အပိုင်း(၆)

316 40 4
                                    

Unicode Version

"မင်းတို့သင်တန်းက ဒီနေ့ ဘာကိစ္စပိတ်ရတာလဲ"

မျက်နှာလေးမြင်ရလိုမြင်ရငြား လာပါတယ်ဆိုမှ....။ ဒီကိုရောက်တော့ စိုင်းဇေယံထက်သိလိုက်ရတာက သင်တန်းက ဒီနေ့ပိတ်သတဲ့လေ။

ဘယ်လောက်စိတ်တိုဖို့ ကောင်းသလဲ။

ပြီးခဲ့တဲ့ရက်တွေက ကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ဖို့ တိမ်နယံဆွေးကို တမင်ရှောင်နေခဲ့ရတဲ့သူ့မှာ တွေ့ချင်မိပြီဆိုပြန်တော့လည်း ချက်ချင်း...။

တစ်စုံတစ်ခုကို လုပ်ချင်တဲ့အချိန်မှာ မလုပ်ရတာမျိုးဟာ သူ့ကို အတော်စိတ်မရှည်ဖြစ်စေတာကြောင့် လူကထိုင်မရထမရ..။

"ဒီနေ့ မြို့နယ်အားကစားပြိုင်ပွဲရှိတယ်လေ။ သင်တန်းကဆရာတော်တော်များများက ဒီပွဲအတွက်တာဝန်ခံတွေ..ပြီးတော့ ကျောင်းသားတွေထဲမှာလည်း ပြိုင်ပွဲဝင်တွေများတယ်ဆိုတော့..မနက်ပိုင်းလေးပဲပိတ်တာပါဟ။ အစ်ကိုတိမ်နယံဆွေးကိုတွေ့ချင်ရင် နေ့လယ်ကျရင် ပြန်လာခဲ့.."

မင်းစစ်သွေးရဲ့နောက်ဆက်တွဲစကားတွေကို နားမထောင်လိုတော့တဲ့ စိုင်းဇေယံထက်ဟာ မှုန်ကုပ်ကုပ်မျက်နှာပေးနဲ့ လှည့်ပြန်သွားတာကြောင့် ပျော်ရွှင်မှုလေးတစ်ခုနဲ့ ခေတ္တခဏ တေ့လွဲလွဲသွားရရှာတယ်။

နေ့လယ်ကျရင်တော့ တွေ့ရလောက်ပါတယ်လို့အားခဲပြီးတော့ သင်တန်းပြန်စမယ့်အချိန်လောက်မှန်းပြီး ထပ်ရောက်လာတဲ့ စိုင်းဇေယံထက်ဟာ နောက်ထပ်သတင်းဆိုးတစ်ခုနဲ့ ကြုံရပြန်တယ်။

"အစ်ကို မလာဘူး"

သူ့ကိုအဆင်သင့်စောင့်ဆိုင်းနေတဲ့ မင်းစစ်သွေးဆီက ကြားလိုက်ရတဲ့စကား။

သူ စိတ်တွေရှည်မနေတော့ပါဘူးနော်။

"ဘာဖြစ်လို့လဲ"

"မသိဘူး။ ခုနကပဲ ခွင့်လာတိုင်သွားတာ။ သူ ဒီနေ့တစ်ရက်နားလို့ရမလားတဲ့။ တစ်ခုခုဖြစ်နေပုံပဲ။ မျက်နှာလည်း သိပ်မကောင်းဘူး"

ဘာများဖြစ်သလဲလို့တွေးပူရင်း လမ်းပျောက်နေတဲ့စိုင်းဇေယံထက်ကို မင်းစစ်သွေးက သတင်းကောင်းလို့ယူဆလို့ရတဲ့ အကြောင်းအရာတစ်ခု ပြောပြတယ်။

မောင့်မေတ္တာရုံWhere stories live. Discover now