အပိုင်း(၇၁၂+၇၁၃+၇၁၄)

1.3K 136 4
                                    

အပိုင်း(၇၁၂)
 
အတိတ်တုန်းကသူလုပ်ပေးခဲ့တာတွေကိုပြန်တွေးမိတော့ ကုလော့ယွင် နှလုံးသားထဲနွေးထွေးပျော့ပြောင်းသွားခဲ့ရ သည်။
 
သူမဘဝ၏စဦးအခြေအနေမှာ တုန်းဖန်ရှောင်စဲ့ ၏အကူ အညီသာမရှိဘူးဆိုသူမအခုလိုအောင်မြင်လာလိမ့်မည်မဟုတ်ပေ။
 
တချိန်ထဲမှာပဲ…တုန်းဖန်ရှောင်စဲ့ ကလဲသူမလိုပိန်လှီအားနည်း သည့်မိန်းမငယ်လေးကအခုလိုအလျင်အမြန်အောင်မြင်တိုးတက်လာလိမ့်မည်ဟုထင်မထားခဲ့ချေ။ဤ၆နှစ်၊၇နှစ်အချိန်လေးအတွင်းသူမမှာထိပ်သီးအာဏာပိုင်အဖွဲ့အစည်းသုံးခုနှင့်ထိပ်တိုက်ရင်ဆိုင်နိုင်သည့်နေရာမျိုးရောက်လာခဲ့သည်။
 
သူမအားနည်းနုနယ်နေသည့်ထိုအချိန်ထဲကသူမဆီကအလင်းရောင်လေးကိုမြင်တွေ့နိုင်ခဲ့လောက်အောင်သူကံကောင်းခဲ့သည်။
 
“စကားမစပ်…ယွင်အာ‌တလောလေးကပဲလူငယ်လေးတစ်ယောက်သမီးကိုရှာနေတာဦးလေးကြားခဲ့တယ်”
 
“လူငယ်လေး?”
 
ကုလော့ယွင် မျက်မှောင်ကုတ်ကာပဟေဠိဆန်သည့်အလင်း များသူမမျက်လုံးထဲထင်ဟပ်လာပြီး “သူ့နာမည်ပြောခဲ့သေး လား?”
 
“မပြောခဲ့ဘူး…သမီးမရှိဘူးဆိုတာနဲ့တန်းထွက်သွားတာပဲ..တံခါးမှူးတွေပြောပုံအရတော့အဲ့ကောင်လေးကချောမောခန့်ညားပြီးမျက်လုံးလေးတွေကလဲကြည်လင်တယ်…ပြီးတော့သမီးလိုပဲအစိမ်းရောင်ဝတ်စုံကိုဝတ်ထားတယ်…သူ့ကိုကြည့်ရတာ ၁၆၊၁၇ လောက်ပဲရှိသေးမယ်နဲ့တူတယ်”
 
ကုလော့ယွင် နှလုံးသားလေးတင်းကျပ်သွားကာကြည်လင် အေးမြသည့်မျက်လုံးလေးထဲခံစားချက်တွေလျှံတက်လာသည်။
 
မဟုတ်မှလွဲရော…ယွီအာ များလား?
 
ဟုတ်တယ်…အဲ့ဒါ ယွီအာ ပဲဖြစ်လိမ့်မယ်….ယွီအာ ကလွဲပြီး တခြားသူမဖြစ်နိုင်ဘူး….
 
ယွီအာ အသက်ရှင်နေသေးတာပဲ‼‼
 
“ဦးလေး…နောက်လဆိုဖွားဖွားမွေးနေ့ရောက်တော့မယ်မလား”
 
ကုလော့ယွင် မျက်လုံးထဲအလင်းရောင်တချက်လက်သွားကာ “ရသမျှအဖွဲ့အစည်းတွေအားလုံးကိုဖိတ်စာပို့ထားပေးပါလား?ထိပ်သီးအာဏာပိုင်အဖွဲ့အစည်း(၃)ခုအပါအဝင်…ဒီတိုက်ပေါ်မှာအင်အားအကြီးဆုံးအဖွဲ့တွေချည်းဖြစ်ရမယ်”
 
“ကောင်းပြီလေ”
 
တုန်းဖန်ရှောင်စဲ့ ခေါင်းငြိမ့်လိုက်ပြီး “ထိပ်သီးအာဏာပိုင် အဖွဲ့အစည်း(၃)ခုမှာ…နှစ်ခုကတော့ပြသာနာမရှိဘူး….ဒါပေမယ့်အင်မော်တယ်လောကကတော့သမီးနဲ့ရန်ငြိုးရှိတယ်ဆိုတော့မလာလောက်ဘူးနဲ့တူတယ်”
 
ကုလော့ယွင် ပြုံး၍ “သူတို့လာလိမ့်မယ်”
 
ကုလော့ယွင် ၏မျက်နှာပေါ်ကပြတ်သားလှတဲ့အမူအရာတွေ ကြောင့် တုန်းဖန်ရှောင်စဲ့ အံ့ဩသွားခဲ့ပါသော်လည်းဘာမှ မဆို။နွေးထွေးသည့်အပြုံးလေးဖြင့်သာ“ကောင်းပါပြီ။ဦးလေးစီစဉ်ထားပေးပါ့မယ်…အပြင်ကနေပြန်လာတော့ခရီးပန်းလာလောက်ရောပေါ့…သွားနားလိုက်ပါဦး…သမီးအခန်းကအရင်နေတဲ့အခန်းပဲနော်”
 
တုန်းဖန်ရှောင်စဲ့ ထွက်လို့မသွားခင် ကုလော့ယွင် ဘေးမှ ချန်းပေ့ရယ် အားတချက်ကြည့်လိုက်သေးသည်။သို့သော် လည်းစရောက်လာထဲကသူ၏မျက်လုံးမှာတချိန်လုံး ကုလော့ယွင် ဆီမှာသာရှိနေပြီးသူဘာပြောပြောကြားဟန် မတူ….
 
ကြည့်ရသည်မှာ…ဒီလောကထဲ ကုလော့ယွင် ကလွဲတခြား ဘယ်ကိစ္စကိုမှစိတ်မဝင်စားသည့်ပုံပင်။
 
တုန်းဖန်ရှောင်စဲ့ စိတ်ချမ်းသာစွာပြုံးလိုက်၏။ထိုလူသူမဘေး မှာရှိနေ‌သ၍တော့သူစိတ်ချသွားပါပြီ။
 

 
တုန်းဖန်ရှောင်စဲ့ ကြေညာလိုက်တာနှင့်တပြိုင်နက်ကုန်းမြေ တိုက်ကြီးတစ်ခုလုံးမုန်တိုင်းထန်သွားခဲ့ရသည်။
 
မည်သို့မည်ပုံပြန့်သွားသည်မသိ…တုန်းဖန်မိသားစုကမြေးမလေး ကုလော့ယွင် မှာသိုင်းဘိုးဘေးအဆင့်ကိုရောက်သွား ပြီဆိုသည့်သတင်းပါပျံ့သွားခဲ့လေသည်။သိုင်းဘိုးဘေးဆိုတာဘယ်လိုအဆင့်မျိုးလဲ?ဤကုန်းမြေတိုက်ကြီး၌စွမ်းအားအကြီးဆုံးဖြစ်တည်မှုမျိုးဖြစ်သည်။အသက်(၂၀)အရွယ်မိန်းမပျိုလေးကဘယ်လိုလုပ်ဒီလိုအောင်မြင်မှုမျိုးကိုရရှိနိုင်ရတာလဲ?
 
လူဝောာ်တော်များများကထိုသတင်းအားမယုံကြပေ။တချို့သောအစွန်းရောက်တွေကတော့…ယင်းသတင်းမှာတုန်းဖန်မိသားစုကသက်သက်မဲ့ဝါဒလိုက်ဖြန့်တာလို့တောင်ထင်နေကြသည်။
 
သို့သော်လဲ…ကောင်းကင်ဘုံစမ်းသပ်ပွဲအတွင်းအင်မော်တယ်လောကအပေါ် ချန်းပေ့ရယ် ၏ရက်စက်မှုကသူတို့အာရုံထဲ စွဲထင်ကျန်ရစ်နေသေးသည်။ဘယ်သူမှထိုအဖြစ်အားမမေ့နိုင်ကြသေးပေ။
 
ကုလော့ယွင် သိုင်းဘိုးဘေးအဆင့်အားရောက်သည်ဖြစ်စေ မရောက်သည်ဖြစ်စေ…စွမ်းအားကြီးကျင့်ကြံသူတော်တော်များများကတော့ လန်ယွီကော ၏မွေးနေ့ပွဲကိုတက်ဖို့လော နေကြပြီ။
 
ထိပ်သီးအင်အားစု(၃)ခုထဲကဝိညာဉ်ဂိုဏ်းကတောင်တက်ရောက်မည်ဖြစ်ကြောင်းအကြောင်းပြန်လာသည်။လန်ယွီကော ၏မွေးနေ့ပွဲအားကိုယ်စားပြုတက်ရောက်သူကို လွှတ်ပေလိမ့်မည်။
 
ဝိညာဉ်ဂိုဏ်း၏လုပ်ရပ်ကိုကြည့်ပြီး ငရဲခုံရုံးမှာလဲ နောက်ကျ မကျန်ခဲ့ပါပေ။ကုလော့ယွင် မှာသူတို့အကြီးအကဲကိုးနှင့် နန်းတော်အရှင်ကိုကယ်တင်ပေးခဲ့တာကြောင့်တုံ့ဆိုင်းခြင်းမရှိသူတို့လဲတက်ရောက်မည်ဆိုသည့်အကြောင်းချက်ခြင်းအကြောင်းပြန်လာသည်။

နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး (အပိုင်း-၅၀၀ နောက်ပိုင်း)Where stories live. Discover now