Part ( 4 )

468 17 0
                                    

Unicode
Part ( 4 )

" မေ..မေ့!! "

ဆေးရုံကုတင်ပေါ်မှာ ကုတင်ခေါင်းရင်းကိုခေါင်းအုံးခံပြီးခပ်လျှောလျှောထိုင်နေကာ စာအုပ်ဖတ်နေသည့် အမျိုးသမီးဟာ သမီးလေးနွေဦးကမ္ဘာ၏မိခင်ဖြစ်သည်။

အုပ်စိုးကမ္ဘာ၏လက်ပေါ်ကနေ မေမေဟုခေါ်ကာ ရုန်းကန်ပြီးဆေးရုံသန့်စင်ခန်းထဲပြေးဆင်းတဲ့သမီးဖြစ်သူကြောင့် နွေကဗျာဦး နားမလည်နိုင်စွာ အုပ်စိုးကမ္ဘာအားကြည့်လိုက်သည်။

" သမီးက ဓာတ်လှေကားထဲမှာကတည်းကသေးပေါက်ချင်နေတာ အဲ့တာ မအောင့်နိုင်တော့ဘူးထင်တယ် "

" ဟား... သမီးကတော့ဟယ် "

အုပ်စိုးကမ္ဘာစကားကြောင့် နွေကဗျာဦးက သဘောတကျရယ်လိုက်သည်။ ထို့နောက် ကုတင်ဘေးကဆိုဖာပေါ်ထိုင်ပြီးအတွေးလွန်နေတဲ့ အုပ်စိုးကမ္ဘာကြောင့် နွေကဗျာဦး ရယ်နေရာမှရပ်လိုက်ကာ အုပ်စိုးကမ္ဘာအားမေးလိုက်သည်။

" အုပ်စိုး ဘာဖြစ်လို့လဲ မျက်နှာလည်းမကောင်းဘူး "

" အိမ်ဂရံကိစ္စပါ ပြီးတော့ ငါ ဒီကိုလာတုန်းက ငယ်လေးနဲ့ပြန်တွေ့တယ် "

" ဘယ်လို... မေဘယ်မောင်နဲ့နင် တွေ့ခဲ့တာလား "

" အင်း! ဟင်း ... သူ ငါ့ကို တော်တော်မုန်းနေပြီ "

အုပ်စိုးကမ္ဘာတစ်ယောက် စိတ်ရှုပ်ထွေးစွာ သူ့မျက်နှာကိုလက်နှစ်ဖက်နဲ့စုန်ချည်ဆန်ချည်ပွတ်သပ်ရင်း သက်ပြင်းချမိသည်။

" ဒါတွေအားလုံးက ငါ့အမှားပါ ငါ့ကြောင့်သာ .... "

" မဟုတ်ဘူး ကဗျာ ဒါတွေက နင်နဲ့မဆိုင်ဘူး ဆောရီးပါ ငါ နင့်ကို စိတ်ဒုက္ခပေးသလိုဖြစ်သွားပြီ "

အုပ်စိုးကမ္ဘာ သူ့စကားကြောင့် ဆေးရုံကုတင်ပေါ်ကနေ အင်အားမဲ့စွာဆိုလာတဲ့ကဗျာ့ကြောင့် အလျင်အမြန်ပင်စကားစဖြတ်လိုက်ပြီး တောင်းပန်မိသည်။ သူအခု ကဗျာ့ကို စိတ်ဒုက္ခရောက်အောင်လုပ်မိနေပြီမလား။

" ရပါတယ် ငါ ဘာမှမဖြစ်ပါဘူး တကယ်ဆို ငါ့ကြောင့် အခုလိုတွေဖြစ်သွားခဲ့တာ ငါသာ အဲ့အချိန်တုန်းက မရူးမိုက်ခဲ့ဘူး သတ္တိရှိခဲ့မယ်ဆိုရင် နင်နဲ့မေဘယ်မောင်တို့ ဝေးရမှာမဟုတ်ဘူး "

Honestly.... ချစ်ခွင့်ရှိမလား  [ Completed ]Where stories live. Discover now