💓💓chapter-16💓💓

72 4 0
                                    

shineတို့"ကောင်းမွန်"ဆိုတဲ့ဟော့ပေါ့ဆိုင်မှာညစာသွားစားတယ်။ဆိုင်လေးကသန့်ပြန့်ပြီးတော့စားစရာတွေတည်ခင်းတာလည်းစားချင်စရာလေးတွေ။shineတို့၃ယောက်ကတော့စားစရာတွေအများကြီးယူပြီးတော့ဟော့ပေါ့စစားကြတယ်။
shine maryကြိုက်တဲ့ပုစွန်ထည့်ပေးမလို့လက်လှမ်းနေတုန်းမှာshellyကshineကိုင်ထားတဲ့တူထဲကပုစွန်ကိုစားလိုက်တယ်။
shelly"အွန်း၊ပုစွန်ကောင်းတယ်နော်။အနံ့လေးကမွှေးနေတာပဲ။"
shineကmaryအတွက်ရည်ရွယ်ထားတဲ့ပုစွန်ကိုshellyစားသွားတာအပြစ်တော့မမြင်ပါဘူး။ဘာလို့လဲဆိုတော့သူ့စိတ်ထဲမှာshellyကျုညီမအရင်းလေးလိုလေးလိုသတ်မှတ်ထားတာကြောင့်ဖြစ်တယ်။
shine"shellyကြိုက်တာလား။ကြိုက်ရင်များများစားနော်။"
shine shellyကိုကင်ထားတဲ့ပုစွန်တွေထပ်ထည့်ပေးလိုက်တယ်။
shelly shineကိုပြုံးပြပြီးshineထည့်ပေးတဲ့ပုဇွန်တွေကိုစားရင်းmaryအခြေအနေကိုမသိမသာလေးကြည့်လိုက်တယ်။သူထင်တဲ့အတိုင်းဘဲmaryမျက်နှာကသိသိသာသာပျက်ယွင်းနေတယ်။shellyကတော့maryအူတိုနေတာတော့စိတ်ထဲမှာကြိတ်ပြီးရယ်လိုက်တယ်။
shine"mary၊ကျောက်ပုစွန်လေးစားလိုက်အုန်း။အခုမှကင်လို့ပြီးတာ၊ပူပူနွေးနွေးလေး။"
shine maryကိုကျောက်ပုစွန်ပူပူနွေးနွေးလေးထည့်ပေးလိုက်တယ်။
mary"ကျေးဇူးနော်ကိုshine။"
maryအဲ့ကျမှမျက်နှာလေးကပြန်ပြီးရွှင်လန်းလာတော့တယ်။
shelly"ကိုshine၊shellyအတွက်ပြည်ကြီးငါးလေးသွားယူပေးပါလား။ကုန်တော့မယ်။"
shine"ကုန်သွားပြီလား။ခဏစောင့်နော်shelly။အခုပဲသွားယူပေးမယ်။"
shineလည်းခုံကနေထသွားပြီးshellyအတွက်ပြည်ကြီးငါးသွားယူပေးတယ်။
mary"မမ၊ဒီမှာပြည်ကြီးငါးနည်းနည်းကျန်သေးတယ်။မမစားလိုက်လေ။"
shelly"ကျေးဇူးပဲနော်ညီမလေး။"
shellyလည်းmaryပေးတဲ့ပန်းကန်ကိုယူလိုက်တယ်။
mary"မမနှင့်ကိုshineကတော်တော်ရင်းနှီးတယ်နော်။မောင်နှမအရင်းတိုင်းပဲ။"
shelly"ဟုတ်တယ်။တို့နှင့်ကိုshineနှင့်ကသွေးသားမတော်စပ်ပေမဲ့မောင်နှမအရင်းတွေလိုပဲ။တို့ကတဦးတည်းသောသမီးဆိုပေမဲ့ကိုshineကိုကြောင့်အကိုနယောက်ထပ်ရလိုက်သလိုခံစားရယ်။"
shellymaryနှင့်စကားပြောနေရင်းဝက်သားကင်ထားတာရပြီမို့အသာကိုဆယ်လိုက်တာဆီပေါက်ပြီးလက်ကိုလာဆင်တယ်။
shelly"အာ့၊နာလိုက်တာ။"
shellyလည်းဆီစင်သွားတဲ့လက်လေးကိုကိုင်ပြီးပြောလိုက်တယ်။အဲ့ဒီအချိန်မှာshineရောက်လာတယ်။
shine"shelly၊ဘာဖြစ်သွားသေးလဲ။ပြကြည့်။"
shine shellyဘာများဖြစ်သွားလဲလို့shellyလက်ကိုကိုင်ပြီးအနီးကပ်ကြည့်လိုက်တယ်။
shine"တော်သေးတာပေါ့။ကြီးကြီးမားမားဒဏ်ရာတော့မရသွားဘူး။အပြန်ကျရင်ပလာဆတာဝယ်ပေးမယ်နော်။ကပ်လိုက်ရင်သက်သာသွားမှာပါ။"
shellyလည်းshineကိုခေါင်းငြိမ့်ပြလိုက်တယ်။maryကတော့shine shellyကိုဂရုစိုက်နေတာကိုဝမ်းနည်းသလိုလိုဖြစ်လာတာကြောင့်သန့်စင်ခန်းဆီထွက်လာတယ်။
maryထွက်သွားတော့shellyကmary shineအပေါ်ဘယ်လိုစိတ်
ရှိတယ်ဆိုတာပြောပြတယ်။
shelly"ကိုshine၊ကိုshine maryကိုမြန်မြန်ဖွင့်​ပြောလိုက်​တော့။"
shine"ဘာလို့လဲ၊shellyရဲ့။"
shelly"ကိုshineကလည်းအလိုက်တာ။အဲ့တာ​ကြောင့်မို့အခုချိန်ထိလူပျိုကြီးဖြစ်​နေတာ။"
shine"အမ​လေးshellyရယ်၊ကိုယ့်ကိုကိုယ်လည်းပြန်ကြည့်ပါအုန်း။သူများကိုမဖဲ့ခင်။"
shelly"ကိုshine​၊ဒီဟာဘာလဲဆိုတာတချက်ရှိုးလိုက်။"
shellyသူမလက်ကို​လက်စွပ်​လေးကိုထောင်ပြလိုက်တယ်။
shine"shelly၊ဒါက။"
shelly"ဟုတ်တယ်ကိုshine။shelly​စေ့စပ်လိုက်ပြီ။"
shine"​ဘယ်တုန်းက​စေ့စပ်လိုက်တာလဲ။ကို့အကိုတောင်မ​ပြောပြဘူး။ထိမ်ချန်ထားတယ်၊ဟုတ်လား။"
shelly"အဲ့လိုလဲမဟုတ်ပါဘူး။​ကိုshineနှင့်​တွေ့ခါစဆို​တော့​ပြောဖို့​မေ့​နေတာ။sorryပါကိုshineရယ်။"
shine"​shellyသတို့သား​လောင်းကဘယ်သူလဲ။"
shelly"သူ့နာမည်က......တဲ့။သူက​ရေနံcompanyပိုင်ရှင်​လေ။shellyထက်​တော့ငယ်တာ​ပေါ့။mommyတို့နှင့်ညစာစားပွဲသွားတုန်းကသူနှင့်ဆုံခဲ့တာ။သူကshellyကိုစိတ်၀င်စားလို့လူကြီး​တွေဆီမှာကမ်းလှမ်းခဲ့တယ်။shellyလည်းသူကို​လေ့လာကြည့်​တော့ညီမနှင့်စိတ်သ​ဘောထားချင်းတိုက်ဆိုင်ပြီးအကြိုက်တူလို့လက်ခံလိုက်တာ။"
shine"​ကောင်းတာပေါ့၊shellyလိုချင်တဲ့အိမ်​ထောင်ဖက်နှင့်​တွေ့တာ။ဒါနှင့်လက်ထပ်ပွဲကဘယ်​တော့လုပ်မှာလဲ။"
shelly"လိုပါ​သေးတယ်။shellyသူနှင့်လက်မထပ်ခင်ကိုယ်သွားချင်တဲ့​နေရာကိုကမ္ဘာအနှံ့သွားအုန်းမှာ။shellyစိတ်ကြိုက်ကမ္ဘာအနှံ့ပတ်ပြီးမှသူနှင့်လက်ထပ်မှာ။"
shine"good idea my sis။"
shelly"sure။ဒါနှင့်​ကိုshineလည်းsingleဘ၀က​နေကျွတ်​အောင်လုပ်အုန်း။maryကကိုshineကို​စောင့်​နေတာ။ကိုshineဘက်လှုပ်ရှားတာနှင့်ကိုshineနှင့်maryကcouple​တွေဖြသ်သွားလိမ့်မယ်။"
shine"ဟုတ်ရဲ့လားshellyရယ်။"
shelly"ကိုshineသတိမထားမိဘူးလား။ကိုshine ဆီကshellyပုဇွန်ယူစားတုန်းကတခါ၊shellyလက်ကိုဆီ​စင်သွားတုန်းကကိုshine shellyကိုဂရုစိုက်​နေတုန်းကတခါသိသိသာသာကိုmaryမျက်နှာပျက်သွားတာ။ကိုshineသတိမထားမိဘူးလား။"
shine"maryမျက်နှာမ​ကောင်းတာ​တော့သတိထားမိတယ်။ဒါ​ပေမဲ့အဲ့ဒါကဘာဖြစ်လို့လဲ။"
အရိပ်ပြလို့အ​ကောင်မမြင်​သောshine​ကြောင့်shellyစိတ်ညစ်ပြီးကို့နဖူးကိုပြန်ရိုက်လိုက်တယ်။

Chapter-17coming soon.

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now