💓💓chapter-7💓💓

133 5 0
                                    

           maryရုံးခန်းထဲပြန်ရောက်တော့အရင်ဆုံးမမိုးပေးထားတဲ့စာရွက်ကိုဖတ်တယ်။
စာရွက်ထဲမှာceoနှင့်ပတ်သတ်ပြီးရှောင်ရန်ဆောင်ရန်တွေနှင့်companyရဲ့စည်းကမ်းတွေရေးထားတယ်။maryစာဖတ်ပြီးတော့shineကစည်းကမ်းကြီးသူတစ်ယောက်ဖြစ်ပြီးအသန့်အပြန့်ကြိုက်သူဆိုတာပါသိသွားတယ်။စာရွက်ထဲမှာshineကကော်ဖီဆိုရင်ခါးခါးပဲသောက်တာရေးထားတဲ့အတွက်maryသူအမှားလုပ်မိပြီဆိုတာပါသိသွားတယ်။mary"သွားပါပြီ။ceoကကော်ဖီခါးတာပဲသောက်တာ။ငါceoကိုကော်ဖီကိုအချိုသွားဖျော်ပေးလိုက်တယ်။ဘယ်လိုလုပ်ရမလဲ။"လို့တွေးရင်းသက်ပြင်းချလိုက်တယ်။mary"ငါကအခုမှအလုပ်စဝင်တာဆိုတော့ဘယ်သိမလဲ။ကိစ္စတော့မရှိလောက်ပါဘူး။ပြီးတော့ceoကလည်းငါ့ကိုဘာမှမပြောဘူးဆိုတော့ဘာမှတော့မဖြစ်လောက်ပါဘူး။ဒါပေမဲ့အမှားလုပ်ရင်တော့တောင်းပန်ရမှာပေါ့။တောင်းပန်လိုက်တာအကောင်းဆုံးပါပဲ။"လို့တွေးပြီးmaryshineကိုတောင်းပန်လိုက်တယ်။
mary"သူဌေး၊maryသူဌေးကော်ဖီကိုအခါးပဲသောက်တာမသိလို့ပါ။အဲ့အတွက်တောင်းပန်ပါတယ်ရှင့်။maryသူဌေးအတွက်နောက်တခွက်ချက်ချင်းထပ်ဖျော်ပေးပါမယ်။"
shine"ရပါတယ်၊မဖျော်နှင့်တော့။ကျွန်တော်maryဖျော်ပေးတဲ့ကော်ဖီသောက်ပြီးသွားပါပြီ။maryကအခုမှအလုပ်စဝင်တာဆိုတော့ဘယ်သိမှာလဲ။maryလုပ်စရာရှိတာသွားလုပ်တော့။"
mary"ဟုတ်ကဲ့။"
maryလည်းshineကိုတောင်းပန်ပြီးတော့စိတ်ပေါ့သွားတယ်။သူမလည်းနှစ်ချုပ်စာရင်းတွေကိုစပြီးလေ့လာတော့တယ်။shineကတော့အမှားသေးသေးလေးကအစဝန်ခံတဲ့maryရဲ့ရိုးသားမူကိုသဘောကျနေတယ်။ခဏနေတော့shineကcustomerတယောက်နှင့်အလုပ်ကိစ္စချိန်းထားတာကြောင့်အပြင်ထွက်သွားတယ်။နေ့လည်စာစားချိန်ရောက်တော့maryဝန်ထမ်းတွေနှင့်မိတ်ဖွဲဲ့ပြီးထမင်းအတူတူစားတယ်။ဝန်ထမ်းတွေအားလုံးကဖော်ဖော်ရွေရွေရှိပြီးခင်ဖို့ကောင်းတယ်။ရုံးဆင်းချိန်ရောက်တော့maryဝန်ထမ်းတွေကိုနှုတ်ဆတ်ပြီးအိမ်ပြန်လာခံ့တယ်။maryအတွက်တော့ပထမဆုံးအလုပ်ဆင်းတဲ့နေ့လေးကအဆင်ပြေပြေနှင့်ပြီးဆုံးခဲ့တာပေါ့။
       ၂လလောက်ကြာတော့maryလည်းအလုပ်သဘောတွေအားလုံးနားလည်ပြီးcompanyဝန်ထမ်းတွေနှင့်လည်းရင်းနှီးသွားတယ်။maryကတော့winter companyမှာအလုပ်လုပ်ရတာအဆင်ပြေနေတာပေါ့။
ည၈နာရီလောက်မှာmary fbသုံးနေတုန်းသံဇဥ်ဆီကနေဖုန်းလာတယ်။
mary"သံဇဥ်ညဖက်ကြီးငါ့ဆီဖုန်းဆက်လို့ပါလား။ဘာအကြောင်းထူးများရှိလို့လဲမသိဘူး။"လို့တွေးပြီးဖုန်းကိုင်လိုက်တယ်။
mary"hello၊သံဇဥ်ပြောလေ။ဘာကိစ္စရှိလို့လဲ။"
သံဇဥ်"ကိစ္စကတော့ရှိတယ်maryရေ။အကြီးကြီးဘဲ။"
mary"ဟင်၊ဟုတ်လား။ဘာကိစ္စလဲ၊ငါ့ကိုမြန်မြန်ပြောလေ။နင်ပြောတာနှင့်ငါအရမ်းသိချင်နေပြီ။"
သံဇဥ်"အိမ်ကငါ့ကိုသူ့တို့သူငယ်ချင်းရဲ့သားဘုန်းမြတ်နှင့်ပေးစားနေပြီmaryရေ။"
mary"ဟယ်၊တကယ်။ဟိ😁😁😁၊ငါ့သူငယ်ချင်းလေးတောင်စွံတော့မှာပါလား။နင့်သတို့သားလောင်းနှင့်တွေ့ပြီးပြီလား။ဘယ်လိုနေလဲ၊ချောလား။"
သံဇဥ်"တွေ့တော့မတွေ့ရသေးပါဘူး။daddyတို့ကဂါ့ကိုသူ့ဓာတ်ပုံပြတယ်။ရုပ်ကတော့ခန့်တယ်လို့ပဲပြောရမှာပဲ။"
mary"အဲ့ဒါဆိုနင်တော့ပွတာပေါ့။"
သံဇဥ်"ဘယ်ကပွရမှာလဲ။သူအသက်က၃၁ဖြစ်နေပြီ။သူကငါ့ထက်၈နှစ်တောင်ကြီးတယ်။သူကဆရာဝန်ဆိုတော့နိုင်ငံခြားမှာဘွဲ့သွားယူနေတာနှင့်အခုထိလူပျိုကြီးဖြစ်နေတာ။သူ့အိမ်ကလူပျိုကြီးဖြစ်မှာဆိုးလို့ငါ့နှင့်အခုလိုစီစဥ်ပေးတာဖြစ်မယ်။"
mary"ဟယ်၊နင်ကမောင်လေးတွေကြိုက်တာမလား။အခုကကိုကြီးဆိုတော့နင်သူ့ကိုမကြိုက်မှာ100%ကျိန်းသေတယ်။ဟုတ်တယ်မလား။"
သံဇဥ်"ဒါပေါ့၊maryရဲ့။ငါကငါ့အိမ်ထောင်ဖက်ကိုငါထက်မငယ်ရင်တောင်တန်းတူလောက်ရွေးချယ်ဖို့ဆုံးဖြတ်ထားတာ။အခုတော့ငါဘယ်လိုလုပ်ရမလဲမသိတော့ဘူး။ငါစိတ်ညစ်လိုက်တာဟာ။"
mary"နင်သူ့ကိုလက်မထပ်ချင်ရင်လက်ထပ်ပွဲငြင်းဖို့နင့်မိဘတွေကိုပြောကြည့်ပါလား။"
သံဇဥ်"အမလေး၊ရှင့်ရဲ့အဒေါ်နှင့်ဦးလေး(သံဇဥ်မိဘတွေကိုဆိုလိုသည်)ကိုကျွန်မအာပေါက်မတတ်ပြောပြီးပါပြီရှင်။အရင်တုန်းကငါ့အဖေcar accidentဖြစ်ဘူးတယ်လေ။အဲ့ဒီအချိန်တုန်းကငါ့အဖေကသွေးထွက်အရမ်းလွန်နေတာ။အဲ့ဒီအချိန်တုန်းကသူ့အဖေကငါ့အဖေကိုသွေးလှုပေးခဲ့တဲ့ကျေးဇူးတရားရှိတယ်လေ။နို့မို့ဆိုရင်ငါ့အဖေကအဲ့အချိန်တည်းကသွေးထွက်လွန်ပြီးဆုံးသွားပြီ။အဲ့တာကြောင့်ငါ့အဖေကမင်္ဂလာကိစ္စကိုမဖြတ်ပေးနိုင်ဘူးလို့တချက်လွှတ်အမိန့်ချလိုက်တယ်။ငါလည်းအဲ့တာကြောင့်ဘယ်လိုမှရှေ့ဆက်တိုးလို့မရဘူးဖြစ်နေတယ်။"
mary''အဲ့ဒါဆိုရင်တော့သူငယ်ချင်းရေ၊နင်သူနှင့်လက်ထပ်ရဖို့ကျိန်းသေနေပြီ။"
သံဇဥ်"အေးလေ၊အဲ့တာပြောတာပေါ့။လက်ထပ်ပွဲပျက်အောင်လို့နင့်မှာအကြံလေးဘာလေးမရှိဘူးလား။"
mary"ရှိတယ်။နင်သူနှင့်တွေ့ဖို့ချိန်းလိုက်။အ့ဒီအချိန်မှာနင်ကသူမကြိုက်အောင်အမျိုးမျိုးလုပ်ပြ။ဥပမာနင်တို့၂ယောက်မုန့်စားနေရင်းနှာချေတာတို့၊နှာခေါင်းနှိုက်တာတို့လုပ်ပြ။အဲ့တာအဆိုနင်နှင့်လက်ထပ်မယ့်ကိစ္စသူ့ဘက်ကဖြတ်သွားလိမ့်မယ်။"
သံဇဥ်"wow၊ဆရာမကြီးဘဲ။နင့်အကြံမိုက်လိုက်တာ။ကျေးဇူးဘဲသူငယ်ချင်းလေးရေ။အာဘွား။"
mary"ပါးစပ်ကကျေးဇူးတင်လို့ရမလား။ဘာလုပ်ပေးရမလဲဆိုတာသိတယ်နော်။"
သံဇဥ်"မနက်ဖြန်ကျရင်ချစ်သူငယ်ချင်းလေးကိုpizzaနှင့်cokeဝယ်ကျွေးမယ်။okလား။"
mary"okတာပေါ့။အဲ့တာဆိုဖုန်းချလိုက်တော့မယ်နော်။"
သံဇဥ်"အေး၊အေး၊ချလိုက်။"
maryသူမသူငယ်ချင်းနှင့်ဖုန်းပြောပြီးတော့အချိန်တော်တော်လင့်နေတာကြောင့်အိပ်ယာဝင်လိုက်တယ်။

maryကတော့shineတို့companyမှာအလုပ်ဝင်တာအဆင်ပြေနေပါပြီနော်။shineကရောmaryနှင့်နီးစပ်အောင်ဘယ်လိုလုပ်မလဲဆိုတာဖတ်ရှုပေးကြပါဦးရှင်။chapter-8coming soon.

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now