အပိုင်း(၅)

328 38 4
                                    

Unicode Version

ဒီနေ့က သူ့ရဲ့ပထမဆုံးလစာထုတ်ရက်။

အသုံးစရိတ်လေးနည်းနည်းပါးပါးနှုတ်ထားပြီးရင် သူ့အစ်မကိုကန်တော့ဖို့ ငွေအလုံအလောက်ကျန်နေသေးတာမို့ တိမ်နယံဆွေး စိတ်ကျေနပ်နေတယ်။ အချိန်ပိုကြေးတွေရော၊ ညစာကျက်ဝိုင်းတွေအတွက်ပါ အပိုရသေးတာမို့ အဲ့ဒါတွေကို စုဆောင်းထားဖို့ကြံရွယ်လိုက်တယ်။

"သူများတွေများ လစာထုတ်ရက်ဆိုတော့ ပျော်ရွှင်နေလိုက်တာများ"

ဘယ်ကပေါ်လာမှန်းမသိတဲ့ မင်းစစ်သွေးက သူ့ကိုပြုံးပြုံးကြီးစိုက်ကြည့်ပြီး ပြောလာတာကြောင့် အိမ်ပြန်ဖို့ပြင်နေတဲ့ ခြေလှမ်းတွေကို ခဏရပ်ထားလိုက်ရတယ်။

"ထုတ်တုန်းလေးခဏပဲပျော်ရတာပါကွာ။ ပြီးရင် ဝေခြမ်းရေးလုပ်လိုက်ရတာနဲ့ မလောက်နိုင်ဘူး"

"ဟုတ်ပါ့"

ဒီကြားထဲမှာ သူနဲ့ဒီကောင်လေးရဲ့ဆက်ဆံရေးဟာ တော်တော်အပေးအယူတည့်လာတာမို့ ဟာသနှောလိုက်တော့ မင်းစစ်သွေးကလည်း ပြန်ထောက်ခံရှာတယ်။

ဟိုကိစ္စဖြစ်ပြီးတဲ့နောက် သူ့စိတ်ထဲ နည်းနည်းရှက်မိတာကြောင့် ဒီကောင်လေးတို့အုပ်စုကို ရှောင်နေမိပေမဲ့ မင်းစစ်သွေးကတော့ တစ်နေကုန်မြင်နေရတာမို့ ရှောင်ဖို့မလွယ်။

ဒါ့အပြင် ဒီကောင်လေးက အဲ့ဒီကိစ္စဖြစ်ပြီးနောက်ပိုင်း သူ့ကို လိုတာထက်ပိုပြီးဖော်ရွေလာတာမို့ သူ့မှာ ရွေးချယ်စရာမရှိ။

မင်းစစ်သွေးရဲ့စရိုက်က နဂိုကတည်းက တက်တက်ကြွကြွနေတတ်တဲ့လူမို့ သူ့ဘက်ကလည်း စိမ်းသက်နေတာမျိုးမဖြစ်မိ။ ကိုယ့်ညီလေးတစ်ယောက်လို ခံစားရတာကြောင့် တစ်လအတွင်းမှာပဲ သူတို့ရင်းနှီးသွားတာ ငယ်ပေါင်းကြီးဖော်တွေလိုပဲ။

"ငါသွားတော့မယ်။ အပြင်မှာ တအားမှောင်နေပြီ။ တစ်နေကုန်ပင်ပန်းထားတာ နားချင်နေပြီ"

သြဘာညံဟာ ပင်ပန်းနွမ်းနယ်နေတဲ့မျက်နှာနဲ့ သူတို့နားကိုရောက်လာပြီး နှုတ်ဆက်နေတာကြောင့် တိမ်နယံဆွေးလည်း မိုးပြာရောင်မျက်ဝန်းတစ်စုံကိုပါ မြင်ရလေမလားဆိုတဲ့မျှော်လင့်စိတ်လေးနဲ့ ဘေးဘီဝဲယာကို မသိမသာအကဲခတ်မိတော့ ရှင်းလင်းနေတဲ့ပတ်ဝန်းကျင်ဟာ ဗလာနတ္ထိ....။

မောင့်မေတ္တာရုံWhere stories live. Discover now