အပိုင်း(၇၂၅)
သူမအစည်းအဝေးခန်းကိုသွားနေတုန်း...ခန့်ညားသည့်လူတစ်ယောက်သူမရှေ့မှာရပ်လာသည်။ထိုလူကိုမြင်ပြီးနောက်မျက်မှောင်ကြုတ်ရင်း “ဘာလုပ်တာတုန်း?”ဟုမေးလိုက်သည်
“မင်းပြန်ရောက်ပြီပြောလို့...ကိုယ်မင်းကိုလာတွေတာလေ...စကားမစပ်မင်းဟို *ဖျာသည်မ ဝေရီရီ နဲ့တွေ့ခဲ့တာလား?” ထိုလူမှာပြုံးနေသော်လည်း ဝေရီရီ့ နာမည်ကိုထည့်ပြောပြီး နောက်သူ့မျက်လုံးထဲအဆုံးမဲ့ရွံရှာစက်ဆုပ်မှုတို့ဖြင့်ပြည့်နေ၏။
လွန်လေပြီးသောအခါက...ထိုမိန်းမ ဝေရီရီ သာဆေးအာဏာပိုင်ကြီး၏အချစ်ဆုံးတပည့်မဟုတ်ဘူးဆို...အနှီမိန်းမအားယောင်လို့တောင်သူ့ဆီကျအောင်မြှူဆွယ်ခဲ့မှာမဟုတ်ချေ။ထိုမိန်းမကအလွန်အမင်းသဝန်တိုပြီးသူ့ကိုတခြားမိန်းကလေးတွေနှင့်မပတ်သပ်အောင်ထိန်းချုပ်တားမြစ်လိမ့်မယ်လို့ဘယ်ထင်ခဲ့ပါ့မလဲ?
ဒါကြောင့်သာ...သူမအပေါ်သူသစ္စာဖောက်ခဲ့ခြင်းဖြစ်ပြီး...ဒီ့အတွက်သူ့ကိုအပြစ်တင်လို့မရပေ။
“ဟင့်အင်း”ရုန်ရှင်း ခေါင်းခါရမ်းလိုက်ပြီး “ဝေရီရီ့ ကို ဆန့်ကျင်ဖို့ဂိုဏ်းကခွေးအိုကြီးတွေနဲ့အရင်ဆွေးနွေးတိုင်ပင်ရဦးမယ်...”
“ဝေရီရီ ဆိုတဲ့ကောင်မဒီလောက်ထိသက်ဆိုးရှည်လိမ့်မယ်လို့ ကိုယ်တကယ်မထင်ထားခဲ့ဘူး...အခုတော့အသက်ရှည်ရုံတင်မကသူ့ကိုခပ်ထားတဲ့အဆိပ်တွေပြာပြေသွားတဲ့အပြင်စွမ်းအားတွေတောင်ပြန်ရသွားခဲ့ပြီ..ဘယ်လောက်စိတ်တိုဖို့ကောင်းလိုက်သလဲ”ထိုလူမှာမုန်းတီးစွာအံကျိတ်လျှက် “ဒါပေမယ့် ဝေရီရီ ဆိုတဲ့အဲ့ခွေးမတုန်းဖန်မိသားစုရဲ့မျက်နှာသာပေးမှုကို ရလာတော့ရောဘာဖြစ်လဲ?တုန်းဖန်မိသားစုကတဟုန်ထိုးအင်အားကြီးလာပေမယ့်ကိုယ်တို့လိုချင်တဲ့အပြစ်သားကိုကာကွယ်ပေးထားဖို့မှမဖြစ်နိုင်တာ...အခုလိုအချိန်တွေဖြုန်းနေမယ့်အစားတုန်းဖန်မိသားစုကိုပဲလက်လွှဲပေးဖို့တိုက်ရိုက်တောင်းလိုက်ပါတော့လား?”
ရုန်ရှင်း ထိုလူအားအထင်သေးလှောင်ပြောင်ချင်သည့်အပြုံး ဖြင့်မထီမဲ့မြင်ကြည့်ကာ “လင်ကျွင်း..အသက်ကြီးလာတာနဲ့ အမျှနင့်ဦးနှောက်ကခွေးစားသွားပြီလား?ဘာလို့ဒီလောက်ေတာင်ကျပ်မပြည့်ရတာလဲ...အဲ့လိုပြောလို့သာရကြေးဆိုငါအခုချိန်ထိစောင့်နေပါဦးမလား...စကားကိုခေါင်းနဲ့တွေးပြီးမှပြောစမ်းပါ...ဒါပေမယ့်ဘာပဲဖြစ်ဖြစ်ပါ...သူ့အတွက်ငါအစီအစဉ်ဆွဲထားတာတွေရှိပြီးသား....”
ရှက်သွားသည့်သူအား ရုန်ရှင်း မျက်စောင်းတချက်ထိုးကြည့် လိုက်ပြီးလျစ်လျူရှုကာအစည်းအဝေးခန်းသို့ဆက်ထွက်သွားတော့သည်။
ထွက်သွားသည့် ရုန်ရှင်း ၏ကျောပြင်အား လင်ကျွင်း လက် သီးတင်းတင်းဆုပ်လျှက်အေးစက်ခါကောက်ကျစ်စင်းလဲသည့်မျက်ဝန်းတစ်စုံဖြင့်စိန်းစိန်းဝါးဝါးစိုက်ကြည်လိုက်သည်။
ရုန်ရှင်း...နင်ကဆေးအာဏာပိုင်ဖြစ်သွားပြီဆိုတာနဲ့ငါ့ကိုအထင်သေးအရှက်ခွဲလို့ရမယ်များထင်နေရော့လား?ငါတို့ကတကိုင်းထဲနားတဲ့ပုရွက်ဆိတ်တွေဆိုတာမမေ့နဲ့နော်...ဒီအတိုင်းဆက်လုပ်နေရင်....နင်လုပ်ထားသမျှငယ်ကျိုးငယ်နာမကောင်းမှုတွေအားလုံးကိုဖော်ထုတ်ပစ်တော့မှာ....
…
အစည်းအဝေးခန်းမ၌အကြီးအကဲတွေတစ်ယောက်နဲ့တစ်ယောက်ခေါင်းခြင်းဆိုင်ကာစကားပြောနေကြသည်။
ရုတ်တရက်အခန်းတံခါးပွင့်လာတာကြောင့်....အကြီးအကဲတွေရဲ့စကားကြောပြတ်သွားခဲ့ရပြီးဝင်ရောက်လာသည့်စုံတွဲထံအကြည့်ရောက်သွားကြသည်။
ရုန်ရှင်း မျက်လုံးများဟာတည်ငြိမ်ကာဣန္ဒြေရနေသည်။ အဖြူရောင်ဝတ်စုံနဲ့သူ့ပုံစံမှာမကောင်းမှုတွေကြားကနတ်သမီးလေးတစ်ပါးအလားထင်မှတ်ရစေသည်။အခန်းတွင်းသို့ဒေါင်းမတကောင်အလားဝံ့ကြွားစွာဝင်ရောက်လာကာအခန်းတွင်းရှိလူတိုင်းအားဝေ့ကြည့်လိုက်သည်။တလှမ်းခြင်း၏လှမ်းရင်းထိပ်ဆုံးခုံဆီရောက်တဲ့ချိန်သူမ၏ဝတ်ရုံစအားမာန်ပါပါနှင့်ခါပြီးထိုင်ချလိုက်သည်။
“ကျွန်မဘာအကြောင်းပြောမလဲဆိုတာအကြီးအကဲတိုင်းသိလောက်မယ်ထင်ပါတယ်”ရုန်ရှင်း ၏မျက်နှာမှာအေးချမ်း တည်ငြိမ်နေသယောင်ရှိသော်လည်းမျက်လုံးတွေကတော့ယုတ်မာစင်းလဲသည့်ဟန်အနည်းငယ်ပေါ်နေ၏ “လွန်ခဲ့တဲ့ဆယ်နှစ်ကဘာတွေဖြစ်ခဲ့လဲဆိုတာအားလုံးသိကြမှာပေါ့...လွန်ခဲ့တဲ့ဆယ်နှစ်ကဆရာအချစ်ဆုံးတပည့် ဝေရီရီ ကမဟာဆေးကျမ်းတော်ကြီးအတွက်နဲ့ဆရာ့ကိုသတ်ခဲ့ပြီးအပြစ်ပေးခံနေရတဲ့ကြားကထွက်ပြေးသွားခဲ့တယ်...ဒါပေမယ့်သိပ်မကြာခင်ကပဲကျွန်မသူနဲ့ပြန်ဆုံခဲ့ရတယ်”
ဟာ...ဟင်...အစရှိသောအာမေဋိတ်အသံတွေထွက်ပေါ်လာ၏
ဝေရီရီ ဟာအပြစ်ပေးခံနေရရာမှအပြင်လောကသို့ထွက်ပြေး လွတ်မြောက်သွားပြီးနှစ်ပေါင်းများစွာတိမ်းရှောင်နေခဲ့သည်။ဆေးခုံရုံး၏အဆက်အသွယ်တွေနှင့်သူမအားလိုက်ရှာခဲ့ပါသော်လည်းဘယ်နေရာမှာမှရှာလို့မတွေ့ခဲ့ချေ....အခုလိုအချိန်မျိူးမှာသူမကိုယ်တိုင်သူတို့မျက်စိရှေ့ထွက်ပေါ်လိမ့်မယ်လို့တော့တွေးမထားမိခဲ့ကြပေ။
ရုန်ရှင်း စကားဆုံးတဲ့အခါတချို့သောအကြီးအကဲတွေက သဘောမတူသည့်ဟန်ဖြင့်မျက်မှောင်ကြုတ်သွားကြသည်။
“ဆေးအာဏာပိုင်...ယခင်ဆေးအာဏာပိုင်ကြီးကိုသတ်တဲ့နောက်ကွယ်ကတရားခံက ဝေရီရီ ပါဆိုတဲ့သက်သေမှမရှိခဲ့ တာ...နောက်ပြီးဆေးအာဏာပိုင်ကြီးကလဲသူမကိုသမီးအရင်းတစ်ယောက်လိုချစ်မြတ်နိုးပေးခဲ့တာ...ဆရာဖြစ်သူကိုသတ်ပစ်ရအောင်ဘာအကြောင်းများရှိနေလို့လဲ?”
“အကြီးအကဲ ထျန်းလီ ပြောတာအမှန်ပဲ...ဝေရီရီ သတ်ပါ တယ်ဆိုတဲ့သက်သေမှမရှိခဲ့တာ...နောက်ပြီးသူမကနဂိုထဲကမဟာဆေးကျမ်းတော်ကြီးရဲ့ဆက်ခံသူဖြစ်နေခဲ့တဲ့ဟာ...ဘာဖြစ်လို့ဆေးကျမ်းအတွက်အာဏာပိုင်ကြီးကိုသတ်မှာလဲ?”
အပိုင်း(၇၂၆)
ထိုစကားဆိုလာသည့်အကြီးအကဲတွေမှာ...ယခင်ဆေးအာဏာပိုင်ကြီးလက်ထက်တော်ကာလတုန်းကယုံကြည်ရဆုံးလက်ရုံးတော်တွေဖြစ်သည်။ထို့ကြောင့်ထုံးစံအတိုင်း ဝေရီရီ က ဆေးအာဏာပိုင်ကြီးအားသတ်ခဲ့သည်ဆိုသည့်အချက်ကိုလက်မခံနိုင်ကြပေ။သူမမှာထိုသို့လုပ်စရာအကြောင်းမှမရှိခဲ့တာ....
ရုန်ရှင်း မျက်နှာထပ်ရေခဲရိုက်အပြုံးတစ်ပွင့်ပေါ်လာကာ မီးပွင့်တော့မတက်စူးရှနေသည့်အကြည့်တို့ဖြင့် “အဲ့ကိစ္စကို လင်ကျွင်း ကိုယ်တိုင်မြင်ခဲ့တာလေ...အဲ့အချိန်က လင်ကျွင်း က ဝေရီရီ ရဲ့ခင်ပွန်းလောင်းပဲဥစ္စာသူ့မှာရောလိမ်စရာဘာ ကိစ္စရှိလို့လဲ?သူ့မျက်လုံးနဲ့ကိုယ်တိုင်မြင်ခဲ့ရကထဲကသက်သေပြပြီးနေပြီမဟုတ်ဘူးလား...”
“ဒါအမှန်ပါပဲ”ယင်းအားကြားပြီးနောက် ရုန်ရှင်း ဘေးမှ ကိုလူချောမှာခေါင်းသွင်သွင်ငြိမ့်လိုက်၏။ကောက်ကျစ်သည့်အလင်းတချက်သူ့မျက်လုံးထဲမသိမသာလက်သွားကာ “ဆေးအာဏာပိုင်ကြီးကို ဝေရီရီ အယုံသွင်းပြီးအဆိပ်ခပ် လိုက်တာကျုပ်ကိုယ်တိုင်မြင်ခဲ့ရတာပဲ....အဲ့အချိန်တုန်းက ဝေရီရီ အဲ့လိုလုပ်ခဲ့မယ်ဆိုတာကိုမြင်ရတဲ့ကျုပ်ဘာကျုပ် တောင်မယုံကြည်နိုင်ခဲ့ဘူး...အမှန်စင်စစ်တော့သူမကယုတ်မာကောက်ကျစ်ပြီးရည်မှန်းချက်ကြီးတဲ့မိန်းမပဲ...သူ့ကိုအသည်းအသက်မကတုန်နေအောင်ချစ်တဲ့ဆရာကိုမှရက်ရက်စက်စက်သတ်ရက်တာ...လူဖြစ်ဖို့တောင်မထိုက်တန်ဘူး...”
ဝေရီရီ ဒီအတွက်ငါ့ကိုအပြစ်တင်မနေနဲ့...ငါကအသွေးနဲ့ အသားနဲ့တည်ဆောက်ထားတဲ့ယောက်ျားတစ်ယောက်ပဲ...ငါ့မှာလဲရမ္မက်ဆန္ဒတွေရှိတယ်...တခြားဂိုဏ်းတူညီမတွေမြှူဆွယ်တာကိုမလွန်ဆန်နိုင်ဘူး...ဒါပေမယ့်...မင်းကဒီအကြောင်းသိပြီးငါတို့စေ့စပ်ပွဲကိုဖြတ်ပေးဖို့ဆေးအာဏာပိုင်ကြီးကိုတင်လျှောက်မယ်လို့ခြိမ်းခြောက်ခဲ့တယ်လေ....ဘယ်လောက်လူပါးဝလိုက်သလဲ!!
ဆေးအာဏာပိုင်ကြီးကမင်းကိုသိပ်ချစ်တော့သူသာသိရင်ငါ့ကိုဆေးခုံရုံးကနေနှင်ထုတ်တော့မှာပေါ့...
ထို့ကြောင့်...ထိုနှစ်တွေအတွင်းသူဟာ ရုန်ရှင်း အားမြှူဆွယ် ခဲ့ပြီးရည်မှန်းချက်ကြီးလှသည့်အနှီမိန်းမနှင့်မဟာမိတ်ပြုခဲ့သည်။ဆေးအာဏာပိုင်ကြီးအားအဆိပ်ခပ်ခဲ့ရုံသာမကအပြစ်တွေအားလုံးကို ဝေရီရီ့ ထံသို့ပုံချခဲ့သည်။
‘ငါလိုဘုန်းရှင်ကံရှင်အာဂယောက်ျားမြတ်ကိုမိန်းမတစ်ယောက်ထဲနဲ့..တင်းတိမ်ရောင့်ရဲစေကထဲက...မင်းသွားသေဖို့သင့်နေပြီ’
ဘယ်ယောက်ျားကများမိန်းမသုံးယောက်နဲ့ကိုယ်လုပ်တော်လေးယောက်မလိုချင်ပဲနေပါ့မလဲ?ဆေးအာဏာပိုင်ကြီးရဲ့အချစ်ဆုံးတပည့်ဖြစ်တော့ရောဘာဖြစ်လဲ....အဆုံးမှာတော့မင်းကမိန်းမကမိန်းမပဲ....မင်းယောက်ျားတစ်ခြားမိန်းမတစ်ယောက်နဲ့ပျော်ပါးနေလဲမျက်စိစုံမှိတ်ပြီးလက်ခံပေးသင့်တယ်....
အတိတ်ကဖြစ်ရပ်တွေမှာ...လင်ကျွင်း ၏အယုတ်တမာ မျက်လုံးထဲတဖန်ပြန်မြင်ယောင်လာခဲ့၏။
သူသည်ဘယ်သောအခါမှ..သူမှားခဲ့သည်ဟုယောင်လို့တောင်မတွေးမိခဲ့ဖူးပေ...သူ့အတွက်တော့မှားယွင်းနေသူမှာ...သူ့အားတစ်ယောက်ထဲမောင်ပိုင်စီးချင်သည့် ဝေရီရီ့ သာဖြစ် ပေ၏။
ဘန်း!
အကြီးအကဲခုံမှာထိုင်နေသည့်...ဝတ်ရုံဖြူနှင့်အဖိုးကြီးမှာ...စားပွဲအားပြင်းထန်စွာရိုက်ချကာ...စိတ်ဆိုးမာန်ဆိုးနှင့် လင်ကျွင်း အားခက်ထန်စွာကြည့်ရင်း “လင်ကျွင်း၊ မင်းအတိတ်တုန်းကလုပ်ခဲ့တာတွေမှန်သမျှငါတို့မသိချင်ယောက်ဆောင်ရေငုံနှုတ်ပိတ်နေနေပေးလို့မေ့သွားပြီထင်မနေနဲ့...ဆေးခုံရုံးကမိန်းကလေးတွေနဲ့မင်းဘယ်နှကြိမ်တောင်မှမသင့်တော်တဲ့အပြုအမူတွေပြုခဲ့ပြီးပြီလဲ?လက်မခံတဲ့တပည့်မလေးတွေကိုလဲမင်းအတင်းဖိနှိပ်ခြိမ်းခြောက်ပြီးမတရားပြုကျင့်ခဲ့တယ်...ဆေးအာဏာပိုင်ရဲ့မျက်နှာကြောင့်ငါတို့ကမသိချင်ယောင်ဆောင်ထားပေးခဲ့တာ...ရတာထပ်ပိုရောင့်တက်မလာနဲ့...မင်းသောက်ပေါက်ကထွက်လာတဲ့ချီးစကားတခွန်းမှငါမယုံဘူး...ငါအခု ဝေရီရီ ကိုသွားရှာမယ်...သူမပါးစပ်က ကိုယ်တိုင်ဝန်ခံထားတဲ့စကားတစ်ခွန်းကိုပဲငါယုံမယ်”
ကျွီ...ကျွီ...ကျွီ...
ထိုအကြီးအကဲကြီးအခန်းထဲကထွက်ခွာသွားသည်နှင့်တပြိုင်နက်ဝါရင့်အကြီးအကဲဟောင်းတွေကပါတစ်ယောက်ပြီးတစ်ယောက်ခုံမှထကာ ရုန်ရှင်း အားအရိုအသေပေးလျှက်လိုက် ထွက်သွားကြတော့သည်။
တချိန်က ဝေရီရီ နှင့်လက်ရှိဆေးအာဏာပိုင် ရုန်ရှင်း မှာ တအူထုံဆင်းညီအစ်မအရင်းသဖွယ်ချစ်ခင်ကြပေမယ့်...ယောက်ျားတစ်ယောက်အတွက်ကိုယ့်အစ်မအားမယုံကြည်ကြည်ပဲစွပ်စွဲလိုက်ကထဲကိုကသူတို့အားအလွန်စိတ်ပျက်သွားစေသည်။သည်နှစ်တွေအတွင်းသူတို့ဆေးခုံရုံး၌ကျန်ရှိနေခဲ့ကြခြင်းမှာ...သူမအားသစ္စာရှိလွန်းလို့တော့မဟုတ်...ယခင်ဆေးအာဏာပိုင်ကြီး၏သေဆုံးမှုအားဖော်ထုတ်ပေးချင်သည့်အတွက်ကြောင့်သာဖြစ်သည်။
ထို့ကြောင့်...ဝေရီရီ ကသာလျှင်သူတို့၏တစ်ခုထဲသော မျှော်လင့်ချက်ဖြစ်လာခဲ့လေ၏။
၎င်းဖြစ်ရပ်နောက်ကွယ်ကအကြောင်းအရင်းအမှန်ကိုသူမကတော့သိကောင်းသိပေမည်။ထိုမှသာလျှင် လင်ကျွင်း ၏ မျက်နှာအစစ်ကိုခွာချပြီးဆေးအာဏာပိုင်ကိုအမြင်မှန်ရစေလိမ့်မည်။
“ဟိုလူကြီးတွေကို...တားလိုက်စမ်း”လင်ကျွင်း မျက်နှာ မည်းမှောင်သွားကာအေးစက်ခက်ထန်သည့်ဩရှရှအသံဖြင့်အမိန့်ပေးလိုက်၏။
သူ့စကားဆုံးသွားတာနှင့်...ခုံ၌ကျန်ရှိနေသည့်အကြီးအကဲတွေအကုန်ထခါ...အခန်းထဲကထွက်သွားတော့မည့်အကြီးအကဲတွေ၏လမ်းကိုပိတ်ရပ်လာကြသည်။

YOU ARE READING
နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး (အပိုင်း-၅၀၀ နောက်ပိုင်း)
Fantasyအပိုင်း(၅၀၀) နောက်ပိုင်းပါရှင့်