💗💗chapter-15💗💗

82 3 0
                                    

    ဘာလိုလိုနှင့်shineနှင့်maryတို့ပုဂံရောက်တာတလောက်ရှိသွားပြီ။shineတို့တွေအလုပ်မရှိတဲ့အချိန်တွေဆိုရင်ပုဂံအနှံ့လျှောက်လည်ကြတာအခုဆိုနေရာတော်တော်များများတောင်ရောက်ပြီးသွားပြီ။shineနှင့်maryလည်းပျော်စရာကောင်းတဲ့အချိန်တွေအတူတူကုန်ဆုံးခဲ့ကြတယ်။တနေ့shineတို့တွေhotelပြန်လာတော့shineရဲ့မျက်လုံးကိုshellyဆိုတဲ့ကောင်မလေးကအနောက်ကနေလှမ်းအုပ်လိုက်တယ်။
shelly"ဘယ်သူလဲဆိုတာခန့်မှန်းကြည့်။"
shine"အင်း၊ဘယ်သူလဲဆိုတော့shellyမလား။"
shelly"youကshellyမှန်းသိတယ်ပေါ့။"
shine"နင့်အသံကိုမှတ်မိတာပေါ့။ပြီးတော့ဒီလိုကလေးလိုလုပ်တာလည်းငါ့အသိထဲမှာshellyဆိုတဲ့မင်းပဲရှိတယ်။"
shelly"shellyကိုမှတ်မိတယ်ဆိုတော့ကိုshineကမဆိုးဘူးဘဲ။shellyကိုမေ့သွားပြီထင်နေတာ။"
shine"ကိုယ့်ညီမလေးကိုမေ့စရာလား။"
maryကားထဲမှာဖုန်းကျန်ခဲ့လို့shineဆီကားသော့ယူပြီးဖုန်းသွားယူပြီးပြန်လာတော့shineနှင့်shellyစကားပြောနေတာကိုမြင်သွားတယ်။maryစိတ်ထဲမှာဝမ်းနည်းသလို၊စိတ်မကောင်းဖြစ်သလိုဖြစ်သွားတယ်။shineshellyနှင့်စကားပြောနေရင်းmaryကိုမြင်တော့maryကိုလှမ်းခေါ်လိုက်ပြီးshellyနှင့်မိတ်ဆတ်ပေးလိုက်တယ်။
shine"mary၊ဒါကကျွန်တော်နိုင်ငံခြားမှာကျောင်းသွားတက်တုန်းကကျောင်းအတူတူတက်ခဲ့တဲ့သူငယ်ချင်းshellyတဲ့။နောက်မှshelly၊ဒါကငါ့ရဲ့လက်ထောက်maryတဲ့။"
mary"တွေ့ရတာဝမ်းသာပါတယ်။"
maryနှုတ်ဆတ်စကားပြောပြီးလက်ဆွဲနှုတ်ဆတ်ဖို့လက်ကမ်းပေးလိုက်တယ်။
shelly"ဟုတ်။shellyလည်းတွေ့ရတာဝမ်းသာပါတယ်။"
shellyကmaryကိုနှုတ်ဆတ်စကားပြောပြီးလက်ဆွဲနှုတ်ဆတ်လိုက်တယ်။
shine"ဒါနှင့်shelly၊မင်းကbaganကိုဘယ်လိုရောက်တာလဲ။"
shelly"အန်တီပြောပြတာလေ။အဲ့တာနှင့်ကိုshineနောက်လိုက်လာတာ။"
shine"မင်းကအိမ်ရောက်ခဲ့သေးတာပေါ့။မင်းအိမ်လိပ်စာဘယ်လိုသိတာလဲ။အိမ်ကိုရောက်လာလို့တော်သေးတာပေါ့။လမ်းပျောက်နေရင်တော့ဒုက္ခပဲ။"
shelly"မပျောက်ပါဘူး။daddyတို့ကအန်ကယ်တို့ဆီဖုန်းဆက်ပေးထားတယ်။အန်ကယ်တို့ကairportမှာလာကြိုပေးတယ်၊"
shine"အော်၊တော်သေးတာပေါ့။baganလာတာလည်းဖုန်းမဆက်ဘူး။အကိုလာကြိုဆိုမှာပေါ့။"
shelly"ကိုshineကိုsurpriseလုပ်ချင်လို့ပေါ့။shellyကိုဒီhotelမှာအခန်းယူပေးအုန်းနော်။shellyဒီမှာပဲတည်းလိုက်မယ်။"
shine"လုပ်ပေးမှာပေါ့။"
shineနှင့်shellyအခန်းယူဖို့ကောင်တာထွက်သွားတယ်။maryကတော့သူ့ကိုကျောခိုင်းသွားတဲ့shineကိုကြည့်ပြီးတော့စိတ်ထဲမှာကြေကွဲနေတာပေါ့။ပြီးတော့shellyနှင့်shineနှင့်ဒီလောက်ထိရင်းနှီးနေတာကိုလဲသိပ်ပြီးတော့သဘောမကျဘူးဖြစ်နေတယ်။ဒီတိုင်းရင်းနှီးတဲ့သူငယ်ချင်းတွေပါလို့တွေးပြီးစိတ်ဖြေလိုက်တယ်။
       shineနှင့်shellyတို့ရဲ့မိဘတွေကစီးပွားရေးpartnerတွေဖြစ်တဲ့အပြင်ငယ်သူငယ်ချင်းတွေဖြစ်တယ်။shineကနိုင်ငံခြားမှာကျောင်းသွားတက်တုန်းကshellyတို့အိမ်ကနေဘဲနေပြီးshellyနှင့်အတူတူကျောင်းသွားတယ်။အဲ့တော့shineနှင့်shellyကတကယ့်မောင်နှမအရင်းတွေလိုရင်းနှီးနေတာပေါ့။သူတို့နှစ်ယောက်ကမောင်နှမတွေလိုအဖြူရောင်သက်သက်ခင်မင်ကြတာကလွဲရင်တခြားစိတ်တွေမရှိကြဘူး။
shelly"ကိုshine၊maryကချစ်စရာလေးနော်။ပြီးတော့ထက်မြတ်မဲ့ပုံလေး။"
shine"ဟုတ်တယ်။maryကအသက်သာငယ်တာအလုပ်လုပ်ရင်တိကျပြီးအမှားဆိုတာမရှိသလောက်ဘဲ။"
shelly"ကိုshineကတော့တခုခုတော့တခုခုပဲနော်။"
shine"ဘာလို့လဲ။"
shelly"ကိုshineချီးကျူးတဲ့သူဆိုတာခပ်ရှားရှားရယ်။မဟုတ်မှလွဲရောကိုshine maryကိုချစ်မိနေပြီထင်တယ်။"
shine"မဟုတ်ပါဘူး။shellyရယ်၊မဟုတ်တာတွေမပြောပါနှင့်။"
shelly"shellyကိုမလိမ်နှင့်နော်။shellyကိုshine maryကိုကြည့်တဲ့အကြည့်တွေကိုကြည့်တာနှင့်သိတယ်။"
shine"shellyကသိတယ်ပေါ့။"
shelly"ဟုတ်တယ်။ကိုshineကလည်းအမှန်တိုင်းပြောပြပါshellyသိချင်လို့။"
shine"ဟုတ်တယ်။maryကိုသဘောကျနေတာ။သူ့ကိုစမြင်ကတည်းကပဲ။"
shelly"သဘောကျရင်လိုက်လေ။တော်ကြာသူများနောက်ပါသွားအုန်းမယ်။"
shine"အကိုလည်းဖွင့်ပြောချင်ပါတယ်။ဒါပေမဲ့maryနှင့်ကိုယ်နှင့်ကအသက်ကွာတော့maryငြင်းလိုက်မှာဆိုးလို့ဖွင့်မပြောရဲဘူးဖြစ်နေတာ။"
shelly"ကိုshineကလည်းယောင်္ကျားမဟုတ်တဲ့အတိုင်းဘဲ။တကယ်ကြိုက်ရင်သတ္တိရှိရှိဖွင့်ပြောရမှာပေါ့။"
shine"ဖွင့်ပြောလိုက်မှmaryနှင့်ခင်မင်မူတောင်ပျက်သွားမှာဆိုးတယ်shellyရယ်။"
shelly"အဲ့ဒါဆိုshellymaryရင့်ထဲမှာshineရှိမရှိစမ်းပေးမယ်။"
shine"shellyကဘယ်လိုစမ်းမှာလဲ။"
shelly"shellyဘယ်လိုလုပ်မလဲဆိုတာကိုshineစောင့်ကြည့်ပေါ့။"
shine"အေးပါ။အကိုအခန်းသွားယူလိုက်အုန်းမယ်။"
       shineshellyအတွက်အခန်းသွားယူလိုက်တယ်။shineshellyကိုအခန်းလိုက်ပို့ပြီးမှသူ့အခန်းထဲဝင်ပြီးကျန်တဲ့အလုပ်​​တွေကိုဆက်လုပ်တယ်။ညနေလောက်ရောက်တော့shellyနှင့်maryကိုညစာစားဖို့သွား​ခေါ်တယ်။maryနှင့်shineကကကား​ပေါ်မှာshellyကိုနာရီ၀က်​လောက်​စောင့်ရတယ်။shellyကကား​ပေါ်တက်မလို့တံခါးဖွင့်လိုက်​တော့shine​ကောတာခံလိုက်ရတယ်။
shine"shelly၊မင်း၀တ်ထားတာတဲ့​ဘောင်းဘီကဘ
လည်းလည်းတိုလိုက်တာ။အင်္ကျီကလည်းခါးတို၀တ်ထားတာခါး​တောင်​ပေါ်​​နေတယ်။"
shelly"ကိုshineကလည်းဘာဖြစ်လို့လဲ။အခါတိုင်းလည်းshellyဒီတိုင်းဘဲ၀တ်​နေကျဘဲကို။"
shine"နိုင်ငံခြားမှာ၀တ်ရင်ဘာမှမဖြစ်ဘူးshellyရဲ့။မြန်မာနိုင်ငံမှာကျ​တော့ဒီလို​တွေ၀တ်တာကမတင့်တယ်ဘူး။​​ဘောင်းဘီရှည်သွားလဲလိုက်။ငါ့ညီမ​လေးကလိမ္မာပါတယ်။"
shelly"ဟုတ်၊သွားလဲလိုက်မယ်။ကိုshine​ပြောသလိုလုပ်​ပေးတဲ့အတွက်shellyစားချင်တာလိုက်​ကျွေးရမှာ​နော်။"
shine"လိုက်​ကျွေးမယ်။အခု​တော့လဲစရာရှိတာမြန်မြန်သွားလဲလိုက်။mary​စောင့်​နေရတာကြာ​နေပြီ။အားနာဖို့​ကောင်းတယ်။"
shelly"ဟုတ်ကဲ့ပါ။shellyမြန်မြန်သွားလဲလိုက်မယ်။marysorry​နော်။တို့မြန်မြန်သွားလဲလိုက်မယ်။စိတ်မရှိပါနှင့်​နော်။"
mary"ဟုတ်၊ရပါတယ်မမ။"
shellyလည်းအ၀တ်အစားလဲဖို့hotelထဲ​၀င်သွားတယ်။

chapter-16coming soon.

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now