Part ( 6 )

446 14 0
                                    

Unicode
Part ( 6 )

လှည့်ထွက်သွားဖို့ပြင်နေတဲ့ အုပ်စိုးကို မေဘယ်မောင်က ပြောလိုက်သည်။

" ကိုအုပ်စိုးကမ္ဘာ အခြားအလုပ်မရှာချင်ရင် ကျွန်တော့်အိမ်မှာ မာလီတစ်ယောက်လိုနေတာ ဦးပုက အသက်ရလာပြီဆိုတော့ အခြားသူတစ်ယောက်ကိုခေါ်မလို့လေ လစာကတော့ အခု ကိုအုပ်စိုးကမ္ဘာ ကုမ္ပဏီမှာရနေတဲ့လစာအတိုင်း ပေးမှာပါ "

အုပ်စိုးကမ္ဘာ မေဘယ်မောင်ရဲ့စကားက်ု မတုံ့ပြန်ဘဲ သူ့ခြေလှမ်းတွေကို ရှေ့ဆက်သွားလိုက်သည်။ ကျန်နေခဲ့တဲ့မေဘယ်မောင်၏မျက်နှာကတော့ သူ့စကားကို အဖက်မလုပ်သွားတဲ့သူကြောင့် မည်းမှောင်သွားကာ မကျေမနပ်ဖြင့်စိတ်ထဲကနေရေရွတ်သည်။

" ( ဟမ့် မာနက လာကြီးနေသေးတယ် ) "

အုပ်စိုးကမ္ဘာတစ်ယောက် မေဘယ်မောင်တို့အိမ်ကနေထွက်လာတာနဲ့ အခြားအလုပ်သစ်တစ်ခုကိုရှာရန် တွေးမိသည်။ သူ့မှာ အလုပ်တစ်ခုကချက်ချင်းရှိမှဖြစ်သည်။ မဟုတ်ရင် သမီးလေးအတွက် သူတာဝန်ယူနိုင်လိမ့်တော့မည်မဟုတ်။ သူ့အနေနဲ့ သမီးလေးကို အခြားကလေးတွေလို အဆင်ပြေပြေနဲ့ဘာဒုက္ခမှမရှိဘဲ ကြီးပြင်းစေချင်သည်။ ဒါက သူ့ရဲ့ဆန္ဒလည်းဖြစ်သလို ဆုံးသွားတဲ့ အကိုဖြစ်သူနဲ့မိခင်ဖြစ်သူ၏သူတို့ငယ်ငယ်က ဖြစ်စေချင်ခဲ့သော ဆန္ဒဖြစ်သည်။

" စိတ်ချပါ အမေ အမေ့မြေးကို ကျွန်တော်တို့ငယ်ငယ်ကလို ဒုက္ခတွေခံပြီးဆင်းဆင်းရဲရဲနဲ့မဖြတ်သန်းစေရဘူး အမေ ကျွန်တော်တို့ကို ဖြစ်စေချင်သလို မကြောင့်မကြနဲ့ အမေ့မြေးလေးကို ကျွန်တော် ထားနိုင်မှာပါ အကိုလည်း အဲ့အတွက် စိတ်ချပါ ကျွန်တော် ပင်ပန်းချင်ပင်ပန်းပါစေ ကျွန်တော့်ရဲ့တူမလေးကိုတော့ ကျွန်တော်တို့ငယ်ငယ်ကလို မဖြစ်စေရဘူး "

အုပ်စိုးကမ္ဘာ ကောင်းကင်ကြီးပေါ်ကိုမော့ကြည့်ကာ ဆိုလိုက်သည်။ ယနေ့ ကောင်းကင်ကြီးဟာ အခြားနေ့တွေလို နေမင်းကြီးက ဝံ့ဝံ့ဝါးဝါးရှိမနေဘဲ အမည်းရောင်နှင့်အဖြူရောင်ရောစပ်ခြယ်လှယ်ထားသော တိမ်တိုက်ကြီးများက နေမင်းကြီးကို ဖုံးကွယ်ထားကြသည်။

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Donde viven las historias. Descúbrelo ahora