အပိုင်း(၆၆၅)
သူမတကယ်တွေးတောင်မတွေးကြည့်ခဲ့ဖူးပေ။
ထို့အပြင်၊လက်ရှိ ချန်းပေ့ရယ် မှာအရင်တုန်းကသူမ သိခဲ့သည့် ချန်းပေ့ရယ် နှင့်သိပ်မတူဝောာ့ပေ။
အရင်တုန်းက ချန်းပေ့ရယ် နှာအပြစ်ကင်းတဲ့ကလေး တစ်ယောက်နဲ့တူပြီးလက်ရှိ ချန်းပေ့ရယ် မှာနေ့ခြင်း ညခြင်းအရွယ်ရောက်လာသူတစ်ယောက်နှင့်တူသည်။
“ရှောင်ရယ်...ကျွန်မမှာပြန်မဆပ်ရသေးတဲ့အငြိုးတွေရှိနေသေးတယ်”ကုလော့ယွင် သူမမျက်လုံးအားဖြည်း ညှင်းစွာမှိတ်လိုက်ပြီးအတော်လေးကြာမှပြန်ဖွင့်လိုက်သည်။သူမရှေ့မှတုနှိုင်းမဲ့လှပသည့်မျက်နှာလေးကိုကြည့်ကာ “ကျွန်မအမေကရက်ရက်စက်စက်သေသွားခဲ့ရ ပြီးကျွန်မအဖိုး(အမေဘက်)တို့တစ်မိသားစုလုံးလဲသုတ်သင်ရှင်းလင်းခံခဲ့ရတယ်...ဒါတောင်အဲ့မအေဘေးခွေးကောင်ကြီးကသူ့ကိုယ်သူသိတက်တဲ့သမက်တစ်ယောက်လိုဟန်ဆောင်မျက်ရည်ကျပြနေခဲ့သေးတာ...ကျွန်မဒီရန်ငြိုးတွေကိုညတိုင်းမေ့လို့ရမနိုင်ဘူး...တခြားကိစ္စတွေကိုတော့ကျွန်မပြန်လက်စားခြေပြီးမှပဲစဉ်းစားတော့မယ်”
ချန်းပေ့ရယ် နှုတ်ခမ်းလေးများပြုံးတက်သွားကာရှည် လျားသွယ်လျှသည့်လက်ချောင်းလေးတွေဖြင့် ကုလော့ယွင် ၏ဆံနွယ်လေးတွေကိုပွတ်သပ်လိုက် သည်။သူများတွေရှေ့ဆိုရက်စက်အကြင်နာမဲ့ပြီးအေးစက်သွေးဆာတဲ့အသံမှ...သူမရှေ့မှာတော့နွေးထွေးပြီးအကြင်နာမေတ္တာတွေနဲ့ပြည့်နှက်နေကာ...
“ဒါဆိုလဲကိုယ်မင်းကိုဆက်စောင့်နေပါ့မယ်...မင်းကိုယ့်အကူအညီလိုရင်တစ်ခွန်းသာပြောလိုက်...မင်းရဲ့ရန်သူတွေနဲ့မင်းကိုထိခိုက်အောင်လုပ်ခဲ့သမျှလူတွေအားလုံးကိုအရှင်လက်လက်ငရဲကျအောင်ကိုယ်ပြန်တုံ့ပြန်ပေးမယ်”
သူမကိုနှလုံးသားတစ်ခုလုံးပုံအောပြီးချစ်ခဲ့ရတာ...သူများတွေထိခိုက်နာကျင်အောင်လုပ်တာကိုဘယ်လိုသည်းခံနိုင်ပါ့မလဲ?
အတိတ်ဘဝတုန်းကသူမကိုနာကျင်အောင်လုပ်ခဲ့တဲ့သူတစ်ယောက်အကြောင်းပြန်မြင်ယောင်လာမိတော့သူ့ရင်ထဲသတ်ဖြတ်လိုစိတ်တွေဗလောင်ဆူလာပြီ။အတိတ်ရဲ့အရိပ်တွေကနေပြန်လည်ရုန်းထွက်လာနိုင်ဖို့နည်းနည်းအချိန်ယူခဲ့ရပြီးမှ...သူ့ရှေ့ကမိန်းကလေးကိုခေါင်းငုံ့ကြည့်လိုက်မိသည်။
“ယွင်အာ...မင်းပြောတော့ကိုယ့်ကိုပြစရာရှိတယ်ဆို?”
“ဟုတ်တယ်...ဒီဟာပဲ”
ကုလော့ယွင် မျက်လုံးထဲသိချင်စိတ်တွေထွက်ပေါ်လာ ကာလက်ဖဝါးထပ်အနက်ရောင်သေတ္တာလေးတစ်လုံးပေါ်လာသည်။
“ဒါကျွန်မကိုလူတစ်ယောက်ကပေးထားတာ...ကျွန်မလဲဘယ်လိုသုံးရမလဲမသိဘူး...တစ်ချက်လောက်ကြည့်ပေးပါလား?”
“အင်း?”
ထိုအရာလေးအား ချန်းပေ့ရယ် ကြည့်လိုက်သည့်အခါ ထူးဆန်းသည့်အလင်းတချက်လက်သွားပြီးအနည်းငယ်ထိတ်လန့်သွားဟန်ဖြင့် “ဒါ...နတ်လက်နက်ပဲ?”
နတ်လက်နက်?
စိတ်လှုပ်ရှားမှုကြောင့် ကုလော့ယွင် ရင်တွေတဒိန်းဒိန်း ခုန်လာကာ “နတ်လက်နက်ဟုတ်လား? ရှင်တကယ် သေချာရဲ့လား?”
လက်ရှိကမ္ဘာကြီး၌ဝိညာဉ်လက်နက်ဆိုရင်တောင်လောကမှာအဖိုးထိုက်ဆုံးအရာဖြစ်နေပြီ။ဒဏ္ဍာရီနတ်လက်နက်တွေကိုတောင်မဆိုထားနဲ့လက်ရှိမှာကျန်ရှိနေတဲ့သာမန်ဝိညာဉ်လက်နက်တွေတောင်ရေကြည့်လိုက်ရင်လက်တဖက်မပြည့်ပေ။
သူမမှာရှိတဲ့ ‘ရှေးဟောင်းနတ်စေတီ’ မှာလဲ နတ်လက်နက်တစ်ခုဖြစ်သည်။ဒီနတ်လက်နက်ကရောဘာအမျိုးအစားပါလိမ့်?
ဒါကိုမသိရင်တောင်နတ်လက်နက်ဆိုတာနဲ့ပဲတလောကလုံးယှဉ်လို့မရနိုင်တဲ့အဆင့်ကိုရောက်နေပြီးပဲမဟုတ်ပါလော...
“ဒါတကယ်နတ်လက်နက်ပဲ...နောက်ပြီးဒါကသီးခြားနေရာလွတ်နယ်မြေနတ်လက်နက်ပဲ”
“သီးခြားနေရာလွတ်နယ်မြေနတ်လက်နက်?ရှေးဟောင်းနတ်စေတီနဲ့တူတူပဲပေါ့?”
ကုလော့ယွင် မှာကြားရတဲ့သတင်းကြောင့်ပိုအံ့ဩသွား ခဲ့ရသည်။နတ်လက်နက်တွေထဲမှာတောင် ‘သီးခြားနေရာလွတ်နယ်မြေ’ နတ်လက်နက်တွေက အဖိုးထိုက်ဆုံးပဲမလား....
“မတူဘူး”ချန်းပေ့ရယ် ခေါင်းယမ်းလိုက်ရင်း “ရှေးဟောင်းနတ်စေတီကဟိုးရှေးရှေးထဲကရှိခဲ့တဲ့ရှေးဟောင်းနတ်လက်နက်လေ...ယွင်အာ...ဒီလက်နက်ထပ်အများကြီးပိုတန်ဖိုးရှိတယ်...နတ်လက်နက်တွေကသာမန်လက်နက်နဲ့မတူဘူး...သခင်နဲ့ဝိညာဉ်စာချုပ်ချုပ်တာပဲ..သူတို့နဲ့ချုပ်ဆိုပြီးတာနဲ့မင်းဝိညာဉ်မပျက်သုန်းသွားမခြင်းဘဝအဆက်ဆက်ပြန်လည်ဝင်စားခဲ့ရင်တောင်မင်းနဲ့အတူလိုက်နိုင်တယ်”
ကုလော့ယွင် ခေါင်းယဲ့ယဲ့လေးငြိမ့်ကာသက်ပြင်းရှိုက် လိုက်ပြီးဖြည်းဖြည်းခြင်းမျက်လုံးမှိတ်လိုက်သည်။
သူမရဲ့ဝိညာဉ်သိစိတ်ကိုသုံးပြီးသေတ္တာနက်ထဲကိုဝင်ရောက်လိုက်သည်။ချက်ခြင်းပင်၊အနက်ရောက်အလင်းတန်းတွေကြားမှရွှေရောင်စာလုံးကြီးတစ်လုံးထွက်ပေါ်လာသည် “ဖရိုဖရဲ”
ကုလော့ယွင် မျက်လုံးပြန်ဖွင့်ကာလက်ထဲကသေတ္တာ လေးကိုငေးကြည့်ရင်း “နတ်လက်နက်နဲ့ဆက်သွယ်တာ ကကျွန်မထင်သလောက်မခက်ဘူးပဲ”ဟုပြောလိုက်သည်။
“နတ်လက်နက်နဲ့ပဋိညာဉ်ချုပ်ဖို့ဆိုတာမလွယ်ပါဘူး”ချန်းပေ့ရယ် ပြုံးလျှက်ဆက်ပြောလိုက်သည် “လူတိုင်းက နတ်လက်နက်ကိုမထိန်းချုပ်နိုင်ဘူးလေ...နတ်လက်နက်ရဲ့လက်နက်ဝိညာဉ်ကသာမန်လက်နက်ဝိညာဉ်တွေထပ်...အသိဉာဏ်ပိုမြင့်ပြီးသခင်ရွေးချယ်တဲ့နေရာမှာလဲပိုတင်းကျပ်တယ်...မင်းရဲ့ဝိညာဉ်စွမ်းအားကသူ့ထပ်ပိုမြင့်နေတော့မှသာလျှင်ရွေးချယ်ကြလေ့ရှိတယ်...ယွင်အာ သူ့ကိုနာမည်ပေးလိုက်ပါဦး”
ကုလော့ယွင် မေးစေ့ကိုပွတ်ကာတီးတိုးရေရွတ်ရင်း စဉ်းစားခန်းဝင်နေပြီးမှ... “သူ့ကို ရှောင်ဟေး(အနက်လေး) လို့ခေါ်မယ်လေ”
“ဂွီ...ဂွီ”
ယင်းနာမည်အားကြားပြီးနောက် ရှောင်ဟေး လေးမှာ ၎င်းအားအပြင်းအထန်ဆန့်ကျင်သည့်ဟန်ဖြင့် ကုလော့ယွင် လက်ထဲမှပျံသန်းသွားသည်။

YOU ARE READING
နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး (အပိုင်း-၅၀၀ နောက်ပိုင်း)
Fantasyအပိုင်း(၅၀၀) နောက်ပိုင်းပါရှင့်