အပိုင်း(၆၅၈)
“ရှောင်ရယ်”လရောင်ဖြာအလင်းအောက်မတ်တပ်ရပ်နေသည့်ဝတ်ရုံနီနဲ့လူအားငေးကြည့်ရင်း ကုလော့ယွင် မနေနိုင် တော့ပဲညင်သာစွာထပ်ခေါ်လိုက်သည်။
ထိုလူဟာနောက်ဆုံးတော့သူမကိုလှည့်ကြည့်လာပြီ။ရေခဲတမျှအေးစက်ပြီးသွေးဆာနေသည့်မျက်လုံးတွေမှာလှပတဲ့မျက်နှာလေးဆီရောက်သွားတဲ့အခါ...ပျော့ပြောင်းနူးညံ့သွားပြီး “ရှောင်ယွင်...ကိုယ်ပြန်လာပြီ”ဟုတောင့်တနေသည့် အသံဖြင့်ပြောလိုက်သည်။
သူတဖန်ပြန်ရောက်လာပြီ...ယနေ့မှစဘယ်သူကမှသူတို့ကိုမခွဲနိုင်တော့ပေ။ဒီတကြိမ်ပြန်နိုးလာမှုနဲ့အတူသူမကိုကာကွယ်ဖို့လုံလောက်တဲ့စွမ်းအားတွေပါပါလာခဲ့တာမို့...သိုင်းဘိုးဘေးအယောင်တသိန်းလောက်လာရင်တောင်သူ့လက်ညှိုးတစ်ချောင်းကိုဝောာင်ထိခိုက်အောင်လုပ်နိုင်မှာမဟုတ်ချေ။
ကုလော့ယွင် နှုတ်ခမ်းလေးများတွန့်ကွေးတင်သွားသည်။ ထိုအပြုံးမှာသာမန်ပြုံးနေကြအပြုံးမျိူးမဟုတ်ပဲ...နူးညံ့ကြင်နာမှုတို့အပြည့်ပါကာ“ရှောင်ရယ်...ပြန်လည်ကြိုဆိုပါတယ်”
ရုတ်တရက်လက်တဖက်ကသူမခါးပေါ်ရောက်လာကာ...သူမအားဆွဲဖက်လိုက်သည်။နွေးထွေးလုံခြုံဆုံးသူ့ရင်ခွင်လေးထဲခိုနားရတဲ့အခါအရင်ကတစ်ယောက်ထဲရင်ဆိုင်ခဲ့ရတဲ့မလုံခြုံမှုများစိုးထိတ်မှုများနေလာနှင်းလိုတဖြည်းဖြည်းအရည်ပျော်ပျောက်ကွယ်လာပြီး...ထာဝရလုံခြုံအေးချမ်းသည့်အငွေ့အသက်ကိုပြန်လည်ခံစားမိလာသည်။
“ယွင်အာ...ကိုယ်မေ့မျောနေခဲ့ပေမယ့်တကယ်တော့အပြင်မှာဘာတွေဖြစ်နေလဲကိုယ်သိပါတယ်ကွာ...မင်းတစ်ယောက်ထဲအများကြီးရင်ဆိုင်ခဲ့ရပြီ”ဟုခေါင်းလေးကိုညင်သာစွာပွတ်လျှက်နှစ်သိမ့်ပေးလိုက်သည်။
ဒီတကြိမ်တော့သူဟာ ရှောင်ယွင် လို့မခေါ်ပဲ ယွင်အာ လို့သာခေါ်ခဲ့သည်။ကုလော့ယွင် မှာတော့ရင်ခုန်စိတ် လှုပ်ရှားနေခဲ့တာမို့ထိုအပြောင်းအလဲသေးသေးလေးအားသတိမထားမိခဲ့ပေ...
ချန်းပေ့ရယ် အကြည့်တွေထဲရင်နာမှုတို့နဲ့ပြည့်နေသည်။
သူမသေစေနိုင်လောက်တဲ့စမ်းသပ်မှု(၁၀)ခုကိုကျော်ဖြတ်ခဲ့ပုံများ....ဇီရှဲ့သေဆုံးသွားပြီးနောက်နာနာကျင်ကျင်ဟစ်အော်ငိုကျွေးခဲ့ရသည့်အချိန်များ....အားလုံးကိုသူခံစားသိနေခဲ့သလို...ထွက်လာပြီးသူမကိုနှစ်သိမ့်ပေးချင်ခဲ့ပေမယ့်....သူ့မျက်လုံးကိုဘယ်လိုမှဖွင့်လို့မရနိုင်ခဲ့...
နန်းကုန်းယွဲ့ မှာမှင်တက်ကြောင်တောင်စွာနဲ့...ကမ္ဘာပေါ်မှာ ရှိမည်ဟုမထင်မှတ်ထားသည့်ရတနာကိုငေးမောနေရသည့်အလားငွေရောင်ဆံနွယ်ရှင်အားစိုက်ကြည့်နေသည်။သို့ပေသိ နန်းကုန်းယွဲ့ လေးစားသည်မှာသူ့ရုပ်ရည်မဟုတ်ပဲ တုနှိုင်းမဲ့ပြိုင်ဘက်ကင်းလောက်သည့်စွမ်းအားဖြစ်သည်။
ထိုလူမှာထိတ်လန့်စရာကောင်းလောက်အောင်စွမ်းအားကြီးသည့်သူဖြစ်ပြီး...သူမလိုချင်သည့်ယောက်ျားမျိုးဖြစ်သည်။
“ကြည့်ရတာနင်ကတခြားသူတွေကိုလှည့်စားရတာတော်တော်လေးနှစ်သက်ပုံပဲ”နန်းကုန်ယွဲ့ ကိုယ့်ကိုကိုယ်စိတ်ငြိမ် အောင်လုပ်လိုက်ပြီး ကုလော့ယွင် ကိုကြည့်ကာနှာခေါင်းရှုံ့ လိုက်သည် “နင့်ရဲ့သူတော်ကောင်းယောင်ဆောင်ထားတဲ့ အလိမ်အညာပြုစုအယုအယတွေအောက်ယောက်ျားတွေတော်တော်များများလဲပြိုသွားပြီးပြီနဲ့တူတယ်...ဟုတ်တယ်မလား?ကြောင်သူတော်မ...အာဏာအတွက်နဲ့ငါ့ရဲ့အဖေအိုကြီးကိုတောင်ခန္ဓာကိုယ်သုံးပြီးမြှူဆွယ်ထားတာနင်မလုပ်နိုင်တာဘာများရှိဦးမလဲ?ကြည့်ရတာလူတွေတော်တော်များများကနင့်ရဲ့အရောင်အဆင်းအမှန်ကိုမသိသေးလို့နင့်လက်ထဲကကစားစရာတွေဖြစ်နေခဲ့တာနဲ့တူတယ်...ဒါပေမယ့်...ငါ နန်းကုန်းယွဲ့ ကရွံစရာကောင်းတဲ့နင့်ရဲ့အသွင်မှန်ကိုဖော် ထုတ်ပစ်မယ်ဟဲ့”
ငါ့စကားတွေက...အဲ့ဒီလူကိုမျက်စိပွင့်စေပြီးသူကဘယ်လိုမိန်းမမျိုးလဲဆိုတာမြင်သွားစေမှာပဲ...နောက်ဆုံးတော့အာဏာနဲ့ငွေကြေးအတွက်တခြားယောက်ျားတစ်ယောက်ကိုမြူဆွယ်နိုင်တဲ့မိန်းမကိုဘယ်ယောက်ျားကမှသည်းခံနိုင်မှာမဟုတ်ဘူးလေ....
အထူးသဖြင့်တော့သူ့လိုတလောကလုံးရဲ့အထက်မှာရှိပြီးတော်ဝင်မြင့်မြတ်လှတဲ့သူမျိူးအတွက်ပေါ့...
သူမ၏စကားကိုကြားပြီးနောက်...ပြိုင်ဘက်ကင်းအလှလေးမှာ...သူ့ဘက်ကိုဖြည်းဖြည်းခြင်းလှည့်ကြည့်လာသည်
နန်းကုန်းယွဲ့ မှာသူ့ကိုကြည့်နေတဲ့သူအားအရူးတစ်ယောက် လိုငေးမောကြည့်ကာရင်ခုန်လွန်းလို့တံတွေးပါမျိုချလိုက်မိတော့သည်။
သူသာဒီပြိုင်ဘက်ကင်းအလှလေးနှင့်တညတာလောက်...ချစ်ပွဲဆင်နွှဲလိုက်ရပါကတသက်လုံးမေ့ပျောက်နိုင်မှာမဟုတ်ဝောာ့ပေ။
“ရပ်စမ်း”
နန်းကုန်းယွဲ့ အနား ချန်းပေ့ရယ် ကပ်လာတာကိုမြင်ပြီး ယဲ့ယွီ မျက်နှာပျက်ယွင်းသွားခဲ့သည်။နောက်ကိုလှည့်ကာ ကြယ်ရောင်လိုတဖိတ်ဖိတ်တောက်နေသည့်မျက်လုံးတွေနဲ့ နန်းကုန်းယွဲ့ အားကြည့်ကာ “ယွဲ့အာ...ပြေးတော့”ဟု အော််လိုက်သည်။
နန်းကုန်းယွဲ့ ပါးစပ်ဟလိုက်ထဲကထိုလူ၏ခန္ဓာကိုယ်မှ သတ်ဖြတ်ချင်သည့်အရိပ်အယောင်တွေထွက်ပေါ်လာတာကိုသူသတိထားမိခဲ့သည်။သူမဆီသာရောက်သွားပါက...နန်းကုန်းယွဲ့ တစ်ယောက်ကိစ္စချောသွားတော့မှာသေချာ သည်။
ကံမကောင်းချင်တော့ နန်းကုန်းယွဲ့ မှာသူ့သတိပေးမှုအား ဂရုမစိုက်...နှာဘူးထပြီးသာ ချန်းပေ့ရယ် ဆီတည့်တည့် လျှောက်သွားသည်။
(အောဟော...အဆင်လေးမြင်တာနဲ့အခြေအနေမသိ..ဘူးပြီးကိုယ့်သေတွင်းကိုယ်တူးတဲ့အမိ...)

YOU ARE READING
နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး (အပိုင်း-၅၀၀ နောက်ပိုင်း)
Fantasyအပိုင်း(၅၀၀) နောက်ပိုင်းပါရှင့်