💓💓chapter-12💓💓

89 3 0
                                    

ဒီနေ့ကသံဇဥ်တို့မင်္ဂလာဆောင်မဲ့နေ့ဆိုတော့shineတို့မိသားစုလည်းခန်းမကိုစောစောကြီးသွားကြတယ်။ခန်းမရောက်တော့အခမ်းအနားကပြင်ဆင်နေတုန်းမို့shineမိဘတွေလည်းကိုဘုန်းမြတ်မိဘတွေကအားနာတာကြောင့်အနီးအနားမှာရှိတဲ့စားသောက်ဆိုင်နခုမှာဧည့်ခံတယ်။shineကတော့လူကြီးတွေအစားကြီးကြပ်ပေးနေတာပေါ့။ခဏနေတော့သံဇဥ်နှင့်ဘုန်းမြတ်ရောက်လာတယ်။
ဘုန်းမြတ်"ဟာ၊အကိုကြီး။အစောကြီးရောက်နေတာလား။"
shine"ဟုတ်တယ်။daddyနှင့်mommyကအန်တီတို့နှင့်ဧည့်သည်မများခင်စကားပြောချင်တယ်ဆိုတော့စောစောထွက်လာလိုက်တာ။"
ဘုန်းမြတ်"အဲ့တာကောင်းတာပေါ့။အန်တီတို့ကိုအေးဆေးတွေ့ရတာပေါ့။အန်တီတို့ရော။"
shine"ဒီမှာအခမ်းအနားပြင်ဆင်တုန်းမို့လို့စားသောက်ဆိုင်မှာစကားသွားပြောကြတယ်။ခဏနေရင်ပြန်လာမှာပါ။အခုမှသေချာကြည့်မိတယ်။ငါ့ညီနှင့်ငါ့ညီမကkoreaမင်းသားနှင့်မင်းသမီးလေးတွေကျနေတာပဲ။"
သံဇဥ်"တကယ်လား။ကိုshineပြောမှသံဇဥ်တောင်လေပေါ်မြှောက်တက်သွားပြီ။"
shine"တကယ်ပေါ့သံဇဥ်ရယ်။အော်၊ဟိုမှာသံဇဥ်မိဘတွေထင်တယ်။"
shineတို့၃ယောက်လည်းသံဇဥ်မိဘတွေလာတော့အဖော်လုပ်ပြီးနှင့်စကားပြောပေးနေကြတယ်။ခဏနေတော့ဘုန်းမြတ်မိဘနှင့်shineမိဘတွေစားသောက်ဆိုင်ကနေပြန်လာကြတယ်။shineနှင့်ဘုန်းမြတ်တို့မိဘတွေရောက်ပြီး၁၅မိနစ်လောက်ကြာတော့အခမ်းအနားပြင်ဆင်လို့ပြီးသွားတယ်။ဧည့်သည်တွေလည်းတယောက်စနှစ်ယောက်စရောက်လာတယ်။
shineကတော့maryဘယ်ရောက်မလဲမျှော်နေတာပေါ့။maryလည်းစောစောထွက်လာဖို့လုပ်ပေမဲ့alarmပိတ်ပြီးခဏမှေးလိုက်တာအိပ်ပျော်သွားတယ်။သူမအမေလာနိုးမှအိပ်ယာကနိုးလာတယ်။maryလည်းအဲ့ကျမှပြင်ဆင်စရာရှိတာမြန်မြန်ပြင်ဆင်ပြီးအိမ်ကနေထွက်လာခဲ့တယ်။maryမင်္ဂလာပွဲ​ရောက်​တော့ဧည့်သည်​တွေ​တောင်​တော်​တော်​ရောက်​နေပြီ။mary​ရောက်လာ​​​တော့မင်္ဂလာပွဲစတယ်။ဘုန်းမြတ်တို့ကဧည့်သည်​တွေကိုလိုက်ဧည့်ခံ​နေတယ်။မင်္ဂလာပွဲမှာmaryကိုလာမိတ်ဆတ်တဲ့ပုရိသ​တွေအများကြီးပဲ။shineက​တော့သ၀န်​တွေတို​နေတာ​ပေါ့။maryလည်းသူငယ်ချင်း​​uniတုန်းကသူငယ်ချင်းတွေနှင့်စကား​​ပြောနေတယ်။သူငယ်ချင်းတွေနှင့်စကားပြောနေတုန်းshineအမေဒေါ်သွယ်ကmaryပုခုံးကိုလာကိုင်တယ်။
ဒေါ်သွယ်"သမီး၊အန်တီ့ကိုမှတ်မိလား။"
mary"sorryနော်အန်တီ။ရုတ်တရတ်ဆိုတော့မမှတ်မိဘူးဖြစ်နေတယ်။အန်တီကဘယ်သူလဲမသိဘူး။"
ဒေါ်သွယ်"အန်တီပိုက်ဆံအိတ်အလုခံရတုန်းကသမီးကူညီပေးလိုက်တဲ့အန်တီလေ။"
mary"အော်၊မှတ်မိပြီ။အန်တီကိုချက်ချင်းမမှတ်မိတဲ့အတွက်တောင်းပန်ပါတယ်။"
ဒေါ်သွယ်"ရပါတယ်။တခါတည်းတွေ့ထားတော့ဘယ်မှတ်မိမလဲ။"
mary"ဟုတ်ကဲ့။maryတို့လူရှင်းတဲ့ဝိုင်းမှာစကားသွားပြောကြမယ်လေ။"
ဒေါ်သွယ်"ကောင်းသားပဲ။mommyလည်းဧည့်သည်တွေများတော့ခေါင်းနည်းနည်းနောက်နေတာ။"
maryသူငယ်ချင်းတွေကိုခဏနေရင်ပြန်လာမယ်လို့ပြောပြီးဒေါ်သွယ်နှင့်အတူလူရှင်းတဲ့ဝိုင်းမှာထိုင်ပြီးစကားပြောနေတယ်။shineသူ့အမေကိုမတွေ့တာကြောင့်လိုက်ရှာရင်းmaryနှင့်ဒေါ်သွယ်ရှိတဲ့နေရာကိုရောက်လာတယ်။
shine"mommyကဒီရောက်နေတာကိုး။"
ဒေါ်သွယ်"သား၊ဘယ်လိုရောက်လာတာလဲ။"
shine"သားကmommyပျောက်လို့လိုက်ရှာရင်းဒီရောက်လာတာ။ဒါနှင့်mommyကmaryနှင့်ဘယ်လိုသိနေတာလဲ။"
ဒေါ်သွယ်"အမေmarketသွားရင်းပိုက်ဆံအိတ်အလုခံရတုန်းကmaryကကူညီပေးခဲ့တာလေ။အခုမင်္ဂလာဆောင်မှာပြန်တွေ့တော့စကားပြောနေကြတာ။"
shine"အဲ့တုန်းကကူညီပေးခဲ့တာmaryလား။maryကူညီပေးလို့တော်သေးတာပေါ့။မဟုတ်ရင်mommyဒုက္ခရောက်နေမှာ။ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။"
mary"ရပါတယ်ကိုshineရဲ့။maryကူညီနိုင်တာမို့ကူညီပေးလိုက်တာပါ။"
ဒေါ်သွယ်"သားနှင့်သမီးကသိနေတာလား။"
mary"ဟုတ်ကဲ့အန်တီ။maryကကိုshinecompanyမှာmaryအလုပ်လုပ်နေတာပါ။"
ဒေါ်သွယ်"ဟုတ်လား။ကောင်းတာပေါ့။အလုပ်လုပ်ရတာရောအဆင်ပြေရဲ့လား။"
mary"အဆင်ပြေတာထက်ကိုပိုပါတယ်။ကိုshineကလည်းmaryကိုအလုပ်ကိစ္စတွေသေချာသင်ပေးတော့အခက်အခဲမရှိတော့ဘူးပေါ့။"
ဒေါ်သွယ်"သမီးအလုပ်လုပ်ရတာအဆင်ပြေတော့အန်တီဝမ်းသာပါတယ်။သားကလည်းmaryကိုအလုပ်မှာဂရုစိုက်ပေးလိုက်အုန်းနော်။"
shine"ဟုတ်ကဲ့ပါ။"
shineတို့၃ယောက်လည်းစကားပြောနေတုန်းဦးကောင်းဇော်လည်းရောက်လာတယ်။ဦးကောင်းကိုmaryနှင့်မိတ်ဆတ်ပေးလိုက်တယ်။ဦးကောင်းကတော့maryတို့နှင့်စကားခဏပဲပြောနိုင်ပြီးဘုန်းမြတ်အဖေကငယ်ချင်းတွေရောက်လာတယ်ဆိုလို့ဘုန်းမြတ်အဖေနှင့်ပွဲထဲပြန်လိုက်သွားတယ်။ခဏကြာတော့maryကိုသူငယ်ချင်းတွေကလာခေါ်လို့ဒေါ်သွယ်တို့ကိုနှုတ်ဆတ်ပြီးသူငယ်ချင်းတွေနှင့်လိုက်သွားတယ်။ဒေါ်သွယ်နှင့်shineကတော့ပွဲထဲပြန်မသွားတော့ဘဲသားမိနှစ်ယောက်အဲ့ဒီနေရာမှာစကားပြောနေကြတယ်။မင်္ဂလာပွဲပြီးသွားတော့maryshineတို့မိသားစုနှင့်သံဇဥ်တို့ကိုနှုတ်ဆတ်ပြီးအိမ်ပြန်လာခဲဲ့တယ်။အိမ်ရောက်တော့မနက်ခရီးအတွက်ပြင်ဆင်စရာရှိတာပ့င်ဆင်တယ်။
shineလည်းသူ့ရဲ့မိဘတွေကိုအိမ်အရင်လိုက်ပို့ပြီးမှလိုအပ်တာတွေmarketမှာသွားဝယ်တယ်။အိမ်ရောက်တော့ခရီးဆောင်အိတ်ထည့်ပြီးခရီးထွက်ဖို့ပြင်ဆင်စရာရှိတာတွေပြင်ဆင်နေတာနှင့်ညရောက်သွားတယ်။shinemaryကိိုခရီးထွက်မဲ့အချိန်မပြောရသေးတာကြောင့်ဖုန်းဆက်လိုက်တယ်။
shine"hello၊maryလား။"
mary"ဟုတ်ကဲ့၊ကိုshine။"
shine"မနက်ဖြန်နံနက်5နာရီလောက်maryကိုအိမ်ကိုလာခေါ်မယ်နော်။maryကိုသွားမယ့်အချိန်မပြောလိုက်ရတော့ဖုန်းဆက်လိုက်တာ။"
mary"ဟုတ်ကဲ့။maryအဆင်သင့်လုပ်ထားလိုက်ပါ့မယ်။"
shine"စောစောအိပ်နော်။နံနက်ခရီးသွားမှာဆိုတော့အားရှိအောင်အိိပ်ရေးဝဝအိပ်ထား။"
mary"ဟုတ်ကဲ့။maryစောစောအိပ်လိုက်မယ်။ကိုshineလည်းကားမောင်းရမှာဆိုတော့အိပ်ရေးဝဝအိပ်နော်။"
shine"ဟုတ်၊ကျွန်တော်လည်းခဏနေအိပ်တော့မှာ။"
mary"အဲ့တာဆိုဖုန်းချလိုက်တော့မယ်နော်။ကိုshineကကားမောင်းရမှာဆိုတော့စောစောအနားယူလိုက်နော်။"
shine"ချလိုက်လေ။maryလည်းအနားယူလို့ရတာပေါ့။"
mary"ဟုတ်ကဲ့။"
maryကတော့shineနှင့်ဖုန်းပြောပြီးတော့မနက်ဖြန်shineနှင့်နှစ်ယောက်တည်းခရီးသွားရမဲ့ကိစ္စကိုစိတ်လှုပ်ရှားနေတယ်။maryသူ့ကိုဂရုစိုက်ပေးတဲ့shineကိုတဖြေးဖြေးနှင့်စိတ်ယိုင်လာတယ်။shineလည်းmaryနှင့်ပုဂံမှာပျော်ရွှင်စရာအမှတ်တရလေးတွေဖန်တီးပြီးဖွင့်ပြောလိုက်တော့မယ်လို့စိတ်ကူးနေတယ်။

chapter-13coming soon.

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now