အပိုင်း (၉)

620 42 8
                                    

Unicode Version

အချစ်ကြောင့် အချိုးတွေပြောင်းလာတဲ့ စိုင်းဇေယံထက်ဟာ သူ့အသည်းညှာလေးနဲ့ နီးစပ်နိုင်ဖို့အရေး နေ့ဘက်တွေဆိုရင် သင်တန်းကို ချောင်းပေါက်မတတ်လာချောင်းပြီး ညဘက်ဆိုရင် အကြောင်းအမျိုးမျိုးပြလို့ တိမ်နယံဆွေးနဲ့အတူ အိမ်ပြန်ရဖို့ ဉာဏ်များတတ်လာတယ်။

အချစ်တော်ဆိုင်ကယ်လေးဟာဆိုရင် အခုနောက်ပိုင်းချောင်ထိုးခံထားရတာ အကြိမ်ကြိမ်..။ နေ့ဘက်တွေဆိုရင် သိပ်မသိသာပေမဲ့ ညဘက်ဆိုရင် သိသိသာသာရော မသိမသာပါ လျစ်လျူရှုခံနေရတော့တာ။

သက်မဲ့တွေမှာသာ စကားပြောနိုင်စွမ်းရှိမယ်ဆိုရင် သူ့အချစ်တော်ဆိုင်ကယ်လေးက သူ့ကို စကားတစ်ခွန်းကိုပဲ ထပ်ခါတလဲလဲပြောလာလောက်ပါရဲ့။

"အသစ်မြင်တော့ အဟောင်းကိုမေ့ပြီပေါ့" ဆိုပြီး...။

ဒီအကြောင်းကို သြဘာညံနဲ့မင်းစစ်သွေးကလဲ ပြောမဆုံးပေါင် တောသုံးထောင် လုပ်နေတော့တာ။ တစ်ခါတလေဆိုရင် ပြောင်ချော်ချော်နိုင်တဲ့ မင်းစစ်သွေးက တိမ်နယံဆွေးရဲ့ရှေ့မှာပါ မထိခလုတ်ထိခလုတ်နဲ့စနေတတ်တာကြောင့် စိုင်းဇေယံထက်မှာ သကောင့်သားရဲ့ပါးစပ်ကို ပိတ်နိုင်ဖို့အရေး အမြဲဗျာများနေရတယ်။

တစ်ချိန်ချိန်ကျရင်လဲ ဖွင့်ပြောမှာဆိုပေမဲ့ ဒီလိုအချိန်၊ ဒီလိုအခြေအနေမျိုးနဲ့တော့ မရိပ်မိစေချင်ဘူး။

ဒါပေမဲ့လဲ တိမ်နယံဆွေးရဲ့ရှေ့ကိုရောက်တာနဲ့ မဖုံးနိုင်မဖိနိုင် ယိုဖိတ်လာတဲ့ သူ့ရဲ့ခံစားချက်တွေက ပါးနပ်သူသာဆိုရင် သူ့အပေါ် ကိုယ်ဘယ်လိုသဘောထားလဲဆိုတာ သိသာနေမှာအမှန်...။

ကံကောင်းတာတစ်ခုက သူ့ရဲ့ဆွေးကလဲ ရိုးသားလွန်းသူဖြစ်နေတာပါပဲ။ ခံစားချက်တွေကို အရောင်ဆိုးပြီး လျှောက်မတွေးတတ်တာကြောင့် တစ်ခါတလေဆိုရင် သူ့မှာ အဲ့ဒီဖြူစင်လွန်းသူလေးကြောင့် ဘေးကျပ်နံကျပ်ဖြစ်ရတဲ့အထိ။

တစ်ခါတလေကျတော့လဲ သူ့ခံစားချက်တွေကို သိသွားစေချင်သလို တစ်ခါတစ်ရံကျတော့လဲ မသိစေချင်သေးပြန်ဘူး။

မောင့်မေတ္တာရုံWhere stories live. Discover now