Part ( 19 )

493 16 0
                                    

Unicode
Part ( 19 )

အုပ်စိုးကမ္ဘာမှာ မေဘယ်မောင့်ဆီကအရှက်ခွဲခံရခဲ့တဲ့နေ့ကတည်းက ယနေ့အထိ မေဘယ်မောင့်ကိုရှောင်နေသည်။ မေဘယ်မောင်ကတော့ ထိုနေ့ကကိစ္စကို လုံးဝမရှိခဲ့သလိုမျိုးသာ ပုံမှန်အတိုင်း နွေဦးကမ္ဘာနှင့်ပြောဆိုဆက်ဆံနေဆဲဖြစ်သည်။

ယနေ့ နှိုင်းမြင့်မဒီ၏ဖခင်ဖြစ်သူနှင့်မေဘယ်မောင်၏မိဘတို့ သားရေးသမီးရေးကိစ္စဆွေးနွေးဖို့အတွက် အိမ်ကိုထမင်းစားဖိတ်ထားသည်။ ထို့ကြောင့် ထမင်းစားခန်းထဲတွင် မေဘယ်မောင်ရယ်၊ နှိုင်းမြင့်မဒီရယ်၊ မေဘယ်မောင်၏မိဘတွေနဲ့နှိုင်းမြင့်မဒီ၏အဖေတို့က စေ့စပ်ပွဲကိစ္စအတွက်ဆွေးနွေးရင်း ထမင်းလက်ဆုံစားနေကြသည်။ ဦးပုကတော့ ခြံထဲကပန်းပင်တွေကို နေရာပြန်ချနေပြီး နွေဦးကမ္ဘာကတော့ နေ့လည်ခင်းပဲရှိသေးတာမို့ ကျောင်းမှာပဲရှိနေသေးသည်။ အုပ်စိုးကမ္ဘာမှာ ခြံထဲကအလုပ်တွေကိုကူလုပ်မယ်ဆိုတော့ကျလည်း နေကောင်းခါစ နလန်ထူစမို့ ဦးပုကလုပ်ခွင့်မပေးပေ။ အုပ်စိုးကမ္ဘာမှာ ချစ်ရသူ၏အရှက်ခွဲမှုကြောင့် ထိုနေ့ညက အိမ်ကိုတော်တော်နှင့်ပြန်မလာခဲ့။ ထို့ပြင် ထိုနေ့တစ်နေ့လုံးက မိုးတွေရွာနေတာမို့ တစ်ညလုံးမိုးမိကာ ညဥ့်သန်းခေါင်မှအိမ်ကိုပြန်ရောက်လာခဲ့သည်။ နောက်နေ့မနက်ကျတော့ မိုးမိကာတန်းဖျားတော့သည်။ အဖျားသွေးဝင်သွားတာမို့ သုံးလေးရက်လောက်ထိဖျားသွားပြီး ယခုမှ နေပြန်ကောင်းခါစပင်ရှိသေးသည်။

" ကိုအုပ်စိုးကမ္ဘာ... "

အုပ်စိုးကမ္ဘာတစ်ယောက်တည်း ကားဂိုထောင်နားက အမှိုက်တွေကို ဦးပုမမြင်ခင် သန့်ရှင်းလုပ်နေတုန်း သူ့နောက်ကနေရောက်လာတဲ့နှိုင်းမြင့်မဒီရဲ့အသံကြောင့် မျက်ခုံးတွေကျုံ့သွားပြီး လှည့်ကြည့်လိုက်သည်။

" ဘာကိစ္စရှိလို့လဲ... မနှိုင်းမြင့်မဒီ "

" ရှင့်ကို ကျွန်မရှင်းရှင်းပဲမေးမယ်...၊ ရှင် မောင့်အပေါ်မှာ ဘယ်လိုသဘောထားနေတာလဲ... "

" ဟက်!... ကျွန်တော်က သူဌေးလေးအပေါ်မှာ ဘယ်လိုထားလဲဆိုတာ လာမေးနေတာလား "

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Where stories live. Discover now