အပိုင်း(၅၇၇,၅၇၈,၅၇၉)

1.3K 106 2
                                    

အပိုင်း(၅၇၇)

သူ့ကြောင့်သာမဟုတ်ဘူးဆို...ကုလော့ယွင် နှင့် ယဲ့နော့ လဲ ရိမိသားစုကိုဆန့်ကျင်ခဲ့မိမှာမဟုတ်ချေ။

“လုပ်စမ်းပါ...မုလုံမိသားစုရဲ့သခင်မအလောင်းအလျာအနေနဲ့ဘာဖြစ်လို့ဒီလောက်တောင်တုံးအနေရတာတုန်း?”ယဲ့နော့ မျက်ဖြူလှန်ကာအထင်သေးစွာဖြင့် မုလုံယန် ကိုကြည့်လိုက်ရင်း “အရင်တုန်းက...မုလုံရော့အာ ရှေ့မှာသက်တော်စောင့်ကု ကိုကာကွယ်မပေးခဲ့ဘူးဆို...အစ်မသေသေရှင်ရှင်...သူကဂရုစိုက်လိမ့်မယ်များမှတ်နေလား?”

မုလုံယန် တုန်လှုပ်သွားခဲ့သည်။ယဲ့နော့ စကားတွေကသူမကို ဟာသတစ်ခုလိုရယ်စရာဖြစ်နေတာတောင်သူမစိတ်မဆိုးနိုင်ပေ...အခုမှသာတစ်ခုခုကိုသဘောပေါက်သွားတော့သည်။

ငါ့ရန်သူတွေကိုရင်ဆိုင်ပေးရင်း...ကူညီပေးခဲ့တာတွေအားလုံးက မုလုံရော့အာ ရှေ့မှာသူ့ကိုကာကွယ်ပေးခဲ့တဲ့တွက်ကြောင့်ပေါ့လေ

မုလုံယန် ခါးသက်သက်နဲ့ရယ်လိုက်မိသည်။သူမရင်ထဲမှာတော့ ရှုပ်ထွေးသည့်ခံစားမှုတစ်ခုအားခံစားမိလိုက်သည်။

လက်စသတ်တော့သူကဒီလိုလူမျိုးကိုး....

လူတစ်ယောက်ကတစ်ချက်လေးမကောင်းလိုက်တာနဲ့တစ်သက်လုံးကောင်းခဲ့ဖူးသမျှအရာတွေအကုန်လုံးကိုမေ့သွားနိုင်သည်။သို့ပေမယ့်သူ့ရှေ့မှာတစ်ခုလောက်ကောင်းပြလိုက်မယ်ဆိုရင်တော့...သင့်ကိုသူ့တစ်သက်လုံးအမှတ်ရနေပေလိမ့်မည်။

ဒီလိုဆိုရင်တောင်....မုလုံရော့အာ သူ့အပေါ်လုပ်ခဲ့သမျှ ပြသာနာ ရှာခဲ့သမျှအရာတိုင်းကငါ့အပြစ်တွေချည်းပဲလေ...

“မိန်းကလေးကု...ကျေးဇူးတင်ပါတယ်”မုလုံယန် အသက်ပြင်း ပြင်းရှူသွင်းလိုက်ရင်းကျေးဇူးတင်သည့်အကြည့်တို့ဖြင့်ကြည့်လိုက်သည် “ဒီတသက်မှာနင်နဲ့တူတူဆံခွင့်ရတာငါ့ဘဝတွက်တော့ အကောင်းဆုံးဆုလာဘ်ပါ...ဘာပဲဖြစ်ဖြစ်ပါ...အတိတ်တုန်းကနင့်အပေါ်မကောင်းခဲ့သမျှအရာရာတိုင်းတွက်ငါ့လုပ်ရပ်နဲ့ပဲပြန်ပြုပြင်သက်သေပြပါ့မယ်...”

နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး (အပိုင်း-၅၀၀ နောက်ပိုင်း)Unde poveștirile trăiesc. Descoperă acum