အပိုင်း(၄)

369 36 5
                                    

Unicode Version

မတိုင်မီက ဆူညံပွက်လောရိုက်နေခဲ့တဲ့ သင်တန်းကြီးဟာ အခုတော့ ဗလာကျင်းလို့...။

Fresherတွေဟာ မနက်ပိုင်းသင်တန်းချိန်ပြီးတာနဲ့ ကျောင်းကို တန်းသွားကြပြီမို့ သင်တန်းတစ်ခုလုံးမှာ ဆရာတွေ ဂိုက်တွေနဲ့  Repeaterတွေကလွဲရင် ဘယ်သူမှမကျန်တော့တဲ့အနေအထား။

Repeaterတွေအတွက် တစ်နေကုန်အတန်းချိန်ရှိတာမို့ နာရီဝက်အနားပေးချိန်လေးမှာ တိမ်နယံဆွေးလဲ လုပ်စရာရှိတာလုပ်ပြီး နားစရာရှိတာနားတယ်။ ဒါပေမဲ့ ကြာကြာနားမနေနိုင်။ မနက်ကဖြစ်ခဲ့တဲ့ မတော်တဆမှုသေးသေးလေးကြောင့် ရခဲ့တဲ့ဒဏ်ရာတွေက ရှိသေးတာမို့ ဒဏ်ရာအတိမ်အနက်ကိုစစ်ဆေးဖို့လိုလာတယ်။

လက်ကဒဏ်ရာက ပွန်းပဲ့ရာလေးပဲရှိတာမို့ လျစ်လျူရှုထားလို့ရပေမဲ့ ဗိုက်ကတော့ အခုထိအောင့်သက်သက်ဖြစ်ချင်နေသေးတာမို့ မေ့ထားလို့မရ။ မတော်လို့ အတွင်းဒဏ်ရာတွေ ကျန်နေခဲ့မှဖြင့်။

ယောကျ်ားလေးသန့်စင်ခန်းထဲကို ဝင်သွားပြီး တံခါးကိုလော့ချပြီးတဲ့နောက် ဗိုက်ကဒဏ်ရာကိုတစ်ချက်စစ်ဖို့ ဝတ်ထားတဲ့ရှပ်အင်္ကျီကို အောက်ဆုံးကြယ်သီးနှစ်လုံးလောက်ဖြုတ်လိုက်တယ်။

သန့်စင်ခန်းထဲက ကိုယ်လုံးပေါ်မှမှန်ထက်မှာ ပေါ်လာတဲ့မြင်ကွင်းဟာ ရင်သပ်ရှုမောဖွယ်။ လျော့တိလျော့ရဲဖြစ်နေတဲ့ ရှပ်အင်္ကျီရယ်...။ ပင့်မခံလိုက်ရတဲ့အင်္ကျီအောက်မှာ လှစ်ခနဲပေါ်လာတဲ့နို့နှစ်ရောင်အသားအရည်ရယ်..။

ချပ်ချပ်ရပ်ရပ်ဝမ်းဗိုက်သားနဲ့ မွေးညင်းနုနုလေးတွေဟာလဲ ရွှေပေါ်မြဆင့်ထားသလို အသရေတင့်တယ်လို့နေတယ်။

ချပ်ချပ်ရပ်ရပ်ဝမ်းဗိုက်ထက်မှာ ရေးတေးတေးပေါ်နေတဲ့ ကြွက်သားတချို့ရယ်..။ အညိုအမည်းစွဲနေပြီဖြစ်တဲ့ ဗိုက်ကဒဏ်ရာရယ်..။ မဆီလျော်ဘူးလို့ထင်ရပေမဲ့ မထင်မှတ်ထားဘဲ လိုက်ဖက်နေပြန်တယ်။

တိမ်နယံဆွေး စုပ်သတ်လိုက်မိတယ်။ သိပ်မနာတော့ ဒီတိုင်းဒဏ်ဖြစ်ရုံပဲလို့ထင်ခဲ့တာ။ အညိုအမည်းစွဲတဲ့အထိ ဖြစ်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး။

မောင့်မေတ္တာရုံWhere stories live. Discover now