော ရယ်နေကြသည့် အသံတွေက ဆိုင်ခန်းအတွင်းမှ သီချင်းဆိုသံကြား လုံးထွေးလို့နေသည်။ ဆေးလိပ်ငွေ့တချို့အပြင် အကြော်လှော်ငွေ့များပါ ရောယှက်နေသောလေထုက ထင်သလောက်မသန့်။ ညည်းစီစီဖြစ်လာသည့် ခေါင်းကို မသိယောင်ဆောင်လျက် စိတ်မပါသော အပြုံးတို့ကို နှုတ်ခမ်းမှာ ချိတ်ဆွဲထားရသည့်အခါ ခွန်းနစ်ခံစားချက်များက လုံးဝကို အောက်ဆုံးထိ ကျသွားတော့မည့် အလားပင်။
"နိုင်မင်းဆွေတို့က တားဂတ်မထိဘူးဆိုတာ တစ်လမှမရှိဘူးဟေ့။ လျှို့ဝှက်ချက်တွေရှိရင်လည်း ငါတို့ကို ပြောပါဦးကွ"
"အေးလေ ဒီကောင် လျှိုချက်ကတော့ ကမ်းကုန်ပဲ။ သူ့အပိုင်းက ရောင်းအားက ဘယ်သူမှကို သွားယှဉ်လို့ မရတာနော်"
တစ်ယောက်တစ်မျိုး ထောပနာပြုနေကြသော ကိုနိုင်မင်းဆွေဆိုတာက ခွန်းနစ်တို့ အဖွဲ့မှ အဖွဲ့ဝင်ဖြစ်ကာ ရောင်းအားအကောင်းဆုံး စွမ်းဆောင်နိုင်သူအဖြစ် နှစ်နဲ့ချီ ဗိုလ်ဆွဲနေခဲ့သူလည်းဖြစ်သည်။ သူ့ကျေးဇူးနှင့် ခွန်းနစ် အလုပ်ဝင်ခဲ့သည့် နှစ်လခန့်အတွင်း ယခုလို စားပွဲသောက်ပွဲတွေ တက်ရတာ သုံးလေးကြိမ်ပင် မကတော့။ တစ်သင်းထဲသားမို့ မဖြစ်မနေတက်ရပေမဲ့ လူတွေအများကြီးနှင့် ဟေးလားဝါးလား မလုပ်တတ်သူ ခွန်းနစ်အတွက်တော့ ကျေးဇူးတင်တာထက် မြန်မြန်ပြီးသွားဖို့ကိုသာ ဆုတောင်းနေရတာ များပါသည်။
အသိပညာဖြန့်ဖြူးရေးထက် ရောင်းလိုအားဝယ်လိုအားဘက်ကို ပိုဦးတည်သွားသည့် အလုပ်တွေမို့ ဆေးရုံမှာ ကြုံခဲ့ရသည့်ဖိအားဆိုတာ မြူမှုန်လေးများ အလားဟုပင် သတ်မှတ်လိုက်ချင်သည်။ လက်ရှိနေရာမှာ ခွန်းနစ်တို့က ကိုယ်လက်ကိုင်ရယူထားသည့် ပစ္စည်းကို ဘယ်လို စထရက်ဒဂျီ (strategy) တွေ သုံးပြီး ကျယ်ပြန်အောင် လုပ်မည်ဆိုသော အတွေးတွေဖြင့် နေ့တိုင်း သူများထက် ရှေ့ပြေးနေအောင် တွေးတောနေရ၏။ ငွေကြေးစိုက်ထုတ်မှုအား နည်းနိုင်သမျှ နည်းနည်းသုံးကာ ကိုယ့် ပစ္စည်းရဲ့ အားသာချက်တွေကို မိုးပေါ်ထိရောက်အောင် ပေါပေါသီသီ သတင်းအချက်လက်တွေပေးပြီး ဆွဲတင်ရသည့် လုပ်ငန်းတွေကြားမှာ မဖိစီးဘူးပြောလျှင် လိမ်တာပဲ ဖြစ်ပါလိမ့်မည်။
![](https://img.wattpad.com/cover/307388540-288-k411788.jpg)
KAMU SEDANG MEMBACA
friEND(COMPLETED)
Fiksi RemajaThe UNIVERSE is a strange place. Stardust falls at random and Humans fall in LOVE. _K.Towene Jr. ( For background photo of Fiction cover, Fully credit to original artists.)