💓💓chapter-1💓💓

715 8 0
                                    

ရှိုင်းကိုခန့်(shine)က​တော့အသက်၁၀နှစ်သာရှိသေးမူလတန်း​ကျောင်းသား​လေး​ပေါ့။သူရဲ့အ​မေကdr.​ဒေါ်သွယ်သွယ်ရီဖြစ်ပြီးအ​ဖေက​တော့ winter companyရဲ့ownerဦး​ကောင်း​ဇော်ဖြစ်တယ်။shineရဲ့မိဘတွေကshineမမွေးခင်တုန်းကဆင်းရဲတယ်။ဒါပေမဲ့သူတို့၂ယောက်ကြိုးစားမူကြောင့်အခုဆိုလူချမ်းသာစာရင်းဝင်သွားပြီဖြစ်တယ်။အဲ့ဒါနှင့်လက်ရှိနေနေတဲ့အိမ်ကိုရောင်းပြီး၂ထပ်အိမ်ကြီးတလုံးဝယ်ပြီးအိမ်ပြောင်းသွားတယ်။shineကတော့အိမ်သစ်ပြောင်းရတော့ပျော်နေတာပေါ့။shineကသူ့အိမ်အသစ်ကြီးဆီရောက်တော့အိမ်ထဲဝင်ပြီးလျှောက်ကြည့်နေတယ်။အဲ့ဒီအချိန်မှာဆံပင်ရှည်လေးနှင့်သက်၂၀ကျော်လောက်ရှိတဲ့အမျိုးသမီးတယောက်ကိုရုတ်တရတ်တွေ့လိုက်တယ်။shineလည်းဘယ်သူလဲလို့ကြည့်နေရင်းနှင့်အဲ့ဒီအမျိုးသမီးပျောက်သွားတယ်။shine ကအမြင်မှားတာပဲဖြစ်မယ်ဆိုပြီးအိမ်ထဲတပတ်လျှောက်ကြည့်တယ်။
shineကအိမ်ကြီးကအရမ်းကျယ်တော့သဘောကျနေတာပေါ့။shineကိုသူ့ရဲ့အမေနှင့်အဖေကအပေါ်ထပ်ကသူတို့နေမဲ့အခန်းဘေးကအခန်းမှာနေရာချပေးလိုက်တယ်။ဦးကောင်းတို့လည်းပစ္စည်းတွေနေရာချနေတာနှင့်ညနေစောင်းသွားတယ်။ဒေါ်သွယ်လည်းပင်ပန်းနေတာကြောင့်ထမင်းမချက်တော့ဘဲခေါက်ဆွဲပြုတ်ပြီးမိသားစု၃ယောက်ညနေစာစားလိုက်တယ်။သူတို့တွေညနေစာစားနေတုန်းshineကမီးဖိုခန်းထဲရှေ့ကနေအမျိုးသမီးတဦးဖြတ်သွားတာတွေ့လိုက်တယ်။shineလည်းအဲ့အမျိုးမြင်လိုက်တာကြောင့်သူ့daddyကို"​daddyအိမ်ထဲကိုအမျိုးသမီးတယောက်ယောက်နေတယ်"လို့ပြောလိုက်တယ်။အဲ့ဒါနှင့်ဦးကောင်းလည်းဧည့်သည်လာတယ်ထင်လို့ဧည့်ခန်းထဲကိုထွက်ကြည့်လိုက်တော့ဘယ်သူမှလည်းမရှိဘူး။
ဦးကောင်း"မရှိပါဘူးသားရဲ့။သားအမြင်မှားတာဖြစ်မယ်။"shineအမြင်မှားတာလို့ဦးကောင်းကပြောတယ်။
shineကလည်းသူသေချာမြင်လိုက်ပေမဲ့ဘယ်သူမှမရှိဘူးဆိုတော့အမြင်မှားတာလို့ပဲတွေးလိုက်တယ်
shine"ဟုတ်လား။အဲ့ဒါဆိုသားအမြင်မှားတာဖြစ်မယ်။sorryနော်daddy။"
နောက်ကျတော့ဦးကောင်းကသူတို့လင်မယား၂ယောက်လုံးကအလုပ်ကိစ္စတွေနှင့်မအားတာကြောင့်အိမ်သန့်ရှင်းရေးနှင့်ချက်ပြုတ်ဖို့အိမ်အကူအဒေါ်ကြီးတယောက်ခေါ်လိုက်တယ်။သူတို့လင်မယားနှစ်ယောက်ကမိုးလင်းတာနှင့်အလုပ်သွားကြပြီးအိမ်ပြန်ရောက်တော့လည်းပင်ပန်းနေတာကြောင့်ညစာစားပြီးတာနှင့်အိပ်ယာဝင်ကြတယ်။အဲ့တော့shineလေးကိုသိပ်ပြီးတော့အချိန်မပေးနိုင်ဘူး။အဲ့တော့shineလေးကအထီးကျန်နေတာပေါ့။တနေ့shineစာလုပ်နေရင်းခြံထဲမှာဆံပင်ရှည်လေးနှင့်အစိမ်းရောင်အင်္ကျီနှင့်ထမီဝတ်ထားတဲ့အမျိုးသမီးတဦးလမ်းလျှောက်နေတာကိုတွေ့လိုက်တယ်။
shineလဲခြံထဲဆင်းကြည့်တော့အဲ့ဒီအမျိုးသမီးမျက်နှာကိုသေချာတွေ့လိုက််ရတယ်။shineသူမမျက်နှာကိုကြည့်လိုက်တော့မျက်နှာဖြူဝင်းပြီးအရမ်းချောတယ်။မသိရင်ကိုရီးယားမင်းသမီးလေးကျနေတာပဲ။ပြီးတော့သူမလည်ပင်းမှာလည်းအည်းပုံပုံစံအမှတ်တခုရှိတယ်။shineကသူမကိုဘယ်သူလဲလို့မေးမလို့ရှိသေးတယ်သူမကရုတ်တရတ်မျက်လှည့်ပြသလိုပျောက်သွားတယ်။shineလည်းနေဝင်ချိန်ဆိုတော့သရဲခြောက်တယ်ဆိုပြီးလန့်ပြီး"သရဲ၊သရဲ။"လို့​အော်ပြီးအိမ်ထဲပြေးဝင်လာတယ်။အိမ်အကူအဒေါ်ကြီးနားမှာကြောက််လို့ကပ်နေတယ်။အိမ်အကူအဒေါ်ကြီးကလည်းshineကိုစိတ်ပြောင်းသွားအောင်tvဖွင့်ပြီးcartoonပြလိုက်တယ်။ညကျတော့ကြောက်လို့သူရဲ့အခန်းထဲမှာမအိပ်တော့ဘဲသူ့အမေနှင့်အဖေအခန်းမှာသွားအိပ်တယ်။သူ့ရဲ့မိဘတွေကအိမ်အကူအဒေါ်ကြီးပြောပြလို့shineဘာကြောင့်ဒီလိုဖြစ်နေရတယ်ဆိုတာသိပြီးသွားပြီ။shineမိဘတွေကအိမ်အသစ်ဆိုတော့shineစိတ်ခြောက်ခြားတာဖြစ်လိမ့်ဆိုပြီးshineကိုသရဲဆိုတာမရှိတဲ့အကြောင်းပြောပြပြီးမကြောက်ဖို့ပြောတယ်။shineလည််းသူ့ရဲ့မိဘတွေပြောစကားကြောင့်မကြောက်တော့ဘူး။ဒါပေမဲ့သူရဲ့မိဘတွေနှင့်တညအိပ်လိုက်တယ်။shineကသူ့မိဘတွေနှင့်မအိပ်ရတာကြာတော့အခုလိုအိပ်ရတာပျော်နေတယ်။
မနက်ရောက်တော့shineကကျောင်းပိတ်ရက်ဆိုတော့အိမ်မှာတယောက်တည်းtvကြည့်လိုက်၊အရုပ်တွေနှင့်ဆော့လိုက်နှင့်သူဘာသာသူပျော်သလိုနေနေတယ်။သူဆော့နေတုန်းမှာမနေ့ကအမျိုးသမီးကိုထပ်တွေ့တယ်။အဲ့တာနှင့်shineသူမကိုထပ်သွား​တွေ့တယ်။
shine"မမ၊မမကဘယ်သူလဲ။"
အမျိုးသမီး"​မောင်​လေး၊​မောင်​လေးကမမကိုမြင်ရတာလား။"
shine"မြင်ရတယ်​လေ။မမကဘယ်သူလဲလို့။"
အမျိုးသမီး"မမက​မောင်​လေးတို့မ​ရောက်လာခင်ကဒီအိမ်မှာ​နေခဲ့တဲ့သူ​လေ။"
shine"​မမကဒီမှာ​နေတာလား။ကျွန်​တော်တို့ကအခုဒီမှာ​နေ​တော့မမကဘယ်မှာ​နေတာလဲ။"
အမျိုးသမီး"မမကဟိုးကခြံ​နောက်မှာရှိတဲ့ပိ​တောက်ပင်ကြီးကို​တွေ့လား။"
shine"​တွေ့တယ်မမ။"
အမျိုးသမီး"မမကအဲ့ဒီသစ်ပင်ကြီးဆီမှာ​နေတာ။"
shine"ဟင်၊မမကသစ်ပင်​နေတာလား။သစ်ပင်မှာဘယ်လို​နေတာလဲ။"
အမျိုးသမီး"​နေလို့ရတာ​ပေါ့။သားကက​လေးဆို​တော့ဘယ်သိမလဲ။"
shine"ဟုတ်ကဲ့။သားနာမည်ကရှိုင်းကိုခန့်လို့​ခေါ်တယ်။မမနာမည်က​ရော။"
အမျိုးသမီး"မမနာမည်ကပိ​တောက်ဝါလို့​ခေါ်တယ်။"
shine"မမနာမည်​လေးကလှလိုက်တာ။"
အမျိုးသမီး"မမ​မွေးတုန်းက​အဲ့ဒီကပိ​တောက်ပင်ကြီးမှာပိ​တောက်ပန်း​တွေကဝါထိန်​နေ​အောင်ပွင့်​နေလို့မမရဲ့အ​မေကမမကိုပိ​တောက်ဝါလို့​ပေးလိုက်တာ​။"
shine"ဟုတ်လား။မမနာမည်​ရဲ့အဓိပ္ပါယ်​​လေးကအရမ်းလှတယ်။ဒါနှင့်မမကမ​နေ့တုန်းကဘယ်လိုသားနှင့်​တွေ့တုန်းကမျက်လှည့်ပြသလို​ပျောက်သွားတာထူးခြားတယ်​နော်။မမဘယ်လိုလုပ်လိုက်တာလဲ။"
အမျိုးသမီး"မမစွမ်းအားရှိတယ်​လေ။"
shine"မမမှာစွမ်းအားရှိတယ်။ဟုတ်လား။"
အမျိုးသမီး"ဟုတ်တယ်။နည်းနည်း​ပေါ့။"
shine"မမကစွမ်းအားရှိတယ်ဆို​တော့မမကဘာလဲဟင်။"
အမျိုးသမီး"မမက၀ိဥာဥ်လေး​လေ။"
shine"ဟင်၊ဟုတ်လား။မမကသားကြားဖူးတဲ့ဝိဥာဥ်တွေလိုလည်းကြောက်ဖို့လည်းမကောင်းဘူး။မမကချစ်စရာလေး။"
shineလည်းအဲ့ဒီလိုပြောတော့ပိတောက်ဝါရယ်ပြတယ်။
shine"မမနှင့်သားနှင့်သူငယ်ချင်းဖြစ်သွားပြီ​နော်။"
ပိတောက်ဝါ"ဟုတ်ပါပြီမောင်လေးရေ။"
သူတို့၂ယောက်စကားတော်တော်ပြောပြီးတော့ပိတောက်ဝါshineကိုနှုတ်ဆတ်ပြီး​ပျောက်သွားတယ်။shineကပိတောက်ဝါကကြောက်ဖို့မကောင်းတော့မကြောက်တဲ့အပြင်သူငယ်ချင်းအသစ်ရပြီဆိုပြီးပျော်နေတာပေါ့။

yoonmieရဲ့အပိုင်း ၁လေးကတော့ဒီအထိပါပဲနော်။နောက်အပိုင်းတွေမှာပိ​တောက်ဝါဆိုတဲ့​၀ိဥာဥ်လေးကshineတို့မိသားစုနှင့်ရှေ့ဆက်ပြီးဘယ်လိုတွေဖြစ်မလဲဆိုတာဖတ်ရှုပေးပါဦးရှင်။yoonmieရဲ့ဒီဝတ္ထုလေးကစိတ်ကူးယဥ်ပြီးရေးထားတာဖြစ်တဲ့အတွက်readerများကိုလည်းစိတ်ကူးယဥ်ပြီးတော့သာဖတ်ရှုပေးပါလို့🙏🙏🙏တောင်းဆိုချင်ပါတယ်ရှင့်။

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now