Part ( 18 )

484 14 0
                                    

Unicode
Part ( 18 )

ကော်ဖီဆိုင်တစ်ဆိုင်၏ထောင့်စွန်းကစားပွဲဝိုင်းတွင် မျက်နှာချင်းဆိုင်ထိုင်နေကြသောလူနှစ်ယောက်ရှိသည်။ ထိုလူနှစ်ယောက်အနက် အမျိုးသားဖြစ်သူမှာကော်ဖီကိုအေးဆေးသက်သာစွာ ဇိမ်ခံပြီးသောက်နေပေမဲ့လည်း အမျိုးသမီးဖြစ်သူကတော့ ထိုလူကို ဒေါသထွက်နေတဲ့မျက်လုံးများနဲ့ကြည့်နေသည်။

" ရှင် ကျွန်မဆီကနေ ဘာလိုချင်လို့လဲ...၊ ငွေလား... ဘယ်လောက်လဲ ပြော! "

" ဟက်!... "

အမျိုးသမီး၏စကားကြောင့် သောက်လက်စကေယ်ဖီခွက်ကိုစားပွဲပေါ်တင်လိုက်ပြီး ထိုအမျိုးသားက သဘောကျစွာလှောင်ရယ်သည်။

" မင်းဆီကနေ ငါက ငွေလိုချင်တယ်လို့များထင်နေလား... "

" ဒါဆို ဘာလို့ ကျွန်မဆီကို အခုလိုခြိမ်းခြောက်စာတွေ၊ ပုံတွေ လာပို့နေရတာလဲ... "

" ခြိမ်းခြောက်တယ်?.... "

နှိုင်းမြင့်မဒီမှာ သူ့ရှေ့က မသိချင်ယောင်ဆောင်နေတဲ့လူကိုကြည့်ပြီး စိတ်ပျက်မိသည်။ သူ့ဆီကို ဒီလူနဲ့အတူတူရှိနေတဲ့ပုံတွေပို့ပြီးခြိမ်းခြောက်နေတဲ့သူဟာ အခြားသူတစ်ယောက်ဖြစ်နိုင်သည်ဟု သူ လုံးဝမထင်ပေ။ ထိုခြိမ်းခြောက်နေတဲ့သူဟာ သူ့ရှေ့မှာ ဘာမှမသိချင်ယောင်ဆောင်နေတဲ့ဒီလူပဲဖြစ်ရမည်။ သူနဲ့ဒီလူနဲ့အကြောင်းကို ကာယကံရှင်ဖြစ်တဲ့သူတို့နှစ်ယောက်ကလွဲပြီး အခြား မည်သူကမှသိလိမ့်မည်မဟုတ်။  အဘယ့်ကြောင့်ဆိုသော် သူ့ဆီကိုပို့ထားတဲ့ဓာတ်ပုံတွေနဲ့ဗီဒီယိုဖိုင်များအရ ဟိုတယ်အခန်းထဲမှာ သူတို့ဘာလုပ်နေတယ်ဆိုတာကအထိပြောပြနိုင်တဲ့သက်သေများဖြစ်နေသည်။ ထို့ကြောင့် ဒီလူကသာ သူနဲ့အတူတူနေတဲ့အချိန် လျှို့ဝှက်ကင်မရာတစ်လုံးကိုတပ်ဆင်ထားပြီး သူ့ကို ထောင်ချောက်ဆင်သည်ဟု သူ ယူဆထားသည်။

" ဘာလဲ... ရှင်က အခုမှ မသိချင်ယောင်ဆောင်မလို့လား....၊ ကျွန်မ ရှင်လိုချင်သလောက် ငွေတွေပေးနိုင်တယ်..၊ ရှင် အခုချက်ချင်း ရှင့်ဆီမှာရှိနေတဲ့ပုံတွေနဲ့ဗီဒီယိုဖိုင်တွေကို ဖျက်ပေး!.... "

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Où les histoires vivent. Découvrez maintenant