အပိုင်း(၆၇၃)
ရင်းနှီးနေသည့်ပုံရိပ်လေးကြောင့် ယွင်ယောင့် ပါးပြင် ပေါ်ဝမ်းသာမျက်ရည်တွေစီးကျလာသည်။ခံစားချက်တွေပွင့်အံလာတော့သူမနေနိုင်တော့သည့်အဆုံးချက်ခြင်းပဲ ကုလော့ယွင် အားပြေးဖက်လိုက်သည်။သို့ပေသိ ကုလော့ယွင် ထံသူမရောက်ခင်မှာပဲဘေးမှလက်တဖက် ပေါ်လာကာသူ့အားလွှင့်ပစ်လိုက်တာကြောင့် ယွင်ယောင့် ခဗျာမျက်နှာနဲ့မြေကြီးမိတ်ဆက်ရလုမတက်ဖြစ်သွားခဲ့ရသည်။
ချန်းပေ့ရယ် မှာဥစ္စာခြောက်နေသည့်ကြက်မကြီး အလား...စိတ်ဆိုးမာန်ဆိုးနဲ့ ‘ငါသတိပေးထားမယ်နော်’ ဆိုတဲ့အကြည့်နဲ့စိုက်ကြည့်နေသည်။
“သခင်မ...နောက်ဆုံးတော့ပြန်လာပြီပေါ့”
အရင်တုန်းကဆိုရင်တော့ ချန်းပေ့ရယ် ၏အကြည့်ကို ကြောက်ကောင်းကြောက်နေလိမ့်မည်။သို့ပေသိအခုချိန်မှာတော့ ကုလော့ယွင် နှင့်အချိန်အကြာကြီးခွဲနေခဲ့တာမို့ လွမ်းဆွတ်တမ်းတစိတ်ကြောင့် ချန်းပေ့ရယ် ၏ အကြည့်အားသတိကိုမထားမိခဲ့ချေ။
“အင်း...ငါပြန်လာပြီ...အဘိုးနဲ့အဘွားရော?”
“သူတို့တွေခန်းမထဲမှာရှိပါတယ်သခင်မ...ကျွန်မတို့အကုန်လုံးသခင်မကိုအကြာကြီးစောင့်ဆိုင်းနေခဲ့တာ...နှစ်နှစ်တောင်ရှိသွားပြီ”
ပြောရင်းနဲ့ ယွင်ယောင့် မျက်လုံးထဲဝမ်းနည်းမှုအား ငယ်မှုတို့လှိုက်တက်လာသည်။ဒီနှစ်နှစ်အတွင်းသူတို့ဘယ်လောက်တောင်ပင်ပန်းခက်ခဲခဲ့လဲဆိုတာကောင်းကင်ဘုံသာသိပေလိမ့်မည်။သို့သော်လည်းသူတို့မငြိုငြင်ပါချေ။
အရာအားလုံးကသူမအတွက်ပဲမဟုတ်လား....
“လာလေ..ဝင်ကြရအောင်”
“ဟုတ်ကဲ့...”ယွင်ယောင် အပြုံးလေးတစ်ပွင့်ကိုပန်ဆင် လိုက်ကာအရင်လိုကျက်သရေရှိတဲ့မယ်တည်ငြိမ်လေးပြန်လုပ်လိုက်ပြီး ကုလော့ယွင် အနောက်ကလိုက်ကာ ခန်းမဆီဝင်သွားလိုက်သည်။
ခန်းမအတွင်း သခင်ကြီးတုန်းဖန် နှင့် လန်ယွီကော မှာ စကားပြောနေဆဲဖြစ်သည်။လန်ယွီကော မှာခင်ပွန်း ဖြစ်သူနဲ့ရယ်ရယ်မောမောစကားပြောနေတုန်းမှာပဲ...တံခါးဝကိုကြည့်ကာရုတ်တရပ်တိတ်ဆိတ်သွားပြီး သခင်ကြီးတုန်းဖန် တခါမှမမြင်ဖူးသည့်အမူအယာမျိုး သူမမျက်နှာထပ်ထွက်ပေါ်လာသည်။
သခင်ကြီးတုန်းဖန် လဲတံခါးဝသို့လှမ်းကြည့်မိတဲ့အခါ ထိတ်လန့်လွန်းလို့သတိလစ်လုမတက်ဖြစ်သွားခဲ့ရသည် ဝမ်းသာပျော်ရွှင်လွန်းလို့သူ့နှလုံးသားတောင်မှရင်ဘက်ထဲကခုန်ထွက်တော့မည်။
သို့ပေသိအဖိုးကြီးမှာအမြဲတန်းမာနကြီးပြီးမျက်နှာသေကြီးနဲ့လူတကာကိုဆက်ဆံနေကြမို့...သူ့ရင်ထဲကအပျော်တွေကိုချုပ်ထိန်းလိုက်ကာ...ချောင်းဟန့်လိုက်ရင်း...မျက်နှာတည်ကြီးဖြင့် “ပြန်လာတာကောင်းတယ်..”
စွန့်ပစ်ခံနယ်မြေ၏အန္တရာယ်တွေကိုသူကိုယ်တိုင်မကြုံဖူးခဲ့သော်လည်းတစ်ပါးသူတွေပြောပြရာကနေကြားသိခဲ့ရသည်။
ထိုနေရာမှာသိုင်းဘိုးဘေးအဆင့်တစ်ယောက်တောင်မှပြန်လမ်းမဲ့သွားစေနိုင်သည့်အရပ်ဖြစ်သည်။
ထိုနှစ်တွေအတွင်း...သူတို့မှာသူတို့၏အဖိုးတန်မြေးမလေးအားစိုးရိမ်ပူပန်မှုကြောင့်ညတိုင်းကောင်းကောင်းမွန်မွန်မအိပ်စက်နိုင်ခဲ့ပေ။
အခုဝောာ့သူတို့တချိန်လုံးမျှော်နေခဲ့ရတဲ့ကလေးမလေးပြန်လာပြီ...သခင်ကြီးတုန်းဖန် မှာအံ့ဩဝမ်းသာရုံတင် မကမယုံကြည်နိုင်ပါဖြစ်နေခဲ့ရသည်။
“အင်း...သမီးပြန်လာပြီ”ကုလော့ယွင် ပြုံးပြုံးရွှင်ရွှင် နဲ့သူတို့နှစ်ယောက်ဆီလျှောက်လာကာ “အဖွား.. အဖွားလူကိုကြည့်ပါဦး...အခုချိန်ထိကိုမျက်နှာပုတ်ကြီးနဲ့ဒေါသကလဲကြီးနေတုန်းပဲ?သမီးမရှိတုန်းသူသမီးရဲ့အဖွားကိုစိတ်ဆိုးအောင်လုပ်နေသေးလား?”
သခင်ကြီးတုန်းဖန် ဒေါသထွက်ကာမျက်နှာကြီးမှာလဲ အီးမှန်ထားသလိုရှုံ့တွသွားခဲ့သည်။...သောက်ကလေးမလေး...ငါကမင်းအဖိုးဆိုတာရောမှတ်မိသေးရဲ့လား?ဟမ်ကောင်းလိုက်တဲ့မြေး...ရောက်တာနဲ့ငါ့ပါးကိုဦးအောင်ချတော့တာပဲ...အံမယ်လေး...အံမယ်လေး...ဒေါသထွက်လွန်းလို့သေရတော့မှာပဲ....
“ဟွန့်”သူမပျော်မရွှင်နဲ့နှာမှုတ်လျှက်မျက်နှာလွှဲလိုက်သည့်အချိန်မှာပဲ...မတော်တဆ ချန်းပေ့ရယ် နှင့် ကုလော့ယွင် လက်ကိုင်ထားကြတာကိုမြင်လိုက်မိသည်။
ဘာ...ဒါ..ဘာတွေဖြစ်ကုန်တာလဲ?
အရင်တုန်းက...ချန်းပေ့ရယ် မှာသူ့လူပါဆိုပြီး ကုလော့ယွင် ကြေညာခဲ့ပေမယ့်ယင်းမှာ အကြီးအကဲချီလီ ကိုဆန့်ကျင်ဖို့ရန်အတွက်သာ... အဲ့အချိန်တုန်းကသူတို့နှစ်ယောက်မှာလူကြားထဲလဲလက်တွဲထားလောက်သည်အထိမရင်းနီးကြသေးပေ။
ဒီတစ်နှစ်၊နှစ်နှစ်လေးနဲ့ဘာတွေဖြစ်ကုန်တာလဲဟ?
“ယွင်အာ..သမီးနဲ့အရှင် ချန်းပေ့ရယ် ကဘယ်လိုပတ် သပ်တာလဲ?”လန်ယွီကော ကလဲဒါကိုသတိထားလိုက်မိ တာကြောင့်အံ့အားသင့်စွာမေးလိုက်သည်။
“အဖွား...သမီးတို့က...”
ကုလော့ယွင် ရှင်းပြမလို့ရှိသေးသူ့ဘေးကလူ၏ ပီတိတွေဖြာနေသည့်အသံကြီးကသူမစကားအားဖြတ်တောက်သွားခဲ့သည်။
“ကျွန်တော်တို့ကြားကအခြေအနေက ‘ချက်ပြီးသား ထမင်းဆန်ပြန်မဖြစ်နိုင်’ တော့ဘူး၊ဖြစ်ခဲ့တာတွေလဲ ဖြစ်ပြီးသွားပြီဆိုတော့...အဘိုးနဲ့အဖွားကကျွန်တော်တို့ကိုစိတ်ရင်းနဲ့သဘောတူနိုင်ဖို့မျှော်လင့်ပါတယ်”
ဝုန်း!..!
ချက်ပြီးသားထမင်းဆန်ပြန်မဖြစ်နိုင်တဲ့အခြေအနေတဲ့လား?
ကုလော့ယွင် စိတ်ထဲပေါက်ကွဲသွားခဲ့ရပြီ။သူ ချန်းပေ့ရယ် အပေါ်တကယ်လဲခံစားချက်ရှိပေမယ့် သူတို့နှစ်ယောက်ကဘယ်တုန်းကများ'ချက်ပြီးသားထမင်းဆန်ပြန်မဖြစ်နိုင်တဲ့အခြေအနေ’ရောက်သွားခဲ့ရတာလဲ?

YOU ARE READING
နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး (အပိုင်း-၅၀၀ နောက်ပိုင်း)
Fantasyအပိုင်း(၅၀၀) နောက်ပိုင်းပါရှင့်