အပိုင်း(၂)

473 42 2
                                    

Unicode Version

သူနဲ့ အဲ့ဒီကောင်လေးရဲ့ အမျှင်တန်းလာတဲ့ရေစက်တွေကြောင့် နောက်တစ်ရက်မနက်မှာပဲ တတိယအကြိမ်ဆုံဖို့ ဖြစ်လာခဲ့တယ်။

သူ့အတွက်တော့ မြို့ရဲ့နေရာအနှံ့မှာ အဲ့ဒီကောင်လေးကိုမြင်နေရသလို ခံစားရတယ်။ မြောက်ဘက်သွားလဲ မြင်ရသလို တောင်ဘက်မှာလဲတွေ့ရပြန်တယ်။ အရှေ့ကလာတော့လဲ ဆုံရသလို အနောက်ကိုသွားပြန်တော့လဲ ပက်ပင်းတိုးပြန်တယ်။ မြို့ကသေးတာကြောင့်လဲ ဖြစ်နိုင်ပါရဲ့။

သူတို့ရဲ့တတိယအကြိမ်တွေ့ဆုံမှုကတော့ သူ့အတွက်အလုပ်ရှိတယ်ဆိုပြီး ချမ်းမြေ့ထွန်းခေါ်သွားပေးတဲ့ သင်တန်းကျောင်းမှာပါပဲ။

သင်တန်းကျောင်းရဲ့ပိုင်ရှင်နဲ့တွေ့ဖို့ အခန်းလွတ်တစ်ခုထဲမှာ သူတို့ထိုင်စောင့်နေရတုန်း ပြတင်းပေါက်ကနေ ဖျတ်ခနဲမြင်လိုက်ရတဲ့အရိပ်တစ်ခုကြောင့် အပြင်ကိုလှမ်းကြည့်မိတော့ ပန်းချုံတွေကြားမှာ မတ်တပ်ရပ်နေတဲ့ အဲ့ဒီကောင်လေးကို မြင်လိုက်ရတယ်။

သူ့ဘေးနားမှာတော့ မနေ့ကနှစ်ယောက်ပဲ ထပ်ရှိနေပြန်တယ်။

"မင်း ဘာတွေကြည့်နေတာလဲ"

သူငေးနေတာကိုတွေ့တော့ ချမ်းမြေ့ထွန်းကပါလိုက်ကြည့်ရင်း ပတ်ဝန်းကျင်အနေအထားက လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့အခါ အပြင်ဘက်မှာရပ်နေတဲ့သုံးယောက်ကလဲ သူတို့ဘက်ကိုလှည့်ကြည့်လာတယ်။

အဖွဲ့နှစ်ဖွဲ့အကြည့်ချင်းဆုံကြတော့ ချမ်းမြေ့ထွန်းက တစ်ဖက်ကိုလက်ပြပြီး နှုတ်ဆက်လိုက်တယ်။

တစ်ဖက်အဖွဲ့ကကောင်လေးတစ်ယောက်ကလဲ ပြန်ပြီးလက်ပြနှုတ်ဆက်တာကို မြင်လိုက်ရတဲ့နောက် သူ့အကြည့်က အလယ်မှာလက်ပိုက်ပြီး မတ်တပ်ရပ်နေတဲ့ကောင်လေးဆီကို ပြန်ရောက်သွားတယ်။

အသားဖြူတဲ့လူနှစ်ယောက်ကြားမှာ ရပ်နေတာတောင် ညိုဆိမ့်ဆိမ့်အသားအရည်နဲ့ အဲ့ဒီကောင်လေးဟာ မြင်ကွင်းရဲ့ဗဟိုချက်ဖြစ်နေဆဲ။ ဒါကြောင့်လဲ ညိုချောတွေလှရင် ဖြူချောတွေလိုက်မမီနိုင်ဘူးဆိုတဲ့စကားမျိုး ရှိထားတာကိုး။

မောင့်မေတ္တာရုံWhere stories live. Discover now