အပိုင်း(၆၂၀)
ဒီလောက်ကြီးတဲ့သင်္ချိုင်းဂူထဲဘာရတနာမှမရှိဘူးဆိုတာတော့လုံးဝမဖြစ်နိုင်ပေ...သူတို့ဘာမှရှာမတွေ့ဘူးဆိုထဲကရတနာတွေအားလုံးကိုဒီမိန်းမအပိုင်သိမ်းသွားခြင်းသာလျှင်ဖြစ်ရပေမည်။
အထူးသဖြင့်မုလုံမိသားစု၏တိုးတက်မှုကိုမြင်ခဲ့ရပြီးနောက် ရိလော် အားပို၍ပင်အထိန်းအကွပ်မဲ့သွားစေသည်။
သူသာရတနာတွေကိုရခဲ့ပါက...ရိမိသားစုသည်လည်းဒင်းတို့လိုတိုးတက်အောင်မြင်လာပေလိမ့်မည်။
မဟုတ်ဘူး...မုလုံမိသားစုလိုသောက်ရူးတွေပဲရှိတဲ့မိသားစုကငါ့ရဲ့ထူးချွန်ထက်မြက်အရည်အချင်းရှိလှတဲ့ရိမိသားစုကိုယှဉ်နိုင်မတဲ့လား?အဲ့ရတနာတွေနဲ့သာဆို...ငါ့ရိမိသားစုကသိုင်းဘုရင်တိုင်းကိုသိုင်းဧကရာဇ်အဆင့်ဖြစ်သွားအောင်တိုးမြှင့်ပေးနိုင်ပြီ။အဲ့ခါကျငါ့ရဲ့ရိမိသားစုကထိပ်သီးအင်အားစုသုံးခုအပြီးအသန်မာဆုံးမိသားစုဖြစ်နေတော့မည်။
မေရွှယ်...ရိလော် ကိုကြည့်ရင်းဆွဲဆောင်မှုရှိသည့်မျက်နှာထပ် အေးစက်စက်အပြုံးတစ်ပွင့်ထွက်ပေါ်လာ၏။
ဤလူမိုက်မှာအခုချိန်ထိကိုအခြေအနေအားနားမလည်နိုင်သေးပေ....ဒီလိုနေရာမျိုးမှာတောင်မိုက်ကန်းကန်းနဲ့လာမောက်မာနေနိုင်သေးတာ...အသက်မရှင်ချင်တော့လို့လား?
“မိန်းကလေးကု...ကျွန်မတို့မိသားစုအရေးကိစ္စတွေကိုဝင်မစွက်ဖက်ပါဘူးဆိုတာတကယ်လား?”
သူမက ကုလော့ယွင် ကိုကြည့်ရင်းအလေးအနက်မေးလိုက်၏။
“ကတိပေးနိုင်တယ်...ကျွန်မကျောက်တုံးနက်မြို့ကိုပေါင်းစည်းချင်တာရှင်တို့အားလုံးကို...တသွေးတသံတမိန့်ဆိုတဲ့အတိုင်းနာခံစေချင်လို့မဟုတ်ပဲ...ကျွန်မရဲ့အမိန့်ကိုနာခံပြီးအကူအညီလိုအပ်လာတဲ့အချိန်မိုင်ထောင်ချီဝေးနေရင်တောင်အကူအညီပေးစေချင်လို့ပဲ”ကုလော့ယွင် ခေါင်းညိမ့်လိုက်သည်။
သူမမှာ စွန့်ပစ်ခံနယ်မြေ၌ကြာကြာနေစရာအကြောင်းလဲမရှိပေ။
ငရဲနက်ကြာပန်းကိုရတာနဲ့သည်နေရာမှထွက်ခွာသွားတော့မည်။
သူမတွက်ကိုယ်ပိုင်အင်အားစုထည်ထောင်ခဲ့တာတောင်မှ...ငရဲနက်ကြာပန်းကိုနေရာအနှံ့ရှာဖွေနိုင်ရန်တွက်ကြောင့်သာ...
ထိုမှတစ်ပါးသူမမှာအခြားရည်ရွယ်ချက်လဲမရှိပေ။
“ကောင်းပါပြီ”
မေရွှယ် သက်ပြင်းရှိုက်လိုက်ရင်း “ကျွန်မ...မေရွှယ် သခင်မထံ အညံ့ခံပါတယ်”
သူမလက်သီးကိုဆုပ်ကာဒူးထောက်လျှက်ဆို၏။သူမအသံမှာအရင်လိုဆွဲဆောင်မှုရှိသည့်ညုတုတုအသံနဲ့မတူလေးစားမှုတို့ဖြင့်သာပြည့်နေ၏။
“မော့လီယို နဲ့ မေရွှယ် ကခစားဖို့ဆုံးဖြတ်လိုက်ထဲကကျုပ် ဟေးပေါင် ကလဲငြင်းစရာမရှိပါဘူး”ဟေးပေါင် ရယ်လျှက် “ကျုပ် ဟေးပေါင် ဒီလောက်အသက်ငယ်တဲ့သခင်မနောက်လိုက် နိုင်တာရှက်စရာအကြောင်းမရှိတော့ပါဘူး”
ဂုဏ်သရေလား?
ဤစွန့်ပစ်ခံနယ်မြေထဲဂုဏ်သရေဆိုတာအဘယ်မှာရှိလို့တုန်း?
အင်အားပိုကြီးတဲ့သူထံခစားရခြင်းမှာဘယ်တော့မှမပြောင်းလဲသည့်ဥပဒေတစ်ခုသာ....
သံသယဝင်ရန်ပင်မလို...အနှီမိန်းကလေးမှာသူတို့၏အညံ့ခံခစားမှုနှင့်ထိုက်တန်သူဖြစ်သည်။ခုဏကသူတို့ကိုပေးထားသည့်ဖိအားအောက်မှာ...သေခြင်းတရား၏ခြိမ်းခြောက်မှုအားနေ့အလင်းအလားရှင်းရှင်းလင်းလင်းကိုခံစားခဲ့ရ၏။သူတို့သာငြင်းပယ်လိုက်ပါကသနားညှာတာခြင်းမရှိသူတို့အားသတ်ပေလိမ့်မည်။ကုလော့ယွင် မှာသူတို့အားခြိမ်းခြောက်ခဲ့သော်လည်း ဟေးပေါင် ကတော့ မှားတယ်လို့မထင်ပေ...ဤသည်မှာအင်အားကြီးသူသာအနိုင်ယူနိုင်မည့်စွန့်ပစ်ခံနယ်မြေကြီးဖြစ်သည်။
ရိလော် တစ်ယောက်တောင့်တင်းအေးခဲသွားခဲ့ရသည်။မေရွှယ် နှင့် ဟေးပေါင် က ကုလော့ယွင် အားလိုလိုလားလားခစားလိမ့် မည်လို့သူထင်မထားခဲ့ချေ။
“အရှင်ဟေးပေါင်၊အရှင်မမေရွှယ်...ဒီမိန်းမလှည့်စားမှုထဲမဝင်ပါနဲ့...ဝံပုလွေပျံဓားပြဂိုဏ်းကိုရှင်းပစ်တာသူလုံးဝမဟုတ်ဘူး....”
အရှင်နှစ်ပါး...ကုလော့ယွင် ထံခစားလိုက်ရခြင်းမှာအနှီမိန်းမ၏ လှည့်စားခြင်းကိုခံရတာကြောင့်သာဖြစ်ပေလိမ့်မည်။
သူမရဲ့ဇာတ်ရှုပ်ကိုသူဖော်ထုတ်နိုင်သ၍အရှင်နှစ်ပါးကအသိပြန်လည်လာလိမ်မည်။
ဟေးပေါင် စိတ်အနှောက်အယှက်ဖြစ်ကာမျက်ခုံးတွန့်လျှက် ရိလော် အားစိန်းစိန်းဝါးဝါးကြည့်လိုက်၏။အေးစက်စွာနှာမှုတ် လိုက်ပြီးနောက်...နောက်တကြိမ်ထပ်ကြည့်ရန်စိတ်မဝင်စားေတာ့ပေ...
“ရှင်တို့နှစ်ယောက်လုံးဆုံးဖြတ်ပြီးပြီပေါ့...”ရိလော် ၏ပေါက်ကွဲ မှုအား ကုလော့ယွင် မရှိသည့်လေလိုသဘောထားလိုက်ပြီး နှစ်ယောက်လုံးအားပြုံးပြလိုက်၏။ “ကောင်းပြီလေ...ရှင်တို့ကို လဲရွေးချယ်ခွင့်ပေးမယ်...ကျွန်မနောက်မလိုက်ချင်ဘူးဆိုဘယ်သူမဆိုထွက်သွားနိုင်တယ်”
အားလုံးတစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်ပြီးဆုံးဖြတ်ချက်မချနိုင်ဖြစ်နေ၏။
နောက်ဆုံး...သက်လက်ပိုင်းအရွယ်လူကြီးတစ်ယောက်အားလုံးရှေ့ထွက်လာကာ “ကျုပ်ကတော့ဘယ်သူ့ကိုမှဒူးထောက်မခစား နိုင်ဘူး”
“အို”ထွက်လာသည့်လူကိုကြည့်ပြီး ကုလော့ယွင် မျက်လုံးတို့ မှေးကျဉ်းသွားခဲ့သည်။အနှီလူအားတချက်ကြည့်ရုံနဲ့တင်ဘယ်သူလဲသူမတန်းမှတ်မိလိုက်၏။
ထိုလူမှာ...လီမိသားစုက လီချင် ဖြစ်ပြီး ရိလော် ၏လက်ပါးစေ တွေထဲကတစ်ယောက်ဖြစ်သည်။ဂူသင်္ချိုင်းထဲမယ်အကျယ်ဆုံးအသံထွက်လာသူတွေထဲကတစ်ယောက်လဲဖြစ်ပေသည်။ပြီးခဲ့တဲ့နှစ်အတွင်းရိမိသားစုနဲ့လက်ဝါးခြင်းရိုက်ပြီးမုလုံမိသားစုကိုပြသာနာပေါင်းများစွာပေးခဲ့သည်။

ŞİMDİ OKUDUĞUN
နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး (အပိုင်း-၅၀၀ နောက်ပိုင်း)
Fantastikအပိုင်း(၅၀၀) နောက်ပိုင်းပါရှင့်