အပိုင်း(၃)

401 43 3
                                    

Unicode Version

ဒီနေ့ဟာ တိမ်နယံဆွေး ဒီမြို့ကိုရောက်တာလေးပတ်မြောက်။ ချမ်းမြေ့ထွန်းရှာပေးထားတဲ့ဂိုက်အလုပ်မှာ ဝင်လုပ်ဖြစ်တာလဲ တစ်ပတ်ကျော်ကျော်...။

နေရာအသစ်မို့ အစကတော့ နည်းနည်းစိမ်းနေသေးပေမဲ့ နဂိုကတည်းက ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့လူမို့ အပေါင်းအသင်းမိတ်ဆွေရဖို့တော့ ခဲရာခဲဆစ်မဟုတ်။

အလုပ်စဝင်တဲ့တစ်ပတ်အတွင်းမှာပဲ ကျောင်းသားတော်တော်များများနဲ့ လေပေးဖြောင့်စပြုလာပြီး ဆရာတချို့နဲ့လဲ မေးထူးခေါ်ပြောလုပ်နေနိုင်ပြီ။

ရှိသမျှလူတိုင်းလိုလိုက ရင်းနှီးဖော်ရွေကြတာမို့ သူ့အဖို့ နေရာအသစ်မှာ နေသားတကျဖြစ်ဖို့ သိပ်ခက်ခဲမယ်မထင််။ အနှေးနဲ့အမြန်ပါပဲလေ။

"ယောက်ဖ..ငါအလုပ်သွားတော့မယ်နော်။ အစ်မကိုပြောလိုက်ပါဦး"

အချိန်ကိုကြည့်တော့ မိုးတောင်စင်စင်မလင်းသေးတဲ့ ဝေလီဝေလင်းအချိန်။

မနက်အစောပိုင်းစာသင်ချိန်အတွက် ဒီအချိန်လောက် အိမ်ကထွက်မှအဆင်ပြေတာမို့ မနက်စာအဆာပြေမုန့်လေးစားပြီး ထွက်ဖို့ပြင်ရတယ်။

သူ့ယောက်ဖကတော့ ကိုးနာရီမှအလုပ်သွားရမှာမို့ အခုမှအိပ်မှုန်စုန်မွှား..။

"အေး ယောက်ဖ။ မင်းအစ်မကတော့ အခုမှစျေးသွားတုန်း"

"ဟုတ်လိမ့်မယ်။ ဒါဆို ငါသွားပြီနော်"

ယောက်ဖလုပ်သူကိုနှုတ်ဆက်ပြီး ထွက်လာခဲ့တဲ့နောက် သင်တန်းရှိရာဆီကို ခြေလျင်လျှောက်သွားရတယ်။

တကယ်ဆို ယောက်ဖက မနက်တိုင်းဆိုင်ကယ်ယူသွားဖို့ပြောပေမဲ့ ကိုယ့်ကြောင့်သူများတွေအလုပ်ပျက်မှာစိုးတဲ့သူကတော့ ငြင်းလိုက်ပါတယ်။

သင်တန်းက သိပ်လဲမဝေးဘဲကိုး။ လမ်းလျှောက်သွားလို့ရတဲ့အကွာအဝေးမှာ ရှိနေသရွေ့တော့ သူ့ဘက်က နည်းနည်းလောက်လုံ့လစိုက်ထုတ်ရုံနဲ့ လုံလောက်ပါတယ််လေ။

နောက်များကျရင်တော့ ပိုက်ဆံစုပြီး ဆိုင်ကယ်တစ်စီးလောက်ဝယ်ဖို့ စိတ်ကူးမိပါရဲ့။

မောင့်မေတ္တာရုံWhere stories live. Discover now