Part ( 10 )

444 16 2
                                    

Unicode
Part ( 10 )

" မောင်....! နှိုင်း ဗိုက်ဆာလာပြီ...၊ တစ်ခုခုဝင်စားရအောင်လေ "

မေဘယ်မောင်လည်း သူ့လက်ပေါ်ကနာရီကိုတစ်ချက်ကြည့်မိတော့ နေ့လည်ဆယ့်တစ်နာရီပင်ခွဲ၍ကျော်နေပြီဖြစ်သည်။ သူ့နောက်မှာကပ်လျက်ရှိနေတဲ့အုပ်စိုးကမ္ဘာကိုကြည့်မိတော့ နှိုင်းဝယ်ထားသည့်မနည်းသောအထုပ်များကိုလက်နှစ်ဖက်နှင့်အပြည့်သယ်ထားသည်။ မေဘယ်မောင်နဲ့အုပ်စိုးကမ္ဘာ တစ်ခဏတာအကြည့်ချင်းဆုံသွားသည်။ အုပ်စိုးကမ္ဘာက မေဘယ်မောင်ရဲ့အကြည့်တွေကိုမရှောင်ဘဲ သူအဆင်ပြေတဲ့ပုံစံနဲ့ပြုံးပြသည်။ သို့သော် မေဘယ်မောင်ကတော့ အုပ်စိုးကမ္ဘာကိုခပ်စူးစူးစိုက်ကြည့်၍ မလိုလားဟန်မျက်ဝန်းများဖြင့်ခဏတာကြည့်လျက် ချက်ချင်းမျက်နှာလွဲလိုက်သည်။

" အင်း....၊ ကိုယ်တို့ ဟိုနားကဆိုင်မှာပဲ ထိုင်ကြရအောင်လေ.... "

" အင်း...၊ မောင့်သဘော!.... "

အုပ်စိုးကမ္ဘာမှာ သူ့ရှေ့က ငယ်လေးကို သူ့မောင်ပိုင်စီးကာ မောင်ချည်းထပ်အောင်ခေါ်နေသည့်နှိုင်းမြင့်မဒီကို တစ်ခုခုလုပ်ပစ်ချင်တဲ့အထိဒေါသထွက်နေသည်။ ငယ်လေးဘက်က သူ့ကိုလှည့်ကြည့်တော့ မဝံ့မရဲမျှော်လင့်ခြင်းဖြင့် ငယ်လေး၏မျက်ဝန်းများမှ ဂရုဏာသက်၍ပင်ဖြစ်စေ၊ အားနာ၍ပင်ဖြစ်စေ သူ့အပေါ်စိုးရိမ်သည့်အရိပ်အယောင်များကိန်းဝပ်နေမလားဟူ၍ ရှာမိသည်။ သို့သော် စိတ်ပျက်စွာကြည့်နေသည့် အထင်သေးသောမျက်ဝန်းများကိုသာ အုပ်စိုး လက်ခံရရှိခဲ့သည်။

နာကျင်ရပါသည် သို့သော် အပြစ်မတင်ရက်ပါ၊ ဒီဇာတ်လမ်းရဲ့အစမှာကတည်းက အပြစ်လုပ်ထားမိသူဟာ မိမိကိုယ်တိုင်ဖြစ်တာကြောင့် ချစ်ရသူ၏အမုန်းနှင့်လျစ်လျူရှုမှုကို သူမျှော်လင့်ထားပြီးသားဖြစ်သည်။ ဒါပေမဲ့ နဖူးတွေ့ ဒူးတွေ့ကြုံရသည့်အခါ ဦးနှောက်ဟာလည်း ဗလာကျင်းသွားပြီး အဆုံးမရှိချောက်နက်ကြီးထဲကိုပြုတ်ကျသွားသလိုမျိုး ၊ နှလုံးသားဟာလည်း အဆိပ်ဆူးများဖြင့် ခပ်ဖွဖွလေး တမင်တကာပင်နာကျင်စေလိုသည်ရည်ရွယ်၍ နှိပ်စက်နေသလိုမျိုးပင်ဖြစ်သည်။

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Où les histoires vivent. Découvrez maintenant