Part ( 1 )

932 28 0
                                    

Unicode
Part ( 1 )

" မင်းနဲ့ငါ လမ်းခွဲကြရအောင် မေဘယ်မောင် "

" ဗျာ ကိုကြီး ဘာပြောလိုက်တာလဲ "

" ဟုတ်တယ် မင်းကြားတဲ့အတိုင်းပဲ မင်းနဲ့ငါ လမ်းခွဲကြရအောင် ငါ မင်းနဲ့ဆက်ပြီး ချစ်သူတွေမဖြစ်နိုင်တော့ဘူး ငါ လက်ထက်တော့မယ် "

" ဟင့်အင်း မဟုတ်ဘူး "

တည်တည်ငြိမ်ငြိမ်နဲ့သူ့မျက်နှာကို စိုက်ကြည့်ပြီးထိုစကားများကိုပြောလိုက်သောအမျိုးသားကို ကောင်လေးခဗျာ မယုံကြည်နိုင်ဖြစ်နေသည်။ ထို့နောက် ကောင်လေးဟာ ချက်ချင်းဆိုသလိုပင် မျက်ရည်များဝဲတက်လာကာ ထိုအမျိုးသားရဲ့လက်ကိုဆွဲယူလိုက်ပြီး သူကြားလိုက်ရတဲ့စကားကို နားကြားမှားသည်ဟု အတင်းယူဆ၍ ဒုတိယအကြိမ်ထပ်ပြီးမေးသည်။

" ကိုကြီး ငယ်လေး နားကြားမှားသွားတာမလား ကိုကြီး ငယ်လေးကို နောက်နေတာမလား ဟင် "

" ကျစ်! ငါ မင်းနဲ့ မတွဲချင်တော့ဘူး မေဘယ်မောင် မင်းရဲ့အခုလို ကလေးလိုလိုခွေးလိုလိုအပြုအမူတွေကို ငါ အရမ်းစိတ်ပျက်လာပြီ အရင်က ငါ မင်းရဲ့အပြုအမူတွေက ချစ်စရာကောင်းတယ်လို့မြင်ခဲ့မိတာကို ငါ အရမ်းနောင်တရတယ် မင်းက အရမ်းကိုစိတ်ပျက်စရာကောင်းတာပဲ "

မေဘယ်မောင် သူ့ကို ရင့်ရင့်သီးသီးစကားတွေပြောနေသည့် ကိုကြီးကိုစိတ်မဆိုးနိုင်ပေ။ ကိုကြီးက သူ့ရဲ့အချစ်ဦးလည်းဖြစ်သလို သူ့ရဲ့အချစ်ဆုံးလူသားလည်းဖြစ်သည်။ သို့သော် အခုအခြေအနေက ဘယ်ကနေစပြီးမှားသွားမှန်းလည်း သူမသိ။ ကိုကြီးနဲ့သူ တွဲလာသည်မှာ သုံးနှစ်ပင်ရှိပြီဖြစ်သည်။ သူဆယ်တန်းမှာ ကိုကြီးက ဂိုက်အဖြစ်နဲ့ သူ့ကိုစာသင်ပေးခဲ့ရင်း အနေနီးကာ ချစ်သူတွေဖြစ်လာခဲ့သည်။ ကိုကြီးက အခုချိန်ထိ သူဆိုးသမျှအားလုံးကို သည်းခံပေးသည်။ သုံးနှစ်အတွင်း အမြဲတမ်း သူ့ဘက်ကပဲ စိတ်ဆိုး၊စိတ်ကောက်တာမျိုးပဲရှိသည်။ ကိုကြီးဘက်က စိတ်ဆိုး၊စိတ်တိုတာမျိုးတစ်ခါလေးတောင်မရှိခဲ့ပေ။

" ကိုကြီး ငယ်လေး ဘာအမှားလုပ်မိလို့လဲဟင် ငယ်လေး အမှားလုပ်မိခဲ့ရင်ပြောပါ အခုလိုကြီးတော့ ငယ်လေးကို စိတ်မဆိုးပါနဲ့ ဟင့် "

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ