Part ( 13 )

452 12 0
                                    

Unicode
Part ( 13 )

" ကိုအုပ်စိုး မနက်ဖြန်ကျရင် ဖေဖေတို့ပြန်လာတော့မှာ...၊ အဲ့တာကြောင့် ဖေဖေတို့အခန်းကို သေချာပြန်ရှင်းပေးထားပါ...၊ ဦးပုကိုတော့ ကားဂိတ်မှာ ဖေဖေတို့ကိုကြိုဖို့ လွှတ်လိုက်မယ်....၊ "

မေဘယ်မောင်က ညစာစားနေရင်းမှ အုပ်စိုးကမ္ဘာဘက်ကိုလှည့်ကာပြောသည်။ အလုပ်ရှင်နဲ့အလုပ်သမားဟုဆိုသော်လည်း ညနေစာထမင်းဝိုင်းမှာတော့ သူရော၊ ဦးပုရော မေဘယ်မောင်တို့နဲ့အတူတူ ထမင်းစားပွဲမှာတစ်ဝိုင်းတည်းထိုင်ပြီး ညစာစားလေ့ရှိသည်။ ဒါကို မနှစ်သက်တဲ့သူကတော့ နှိုင်းမြင့်မဒီပင်။ စရောက်ခါစက ဒီကိစ္စနဲ့ပတ်သတ်ပြီး မေဘယ်မောင့်ကို နှိုင်းမြင့်မဒီက အချိုနည်းနဲ့​ သူ့သဘောထားအတိုင်းလုပ်ရန် သိမ်းသွင်းခဲ့ဖူးသည်။ သို့သော် မေဘယ်မောင်က နှိုင်းမြင့်မဒီရဲ့စကားကိုလုံးဝနားမထောင်တာကြောင့်သာ လက်လျော့ခဲ့ရခြင်းဖြစ်သည်။

မေဘယ်မောင်ရဲ့မိဘတွေဖြစ်တဲ့ဦးမောင်မောင်နိုင်နဲ့ဒေါ်ဖြူဖြူဆွေတို့က မေဘယ်မောင်မြန်မာနိုင်ငံကိုပြန်မရောက်ခင်အချိန်ကတည်း ဒေါ်ဖြူဖြူဆွေ၏မွေးရပ်နယ်လေးက အလှူတစ်ခုကိုပြန်သွားသည်မှာ ယခုဆိုနှစ်လတိတိပြည့်ပြီဖြစ်သည်။ ရွာအလှူကိုလည်းပြန်ရင်း အဲ့ရွာလေးမှာပဲ စိတ်သက်တောင့်သက်သာဖြစ်အောင်အနားယူမည်ဟုပြောထားတာကြောင့် ဒီဘက်က အလုပ်ကိစ္စအားလုံးကို ယုံကြည်ရတဲ့သူတွေနဲ့မေဘယ်မောင်ကို ထားခဲ့သည်။

" အပေါ်ထပ်က အရင်နေတဲ့အခန်းပဲလား.... "

" အင်း.. အဲ့ဒီအခန်းပဲ "

" အဲ့တာဆို မောင်ရဲ့ဖေဖေနဲ့မေမေက မနက်ဖြန်ပြန်လာတော့မှာပေါ့...၊ ကောင်းလိုက်တာ.. ဖေဖေနဲ့မေမေကို တွေ့ရတော့မယ် "

နှိုင်းမြင့်မဒီက စကားဖြတ်၍ဝင်ပြောလိုက်သည်။ အပြင်ပိုင်းတွင်ပြုံးနေပေမဲ့လည်း မေဘယ်မောင်နှင့်အုပ်စိုးကမ္ဘာတို့နှစ်ယောက်ရဲ့စကားပြောဆိုပုံကို နှိုင်းမြင့်မဒီ မနှစ်သက်ပေ။ အုပ်စိုးကမ္ဘာရဲ့အကြောင်းကို ဦးပုပြောထားသည့်အကြောင်းအရာများအရ ဒီအိမ်မှာ ခြံစောင့်လာလုပ်နေသည်က သိပ်မကြာသေးခင်ကအချိန်ခဏလေးပင်ရှိသေးမည်။ သို့သော် အုပ်စိုးကမ္ဘာ ယခုပြောဆိုနေသည့်စကားပုံစံအရ ဒီအိမ်နဲ့အကြာကြီးရင်းနှီးနေသလိုဖြစ်နေသည်ကို ခံစားမိ၍ဖြစ်သည်။ ထိုအချက်ကပင် သူရဲ့သံသယစိတ်၊ မနာလိုစိတ်၊ မနှစ်မြို့လိုစိတ်တို့ကို လောင်စာဖြည့်ပေးနေသလိုပင်။

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Where stories live. Discover now