💓💓chapter-21(final)💓💓

361 4 0
                                    

mary"maryတို့၂ယောက်ကချစ်သူဖြစ်တာရက်ပိုင်းပဲရှိသေးတော့လက်ထပ်ဖို့ကအရမ်းစောသေးတယ်လိို့ထင်တယ်။"
ဒေါ်သွယ်"သမီးပြောတာလည်းမှန်ပါတယ်။ဒါပေမဲ့သမီးတို့၂ယောက်ကအခန်းတခန်းထဲမှာအတူတူအလုပ်လုပ်လာတာရက်ပေါင်းလည်းမနည်းပါဘူး။သားအကြောင်းလည်းဒီလောက်ဆိုသမီးလည်းသိလောက်ရောပေါ့။"
shelly"ဟုတ်တယ်၊maryရဲ့။maryတို့၂ယောက်ကတယောက်အကြောင်းတယောက်လည်းသိနေပါပြီ။ညီမကငယ်သေးတယ်ဆိုပေမဲ့ကိုshineကအသက်နှင့်လက်ထပ်ဖို့နောက်ကျနေပြီညီမရဲ့။ကိုshineဘက်ကိုတွေးကြည့်လိုက်ပါmaryရယ်။"
mary"ဟုတ်ကဲ့၊maryနားလည်ပါတယ်။maryဒီကပြန်သွားရင်maryမိဘတွေကိုတိုင်ပင်ကြည့်ပြီးတော့maryမိဘတွေသဘောတူရင်အန်တီနှင့်အန်ကယ်ဆန္ဒရှိတဲ့အတိုင်းကိုshineနှင့်လက်ထပ်ပါမယ်။"
maryစကားကြောင့်အားလုံးဝမ်းသာသွားတယ်။အဲ့ထဲမှာအပျော်တုံးကshineပေါ့။တလောက်လုံးအပိုင်ရသွား
တဲ့အပြုံးမျိုးနှင့်ကိုပြုံးနေတာ။
     maryတို့တွေစကားပြောပြီးညစာအတူတူစားကြတယ်။maryအန်တီချက်ထားတဲ့ဟင်းတွေကြည့်လိုက်တော့maryအကြိုက်တွေပဲရွေးချက်ထားတာတွေ့ရတယ်။maryအန်တီ့လက်ရာမြည်းကြည့်တော့လက်ရာကစားဖိုမူးတွေချက်ထားတဲ့အရသာအရမ်းကောင်းတယ်။maryကတော့အန်တီလက်ရာကြောင့်ထမင်းစားကောင်းတာပေါ့။ညစာစားပြီးသွားတော့shine maryကိုအိမ်ပြန်လိုက်ပို့တယ်။shine maryမိဘတွေကိုတွေ့ပြီးတော့maryနှင့်ချစ်သူဖြစ်နေပြီဆိုတာပြောပြလိုက်တယ်။maryမိဘတွေကshineနှင့်သဘောတူတယ်။ဒါပေမဲ့ဒီလောက်မြန်မြန်ကြီးလက်ထပ်ဖို့ဖြစ်လာလိမ့်မယ်လို့မထင်ထားဘူး။
       maryမိဘတွေကတဦးတည်းသောသမီးလေးနှင့်ခွဲရမှာဆိုတော့စိတ်မကောင်းပေမဲ့သမီးလေးကိုကောင်းမွန်တဲ့အိမ်ထောင်ဖက်နှင့်အိမ်ထောင်ချမယ်ဆိုတော့ပီတိဖြစ်တာပေါ့။maryမိဘတွေကသဘောတူတယ်ဆိုတော့shineကမင်္ဂလာပွဲလုပ်ဖို့စီစဥ်တော့တယ်။maryကိုလူကြီးစုံရာနှင့်လာတောင်းပြီးမင်္ဂလာပွဲကိုတပတ်အတွင်းလုပ်ဖို့စီစဥ်လိုက်တယ်။maryကတော့မင်္ဂလာပွဲအတွက်ဘာမှလုပ်စရာမလိုဘူး။shineကသူ့ချစ်သူလေးပင်ပန်းမှာဆိုးလို့တဲ့အလုပ်တဖက်နှင့်သူကိုယ်တိုင်ပဲမင်္ဂလာပွဲစီစဥ်တယ်။
       shineကmaryကို comapanyတောင်မလာခိုင်းဘူး။အိမ်မှာပဲအိပ်ရေးဝဝအိပ်ပြီးအေးဆေးအနားယူခိုင်းတယ်။
သံဇဥ်"မိန်းမဘာတွေလုပ်နေတာလဲ။။"
သံဇဥ်maryအခန်းထဲဝင်လာတယ်။
mary"မိသံဇဥ်လာလေ။ဘာမှမလုပ်ပါဘူး။ပျင်းလို့dramaကြည့်နေတာ။"
သံဇဥ်"သူငယ်ချင်းငါတို့အပြင်သွားရအောင်လေ။ငါတို့စားနေကျဆိုင်က hot potသွားစားကြရအောင်။"
mary"သွားမယ်လေ။ငါတို့သူငယ်ချင်းနှစ်ယောက်လွတ်လွတ်လပ်လပ်သွားစားကြတာပေါ့။"
maryတို့သူငယ်ချင်း၂ယောက်hot potသွားကြတယ်။သူငယ်ချင်းနှစ်ယောက်ကအရင်တုန်းကအကြောင်းတွေပြန်ပြောနေကြတာပေါ့။သံဇဥ်ကhot potစားဖို့အသာာတွေရွေးနေတုန်းအသားတွေရဲ့ညှီနံကြောင့်အန်ချင်လာတယ်။သံဇဥ်လည်အန်ချင်စိတ်ကိုထိန်းမရတော့ပဲသန့်စင်ခန်းဆီအမြန်ပြေးပြီးအန်လိုက်တယ်။
mary"သူငယ်ချင်း၊ရရဲ့လား။"
သံဇဥ်"mary၊ငါမရတော့ဘူး။မူးနေပြီ။ခေါင်းထဲမှာချာချာလည်နေတာပဲ။"
mary"အေး၊အဲ့တာဆိုငါဆေးရုံလိုက်ပို့ပေးမယ်။"
    maryသံဇဥ်ကိုတွဲပြီးဆိုင်ထဲကထွက်လာတယ်။ပြီးတော့ဘေးနားကလူတွေအကူအညီနှင့်taxiဌားပြီးဆေးရုံသွားတယ်။သံဇဥ်maryရဲ့ပုခုံးပေါ်မှီပြီးမှေးနေတယ်။ဆေးရုံရောက်တော့ဆရာဝန်ကသံဇဥ့်ကိုစမ်းသပ်ကြည့်တော့သံဇဥ်မှာကိုယ်ဝန်ရှိမှန်းသိလိုက်ရတယ်။maryရောသံဇဥ်ရောအရမ်းပျော်သွားတာပေါ့။သံဇဥ်ဆိုရင်ပျော်လွန်းလို့မျက်ရည်တောင်ကျတယ်။maryလည်းဘုန်းမြတ်ကိုဖုန်းဆက်လိုက်တယ်။maryကသံဇဥ်ဆီကပဲကိုယ်ဝန်သတင်းကြားစေချင်တာကြောင့်သံဇဥ်ခေါင်းတော်တော်မူးနေလို့ဆေးရုံရောက်နေတယ်လို့ပဲပြောလိုက်တယ်။ဘုန်းမြတ်ဇနီးဖြစ်သူနေမကောင်းတာကိုစိတ်ပူပြီးဆေးရုံကိုခဏလေးအတွင်းရောက်လာတယ်။
ဘုန်းမြတ်"သံဇဥ်၊သက်သာလား။နေရတာရောကောင်းရဲ့လား။"
သံဇဥ်"သက်သာပါတယ်ကိုဘုန်းရဲ့။"
mary"သံဇဥ်ပြောလိုက်လေ။ဘာလို့နေမကောင်းဖြစ်တာလဲလို့။"
သံဇဥ်"ကိုဘုန်း၊သံဇဥ်ခေါင်းမူးတာကသံဇဥ့်မှာကိုဘုန်းရဲ့ရင်သွေးလေးရှိနေလို့တဲ့၊ဆရာဝန်ကြီးကပြောတယ်။"
      သံဇဥ့်စကားကြောင့်ဘုန်းမြတ်အရမ်းဝမ်းသာသွားတယ်။သံဇဥ်ကိုဖက်ထားတာဆိုတာအကြာကြီးပဲ။သံဇဥ်တို့စုံတွဲကိုကြည့်ပြီးတော့ကိုshineဆိုရင်လည်းဘယ်လောက်ပျော်မလဲလို့maryတွေးလိုက်တယ်။ဘုန်းမြတ်ကမှောင်နေပြီဆိုတော့maryကိုအိမ်ပြန်လိုက်ပို့ပေးတယ်။maryလည်းshineကိုဖုန်းဆက်ပြီးတော့သံဇဥ်ကိုယ်ဝန်ရှိတာကိုပြောပြလိုက်တယ်။shineလည်းပျော်နေတာပေါ့။maryကိုလည်းကိုတို့ရှေ့ကားကိုမြန်မြန်ကျော်တက်မယ်လို့စနေတာကြောင့်maryရှက်ပြီးဖုန်းချလိုက်တယ်။
       ဒီနေ့ကတော့maryတို့ရဲ့မင်္ဂလာပွဲနေ့လေးပေါ့။maryတို့ရဲ့မင်္ဂလာပွဲကိုနာမည်ကြီးhotelမှာကျင်းပတယ်။ဧည့်သည်တွေလည်းလာကြတာအမျာကြီးပဲ။maryနှင့်shineကိုလိုက်ဖက်တယ်လို့အားလုံးကပြောကြတယ်။ဒီလိုချွေးမမျိုးဘယ်ကသွားရှာထားလဲလို့shineမိဘတွေကိုမေးကြတယ်။မင်္ဂလာပွဲပြီးသွားတော့maryကshineတို့အိမ်မှာပဲလိုက်နေတယ်။maryမိဘတွေကိုတော့shineတို့ရဲ့ဘေးချင်းကပ်လျှက်ကအိမ်ကိုshineဝယ်ပေးလိုက်တယ်။maryမိဘတွေနှင့်maryလည်းမခွဲရတော့အောင်shineကအခုလိုစီစဥ်လိုက်တာဖြစ်တယ်။maryရဲ့ခြေထောက်ကဒေါင့်ဖိနပ်စီးထားရတာကြာသွားတော့ခြေထောက်လေးနီရဲပြီးဖူးယောင်နေတယ်။shineကmaryရဲ့ခြဖတောက်လေးတွေကိုမြင်တော့maryခြေတောက်လေးတွေကိုရေနွေးလေးနှင့်စိမ်ပြီးနှိပ်ပေးတယ်။
mary"ကိုရယ်၊ရပါတယ်။maryကိုဒီလောက်ထိကြီးလုပ်ပေးစရာလိုပါဘူး။"
maryပြောရင်းခြောတောက်ကိုရေထဲကထုတ်လိုက်တယ်။
shine"ရပါတယ်၊maryရဲ့။တနေ့လုံးဒေါင့်ဖိနပ်နှင့်ရပ်ထာာရတာပင်ပန်းနေမှာပေါ့။အခုလိုလုပ်မှသက်သာသွားမှာပေါ့။"
shine maryခြေတောက်လေးတွေကိုသေချာနှိပ်နယ်ပေးတယ်။maryကတော့shineရဲ့မျက်နှာချောချောလေးကိုငေးကြည့်နေတယ်။shineရေနွေးလေးနှင့်လုပ်ပေးတာmaryကိုခြေတောက်တော်တော်သက်သာသွာာတယ်။maryကိုခြေတောက်သက်သာအောင်လုပ်ပေးပြီးတော့shineကသွားတိုက်ပြီးတော့ညဝတ်ဝတ်စုံလဲနေတယ်။maryကတော့အိပ်ယာပေါ်မှာshineနှင့်မင်္ဂလာဦးညဖြတ်သန်းရမှာတယောက်တည်းအတွေးတွေများနေလေရဲ့။
     shineကုတင်ပေါ်တက်လာတော့maryကအိပ်ချင်ယောင်ဆောင်နေတယ်။
shine"mary၊အိပ်ပြီလားbabe။"
maryအသံမထွက်ပဲငြိမ်ငြိမ်လေးနေလိုက်တယ်။maryစိတ်လှုပ်ရှားလွန်းလို့တံတွေးမျိုချလိုက်တယ်။shineကအဲ့တာကိုတွေ့လိုက်တာကြောင့်maryမအိပ်ပေးမှန်းသိလိုက်တယ်။
shine"အော်၊maryလေးကအိပ်သွားပြီဆိုတော့မင်္ဂလာဦးညကိုတယောက်တည်းဖြတ်သန်းရတော့မှာပေါ့။အိပ်တာပဲကောင်းပါတယ်။"
shineစကားကြောင့်mary shineအိပ်တော့မယ်ထင်သွားတယ်။ဒါပေမဲ့ရုတ်တရတ်maryကိုshineကလိလာထိုးတာကြောင့်maryအောင့်မခံနိုင်ဘဲရယ်လိုက်မိတယ်။
shine"ကောင်မလေး၊အိပ်ချင်ယောင်ဆောင်တယ်ပေါ့၊ဟုတ်လား။"
shine maryကိုဖက်ပြီးပြောလိုက်တယ်။
mary"ဟုတ်တယ်။အဲ၊မဟုတ်ပါဘူး။"
shine"မင်္ဂလာဦးညကိုဒီလိုလွယ်လွယ်နှင့်ဘယ်ကျော်လို့ရမလဲ။"
shineမီးအိမ်ကိုလှမ်းပိတ်လိုက်ပြီးသူ့တို့နှစ်ယောက်ရဲ့မင်္ဂလာဦးညကိုဖြတ်သန်းလိုက်တယ်။shineနှင့်maryတို့သာယာချမ်းမြေ့တဲ့အိမ်ထောင်ရေးကိုခိုင်မြဲတဲ့လက်တွေတွဲရင်းအတူတူတည်ထောင်လိုက်တယ်။

              THE END

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now