💓💓chapter-3💓💓

214 7 0
                                    

       ပိတောက်ဝါတို့မိသားစုဆီကိုတနေ့တော့မမျှော်လင့်ဘဲကံကြမ္မာဆိုးကြီးတခုဝင်လာခဲ့တယ်။ပိတောက်ဝါအဖေကအလုပ်ကိစ္စတခုနှင့်နိုင်ငံခြားသွားဖို့airportသွားရင်းနှင့်car accidentဖြစ်သွားတယ်။ပိတောက်ဝါတို့သားအမိကတော့ဒီကိစ္စကိုကြားတော့ရှော့ရသွားတာပေါ့။ပိတောက်ဝါအမေဆိုရင်သတင်းကြားကြားချင်းသတိမေ့သွားလို့ဆေးရုံတောင်တင်လိုက်ရတယ်။ပိတောက်ဝါအမေကအိပ်ရာထဲလဲနေတော့ပိတောက်ဝါပဲနာရေးကိစ္စစီစဥ်ရတာပေါ့။ပိတောက်ဝါကကျောင်းလည်းပြီးသွားပြီတော့သူမအဖေရဲ့companyကိုသူမပဲဆက်ဦးစီးဖို့စဥ်းစားထားတယ်။သူမအဖေရဲ့နာရေးကိုလူတွေတော်တော်များများလာကြတယ်။ပိတောက်ဝါကတော့ဧည့်သည်တွေကိုဧည့်ခံလိုက်၊သူမအမေကိုပြုစုလိုက်နှင့်အလုပ်တွေရှုပ်နေတာပေါ့။သူမအမေရဲ့နာရေးကိုသူမအဖေရဲ့ညီမလင်မယားလည်းလာတယ်။
      သူမအဒေါ်လင်မယားကအလောင်းကစားအရမ်းလုပ်တယ်။ပြီးတော့သူတို့လင်မယားမှာသားသမီးမရှိတော့လင်မယားနှစ်ယောက်ကအထိန်းအကွပ်မရှိအလောင်းကစားပိုလုပ်ကြတာပေါ့။သူမအဒေါ်ယောင်္ကျားဆိုရင်အလောင်းကစားလုပ်တဲ့အပြင်အခုဆိုမူးယစ်ဆေးတွေကိုcarryလုပ်ရင်းမူးယစ်ဆေးပါသုံးလာတယ်။အဲ့တော့သူတို့နှစ်ယောက်မှာလည်းအကြွေးတွေကအများကြီးတင်နေတာပေါ့။ပိတောက်ဝါအဖေကလည်းသူတို့လင်မယားနှစ်ယောက်အကြောင်းသိတော့အဆက်အသွယ်ဖြတ်ထားတယ်။ပိတောက်ဝါအမေလည်းသူမယောင်္ကျားပြောထားလိုအလောင်းကစားလုပ်တယ်ဆိုတာတော့သိထားတယ်။ဒါပေမဲ့သူမယောင်းမရဲ့ခင်ပွန်းကဆေးလောကနှင့်ပတ်သတ်လာတယ်ဆိုတာတော့မသိဘူး။ပိတောက်ဝါလေးကတော့သူမအဒေါ်လင်မယားနှစ်ယောက်ဘာဆိုဘာမှမသိဘူး။သူမငယ်ငယ်တုန်းကသူမအဒေါ်လင်မယားလာလည်တုန်းကတခါပဲတွေ့ဖူးတယ်။အဲ့ဒီနောက်ပိုင်းတခါမှသူမအဒေါ်လင်မယားသူမတို့ဆီတခါမှမရောက်လာတော့ဘူး။
       တကယ်တော့အဲ့ဒီအချိန်တုန်းကသူတို့လင်မယားကသူမအဖေဆီကပိုက်ဆံသိန်း၆၀လာချေးတာဖြစ်တယ်။သူမအဖေကလည်းသူရဲ့မိသားစုကိုအနှောက်အယှက်ပေးမှာဆိုးလို့သိန်း၂၀၀၀ပေးလိုက်ပြီးနောက်တခါသူ့ရဲ့အိမ်အရိပ်တောင်လာမနင်းနှင့်ဆိုပြီးပြောလိုက်တာကြောင့်အဲ့ဒီအချိန်ကစပြီးပိတောက်ဝါတို့အိမ်ရောက်မလာတော့တာဖြစ်တယ်။ပိတောက်ဝါလေးကအဲ့ဒီအချိန်တုန်းကငယ်သေးတော့ဘယ်သိမလဲ။အခုလည်းသူမအဒေါ်လင်မယားကပိတောက်ဝါအဖေဆုံးတဲ့သတင်းကြားတော့အကြွေးရှင်တွေကိုရှောင်ရင်းပိတောက်ဝါအဖေကျန်ခဲ့တဲ့စည်းစိမ်တွေကိုလက်ဝါးကြီးအုပ်ဖို့ပိတောက်ဝါတို့ဆီလာခြင်းဖြစ်တယ်။ပိတောက်ဝါကသူမအဒေါ်လင်မယားကိုမြင်တော့အစတုန်းကမမှတ်မိဘူး။ပြီးတော့မှမှတ်မိသွားတယ်။ပိတောက်ဝါကသူမအဒေါ်လင်မယားကိုလိုလေးသေးမရှိအောင်ဧည့်ခံတယ်။သူမအဒေါ်လင်မယားကလည်းပိတောက်ဝါတို့သားအမိသူတို့အပေါ်ယုံကြည်လာအောင်အမျိုးမျိုးဟန်ဆောင်တယ်။
      သူတို့ကဟန်ဆောင်ကောင်းတော့ပိတောက်ဝါမပြောနှင့်ပိတောက်ဝါအမေကတောင်သူတို့ကိုယုံကြည်သွားတော့တယ်။ပိတောက်ဝါသူ့အမေကိုဘယ်လောက်ဂစိုက်စိုက်သူမအမေကတော့နဂိုကတည်းကနှလုံးရောဂါအခံရှိသူမို့သူအဖေဆုံးပြီး၁လကြာတော့သူမအမေထပ်ဆုံးသွားတယ်။ပိတောက်ဝါသူမအဖေရောအမေရောမရှိတော့လို့အရမ်းဝမ်းနည်းနေတယ််။သူမအဒေါ်တွေကသူမကိုနှစ်သိမ့်ပေးတာပေါ့။သူမအမေနာရေးပြီးသွားတော့သူမသူအဒေါ်လင်မယားနှင့်ဆက်နေတယ်။တနေ့တော့သူမညဘက်မှာရေဆာတာနှင့်ရေထသောက်တယ်။အဲ့ဒီမှာသူမအဒေါ်ယောင်္ကျားဆေးသုံးနေတာကိုမြင်သွားတယ်။သူအလည်းအဲ့ဒါမြင်ပြီးထိန့်လန့်သွားတယ်။ဆေးသုံးနေတယ်ဆိုတော့သူမအဒေါ်လင်မယားကသူထင်ထားသလိုကောင်းတဲ့သူတွေမဟုတ်မှန်းရိပ်မိသွားတယ်။သူမအဒေါ်လင်မယားနှင့်အတူနေလို့မဖြစ်တော့ကြောင့်သူမအဒေါ်လင်မယားကိုနိုင်ငံခြားမှာအခြေချတော့မယ်လို့ပြောပြီးသူတို့အိမ်ပြန်ဖို့ပြောဖို့စဥ်းစားလိုက်တယ်။
        မထင်မှတ်ဘဲအဲ့ဒီညမှာသူမအဒေါ်လင်မယားကသူမကိုပိုင်ဆိုင်မူလွှဲပြောင်းပေးဖို့အခန်းထဲပိတ်ရိုက်နှက်ပြီးအတင်းလတ်မှတ်ထိုးခိုင်းတယ်။ဒါပေမဲ့ပိတောက်ဝါကလည်းမထိုးပေးဘူး။ပိတောက်ဝါလည်းသူအဒေါ်ကိုတွန်းပြီးအခန်းထဲကပြေးထွက်လာရင်းသူမအဒေါ်ယောင်္ကျားကသူမကိုလှမ်းဆွဲလိုက်တယ်။ပိတောက်ဝါကလည်းသူအအဒေါ်ယောင်္ကျားလက်ထဲကအတင်းရုန်းနေတယ်။သူမအဒေါ်ကလည်းရောက်လာပြီးသူမယောင်္ကျားကိုဓားပေးလိုက်တယ်။သူမကဓားပေးလိုက်တာကပိတောက်ဝါကိုကြောက်ပြီးအခန်းထဲပြန်လိုက်လာအောင်ခြိမ်းခြောက်ဖို့ဖြစ်တယ်။ဒါပေမဲ့ပိတောက်ဝါကဆက်ရုန်းနေတော့ရုန်းရင်းဆန်ခတ်ဖြစ်ပြီးသူမအဒေါ်ယောင်္ကျားရဲ့ဓားနှင့်ပိတောက်ဝါရဲ့နှလုံးတည့်တည့်ကိုထိုးမိသွားတယ်။သူမအဒေါ်ယောက်င်္ကျားလည်းလန့်ပြီးပိတောက်ဝါကိုလွှက်ချလိုက်တော့လှေကားပေါ်ကပြုတ်ကြပြီးနောက်စိနှင့်ကြမ်းပြင်သွားရိုက်တယ်။အဲ့ဒီလိုဖြစ်ပြီးနောက်ပိတောက်ဝါဘဝတပါးကိုကူးပြောင်းသွားတော့တယ်။

နောက်အပိုင်းတွေမှာshineတို့မိသားစုနှင့်ပိတောက်ဝါတို့ကြားမှာဘယ်လိုတွေဆက်ဖြစ်ဦးမလဲဆိုတာreaderလေးများဖတ်ရှုပေးကြပါဦးနော်။chapter-4coming soon.

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now