အပိုင်း(၇၀၃+၇၀၄+၇၀၅)

1.3K 146 5
                                    

အပိုင်း(၇၀၃)
 
မေရွှယ် ညှို့အားပြင်းစွာပြုံးလိုက်သည်။သူမသည်သိုင်းဘိုး ဘေးအလယ်အလတ်အဆင့်သို့မတက်သေးသော်ငြား...ရှောင်ဟေး အတွင်းကျင့်ကြံနေခဲ့ခြင်းဖြစ်တာကြောင့်သူမ၏ တိုက်ပွဲစွမ်းအင်မှာတော့အတော်လေးတိုးတက်လာသည်။လက်ရှိဤအဆင့်နိမ့်သိုင်းဘိုးဘေးတွေလောက်ကတော့သူမပြိုင်ဘက်မဟုတ်ချေ။
 
သူမမှာရှိနေသည့်သောင်းပြောင်းထွေလာနည်းစနစ်တွေနှင့်အလယ်အလတ်သိုင်းဘိုးဘေးအဆင့်ကျင့်ကြံသူတွေကိုတောင်မှတိုက်ခိုက်နိုင်သေးသည်။
 
သူ့ရှေ့ကလို...အော်ရာတွေမတည်ငြိမ်သေးသည့်အလယ်အလတ်သိုင်းဘိုးဘေးအဆင့်သာဆိုရင်တော့...အနိုင်ရဖို့ရာကျိန်းသေလှပေသည်။
 
“မင်းတော့သေချင်နေတာပဲ!!”
 
အလယ်အလတ်သိုင်းဘိုးဘေးအော်ရာထုတ်လွှတ်နေသည့်အကြီးအကဲ၏မျက်နှာ...ဒေါကန်မှုကြောင့်မာထန်သွားကာ...မေရွှယ့် ဆီချက်ခြင်းပြေးလာပြီးတိုက်ခိုက်လိုက်သည်။
 
သို့သော်မကြာခင်ပဲသူ့မျက်နှာမှာထိတ်လန့်မှုတို့နှင့်အတူရှုံ့တွသွားခဲ့ရတော့သည်။အဘယ်ကြောင့်ဆိုသော်ထိုမိန်းမမှာအလွန်တရာလျှင်မြန်နေခဲ့သည်။ဘယ်လောက်တောင်မြန်သလဲဆိုသူမ၏လှုပ်ရှားမှုတွေကိုသူတောင်မမြင်ရတော့ပေ။ဒါအဆင့်နိမ့်သိုင်းဘိုးဘေးတစ်ယောက်ရဲ့အလျင်လား?
 
“မဖြစ်နိုင်တာ...ဒါ...ဒါကြီးကတော့လုံးဝမဖြစ်နိုင်ဘူး”
 
မနီးမဝေးကချောင်းကြည့်နေသည့် ခွင်းနန် ထိုမြင်ကွင်း‌ ကြောင့်ထိတ်လန့်တကြားနှင့်နောက်ဆုတ်လိုက်မိသည်။သူ့မျက်နှာမှာသွေးမရှိတော့သလိုဖြူရော်သွားကာ...သူမြင်နေရသည်ကိုမယုံကြည်သည့်အလားငူငူငေါင်ငေါင်နှင့်ကြောင်တောင်တောင်ဖြစ်နေခဲ့သည်။
 
“သူမလက်အောက်မှာဘယ်လိုလုပ်သိုင်းဘိုးဘေးအဆင့်တွေရှိနေရတာလဲ?ဘာကြောင့်သူတို့ကအင်မော်တယ်လောကရဲ့သိုင်းဘိုးဘေးဆယ်ယောက်ကျော်ကိုတောင်လက်ရည်တူရင်ဆိုင်နိုင်နေရတာလဲ?”
 
ဒါအမှန်မဖြစ်နိုင်ဘူး....
 
ကုလော့ယွင် ကပါရမီရှိတယ်ဆိုပေမယ့်...ဘာနောက်ခံမှမရှိ တဲ့သာမန်အဆင့်နိမ့်သိုင်းဘိုးဘေးတစ်ယောက်ပဲလေ...ဘာကြောင့်ဒီလိုတန်ခိုးကြီးတဲ့သိုင်းဘိုးဘေးအဆင့်ကျင့်ကြံသူတွေကိုလက်အောက်ခံစေနိုင်နေတာလဲ?
 
အထူးသဖြင့်တော့...ဘီးတပ်ကုလားထိုင်ပေါ်ကခန့်ညားလှသည့်လူ...မတ်တပ်မရပ်နိုင်တာတောင်မှ...သူ့ဆီပြေးသာလာသည့်ရန်သူတွေအကုန်လုံးမှာမမြင်ရသည့်အရာတစ်ခုမှတိုက်ခိုက်ခံရသည့်အလား...ချက်ခြင်းပင်မြေပေါ်ပုံလဲကျကုန်သည်။
 
ထူးခြားလှလေခြင်း....
 
ထိုလူတွေအားလုံးမှာပုံမှန်မဟုတ်ကြပေ။
 
ခွင်းနန် ထိတ်လန့်အံ့ဩမိလွန်းသွားဝာာကြောင့်သူ့အော်ရာ‌ကို မတော်တဆထုတ်လွှတ်လိုက်မိသည်။ဘီးတပ်ကုလားထိုင်ပေါ်ကလူမှာသူ့အော်ရာကိုခံစားမိကာ...သူပုန်းနေသည့်နေရာသို့လှည့်ကြည့်လာသည်။
 
သူကြောက်လွန်းလို့သူ့ပါးစပ်သူအုပ်ကာနောက်သို့တချိုးထဲပြန်လှည့်ပြေးလေတော့သည်။လက်ရှိသူ့အသိဉာဏ်ထဲတစ်ခုသာရှိနေတော့သည်...ဤသည်မှာ....‌ပြေး!!!!...
 
လက်စားချေဖို့လား?ဟင့်အင်း...သူထပ်မလိုချင်တော့ပေ။
 
သူဒီနေရာမှထွက်ပြေးပြီးထိုလူတွေနှင့်နောင်ဘယ်တော့မှပြန်မတွေ့ဖို့သာလျှင်တောင်းဆုချွေနေမိတော့သည်။
 
ခွင်းနန် ထွက်ပြေးသွားတာကိုသိလိုက်တာနှင့်တပြိုင်နက် မော့လီယို လက်ထဲငွေရောင်အပ်တချောင်းထွက်ပေါ်လာကာ ပေါင်ကိုပစ်ပေါက်လိုက်သည်။ခွင်းနန် မြေပေါ်မှောက်လျှက် တလှိမ့်ခေါက်ကွေးပြုတ်ကျသွားကာ..ပြန်ထရပ်ဖို့ကြိုးစားလိုက်သော်လည်း...ခြေထောက်ကသူ့စကားနားမထောင်တော့ပါချေ။
 
သူ့မျက်လုံးထဲကကြောက်ရွံ့မှုအရိပ်အယောင်များတိုးသတဲ့ပိုတိုးလို့လာသည်။လက်ရှိအချိန်၌ ကုလော့ယွင် ကိုဆန့်ကျင်မိ သည်အားသူတော်တော်နောင်တရမိနေပြီ။
 
ကုလော့ယွင် ကဝောာ့၎င်းအားမမြင်သည့်အလား...သစ်ပင် ထပ်လဲလျောင်းလျှက်သာ...သို့သော်တိုက်ပွဲပြင်ကိုကြည့်ရင်း ကြည်လင်အေးမြသည့်မျက်လုံးတစ်စုံမှာတော့ပြုံးယောင်သန်းနေလေ၏။
 
မေရွှယ်...နင်တို့လေးယောက်တိုက်ပွဲကိုမြန်မြန်အဆုံးသတ်လိုက်သင့်ပြီ...”
 
တိုက်ခိုက်နေရင်း ကုလော့ယွင် အသံကြားတော့လေးယောက် စလုံးလှည့်ကြည့်လာသည်။ချက်ခြင်းပင်လက်နက်လေးခုသူတို့ဆီပျံသန်းလာခဲ့၏။၎င်းနောက်မှကြည်လင်အေးမြသည့်အသံလေးကဆက်လက်ထွက်ပေါ်လာ၏“ပဋိညာဉ်ပြုလိုက်”
 
“ဒါ...”
 
သူတို့လက်ထဲကလက်နက်ကိုကြည့်ပြီးလေးယောက်စလုံးကြောင်သွားခဲ့ရသည်။ရှင်းသန့်ကြည်လင်တဲ့ဝိညာဉ်ချီစွမ်းအားတွေကသူတို့ရဲ့နှလုံးသားထဲတိုးဝင်နေပြီးအသိစိတ်အား ရှင်းလင်းပေးနေသည်။
 
ဝိညာဉ်လက်နက်...
 
၎င်းမှာအမှန်တကယ်ပင်ဝိညာဉ်လက်နက်ဖြစ်သည်။
 
ထို့ပြင်သူမ၏စကားအရဆို...ဒါ...သူတို့ကိုလက်ဆောင်ပေးလိုက်ခြင်းမဟုတ်ပါလော?
 
မေရွှယ် နှင့်ကျန်လူများစိတ်လှုပ်ရှားအံ့ဩဝမ်းသာမှုတို့ကို ပြန်ထိန်းချုပ်ကာ...သွေးပဋိညာဉ်ပြုပြီးတိုက်ပွဲထဲတဖန်ပြန်ဝင်လိုက်ကြသည်။
 
အင်မော်တယ်လောကကလူတွေမှာပြင်ပအရာတွေအားကိုးပြီးကျင့်ကြံဆင့်မြှင့်ခဲ့ကြသော်ငြား...အရေအတွက်ပိုသာခြင်းကြောင့်သူတို့ကိုရင်ဆိုင်ရတာအားပိုကုန်သည်။သို့သော်သူတို့လက်ထဲဝိညာဉ်လက်နက်ရောက်လာသည့်အခါမှာတော့ရေထဲလွှတ်လိုက်သည့်ငါးတွေလို...ရန်သူတွေအားတစ်‌ကောင်ပြီးတစ်ကောင်ရိုက်ချနိုင်ခဲ့ပြီ။
 
သူတို့ကိုဝိညာဉ်လက်နက်တွေပေးလိုက်ရခြင်းမှာ....သူမမှာလဲအကြံအစည်ရှိနေခဲ့၍သာ....
 
အရင်ကသူတို့ရှေ့မှာဝိညာဉ်လက်နက်တွေထုတ်မပြခဲ့ဖူးပေ...အဘယ်ကြောင့်ဆိုသော်သူတို့အားသူမမယုံ၍ဖြစ်သည်။
 
သို့သော်လည်း...လူတစ်ယောက်မှာ ရှောင်ဟေး ထဲဝင်လိုက် ဝာာနဲ့အထိန်းချုပ်ခံလိုက်ရပြီးဖြစ်၏။ထိုကန့်သတ်ထိန်းချုပ်မှုမှာပုံမှန်တိုင်းဆိုမသိသာသော်ငြား...လူတစ်ယောက်ကသစ္စာဖောက်ဖို့တွေးလိုက်ပြီဆိုတာနဲ့....ရှောင်ဟေး ကထိုလူတို့အား ချက်ခြင်းသတ်ဖြတ်ရှင်းလင်းပစ်လိုက်လိမ့်မည်။

နတ်ဆိုးဧကရာဇ်ရဲ့ကြင်ယာတော်ဆိုးလေး (အပိုင်း-၅၀၀ နောက်ပိုင်း)Hikayelerin yaşadığı yer. Şimdi keşfedin