Part ( 2 )

572 20 4
                                    

Unicode
Part ( 2 )

မေဘယ်မောင်လည်း ဦးပုနဲ့အတူတူ အိမ်ကိုပြန်ရောက်လာတော့ ဧည့်ခန်းထဲမှာ သူ့မိဘတွေက သူ့ကိုစောင့်နေသည့်ဟန်ရှိသည်။

" မေမေ ဟင့် ကိုကြီးက သားကို လမ်းခွဲလိုက်ပြီ ဟင့် ကိုကြီးက သားကို စိတ်ကုန်သွားပြီတဲ့ ဟင့် ... အီး .... "

ဒေါ်ဖြူဖြူဆွေတစ်ယောက် သူမဆီကို ပြေးလာပြီး သူမပေါင်ပေါ်မျက်နှာအပ်ကာငိုနေသည့် မေဘယ်မောင်၏ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးလိုက်သည်။ သူမ၏ခင်ပွန်း ဦးမောင်မောင်နိုင်မှာလည်း သားဖြစ်သူကိုကြည့်ပြီး စိတ်မကောင်းပေ။

" သားမောင် သားကိုကြီးက သားကို တကယ်ပဲလမ်းခွဲလိုက်ပြီလား "

" ဟင့် ... ဟုတ်တယ် မေမေ ကိုကြီးက လက်ထပ်တော့မှာတဲ့ မေမေ ကိုကြီးက သားကို လိမ်နေတာမလား ဟုတ်တယ်မလား ဟင် မေမေ မေမေတို့ ကိုကြီးကိုခေါ်ပြီး ပြောပေးပါ သားကို စိတ်ဆိုးနေတာဆိုလည်း အခုလိုမျိုးကြီး မနောက်ပါနဲ့လို့ ဟင့် .... "

" သားမောင် မင်း ကိုကြီးက မင်းကိုနောက်နေတာမဟုတ်ဘူး ဒီမှာ ဖေဖေတို့ဆီကို သားရဲ့ကိုကြီးကိုယ်တိုင် လာဖိတ်တဲ့ မင်္ဂလာဖိတ်စာ "

ဖေဖေ့လက်ထဲက မင်္ဂလာဖိတ်စာအိတ်အဖြူလေးကိုကြည့်ပြီး မေဘယ်မောင် ဆက်၍ပင်မငိုနိုင်တော့ပေ။ ကိုကြီးက တကယ်ပဲ သူ့ကို စိတ်ကုန်သွားပြီလား။ ဖေဖေနဲ့မေမေ့ဆီကိုတောင် ကိုကြီးကမင်္ဂလာဆောင်ဖိတ်စာလာဖိတ်တယ်ဆိုတာ သူ့ကို စိတ်ဆိုးပြီးနောက်နေတာမဟုတ်မှန်း မေဘယ်မောင် သေချာသွားသည်။

" ဘာလို့လဲ ဟင့် ကိုကြီးက ဘာလို့ သားကို အခုလိုလုပ်ရတာလဲ ဖေဖေနဲ့မေမေကလည်း ဘာလို့ကိုကြီးကို မတားရတာလဲ ဘာလို့လဲ မရဘူး ကိုကြီးက ဘယ်သူနဲ့မှလက်ထပ်လို့မရဘူး ကိုကြီးက သားအပိုင်!! ....သားအပိုင်လို့ !!! "

" မေဘယ်မောင်... !! "

မေဘယ်မောင်မှာ အရူးတစ်ယောက်လိုအော်ဟစ်နေသည့်အတွက် ဒေါ်ဖြူဖြူဆွေမှာ သားဖြစ်သူ၏လက်မောင်းကို ဆွဲကိုင်ရမ်း၍ အသိဝင်အောင် မေဘယ်မောင့်အား ခေါ်လိုက်သည်။

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Nơi câu chuyện tồn tại. Hãy khám phá bây giờ