Part ( 21 )

550 17 0
                                    

Unicode
Part ( 21 )

" မင်း ဘာလို့အခုလိုလုပ်ရတာလဲ... နှိုင်းမြင့်မဒီ၊ မင်းနဲ့ငါ့ရဲ့ကြားမှာ အဲ့လောက်ထိလုပ်ရနိုင်တဲ့မကျေနပ်ချက်ဆိုတာ ရှိနေလို့လား..... "

" အပိုတွေ လုပ်မနေပါနဲ့....၊ ရှင့်ဆီမှာရှိတဲ့သက်သေတွေကိုအခုချက်ချင်းဖျက်ပေး..၊ ကျွန်မ မောင်နဲ့စေ့စပ်ပွဲကိုလုံးဝမဖျက်ပေးနိုင်ဘူး..၊ အဲ့လိုမှမဟုတ်ရင်.. ရှင့်သမီးကို "

" မင်း!! "

အုပ်စိုးကမ္ဘာမှာ ငယ်လေးကိုကုမ္ပဏီကနေသွားကြိုပြီးအပြန် သမီးရဲ့ကျောင်းကို ဝင်ကြိုတော့ သမီးကို အခြားသူတစ်ယောက်ကလာခေါ်သွားသည်ဆိုသည့်စကားကြောင့် အံ့သြသွားသည်။ ဘယ်သူလာကြိုသွားတယ်ဆိုတာကို ကျောင်းကတာဝန်ရှိတဲ့ဆရာမကိုမေးတော့ အမျိုးသမီးတစ်ယောက်လာကြိုသွားပြီး သမီးဖြစ်သူက သိပါတယ်လို့ပြောတာကြောင့် စိတ်ချလက်ချထည့်ပေးလိုက်ပါသည်ဟု ပြောသည်။ ထို့ပြင် ထိုအမျိုးသမီးက သမီးနဲ့အတူတူ အိမ်ကိုမသွားသေးဘဲ ကစားကွင်းတစ်ခုကိုအရင်သွားမည့်အကြောင်းကိုပါ ဆရာမကိုမှာသွားသေးသည်ဟု ပြောသည်။ ထို့ကြောင့် အုပ်စိုးကမ္ဘာမှာ သမီးအိမ်ပြန်ရောက်နေမလားဆိုတာသိချင်တာကြောင့် အိမ်ကိုအရင်မောင်းသွားလိုက်သည်။ သို့သော် အိမ်ပြန်မရောက်သေးဘူးဆိုတာသိလိုက်တော့ သမီးကိုပိုပြီးစိတ်ပူလာသည်။ ငယ်လေးကိုအိမ်မှာထားခဲ့ပြီး ဆရာမပြောတဲ့ကစားကွင်းဆိုသည့်နေရာကို အုပ်စိုးကမ္ဘာ အမြန်သွားသည်။ ဟိုကိုရောက်တော့ သမီးနဲ့အတူတူရှိနေတဲ့နှိုင်းမြင့်မဒီကြောင့် သူ့စိုးရိမ်စိတ်တွေက ဒေါသအဖြစ်သို့ပြောင်းသွားသည်။ သမီးကိုခေါ်ပြီး ပြန်ဖို့လုပ်ပေမဲ့ နှိုင်းမြင့်မဒီရဲ့ယခုလိုခြိမ်းခြောက်သည့်စကားတွေကြောင့် အုပ်စိုးကမ္ဘာ ပိုပြီးဒေါသထွက်သွားသည်။

" မင်းပြောနေတာတွေ ငါတစ်ခုမှ မသိဘူး၊ အေး ဒါပေမဲ့ မင်း ငါ့သမီးကိုထိရင်တော့ မင်းကို ငါကိုယ်တိုင်... "

အုပ်စိုးကမ္ဘာက သမီးကိုပွေ့ချီထားတာမို့ စကားကိုဆက်မပြောဘဲ သတ်ဖြတ်ချင်တဲ့စိတ်ပြည့်နေတဲ့အကြည့်တွေနဲ့ နှိုင်းမြင့်မဒီကိုစိုက်ကြည့်လိုက်သည်။

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Onde histórias criam vida. Descubra agora