💓💓chapter-10💓💓

103 4 0
                                    

maryနံနက်စာစားပြီးတော့အလုပ်သွားဖို့bus stopမှာbusလာတာစောင့်နေတယ်။အဖြူရောင်ကားတစီးကmaryနားမှာရပ်လိုက်တယ်။maryအဲ့ကားကိုသေချာကြည့်လိုက်တော့shineကားမှန်းသိသွားတယ်။s
shine"mary၊အလုပ်သွားမလို့bus စောင့်နေတာလား။"
mary"ဟုတ်တယ်သူဌေးရဲ့။သူဌေးရောဘာကိစ္စရှိလို့ဒီဖက်ရောက်နေတာလဲ။"
shine"ဒီနားကjewelleryဆိုင်မှာအမေကရွှေထည်တွေအပ်ထားလို့လာရွေးတာ။maryကားပေါ်တက်လေ။လမ်းကြုံနေတာပဲcompanyအတူတူသွားကြတာပေါ့။"
mary"ရပါတယ်၊သူဌေး။marybusနှင့်သွားလိုက်ပါ့မယ်။"
        maryကshineကိုအားနာတာကြောင့်ငြင်းလိုက်ပေမဲ့shineကအတင်းလိုက်ပို့မယ်ပြောနေတာကြောင့်maryလည်းshineနှင့်companyအတူတူသွားလိုက်တယ်။ကားပေါ်မှာmaryကshineကိုထမင်းစားဖိတ်လိုက်တယ်။shineကလည်းတဖြင့်အိမ်ကထမင်းစားဖိတ်ရင်သွားလေ့သွားထမရှိပေမဲ့maryဖိတ်တာဆိုတော့သွားဖို့ဆုံးဖြတ်လိုက်တယ်။shine maryကိုစ​နေ​နေ့ကျရင်ထမင်းစားလာခဲ့မယ်လို့​ပြောလိုက်တယ်။shineလည်းmaryနှင့်ကျမှအရင်တုန်းကမလုပ်တဲ့ကိစ္စတွေလုပ်​နေမိတယ်။ဒီ​နေ့ကmaryတို့ထမင်းသွာစားမှာဆိုတော့shinemarketတခုသွားပြီးmaryတို့အတွက်အသီး​​၊cake​နှင့်အ​အေး​​တွေ၀ယ်သွားတယ်။
      maryက​တော့​ဈေးသွားပြီး​တော့သူမအ​မေကိုဟင်းကူချက်​ပေးတယ်။​ဒေါ်သီတာက​ပြည်ကြီးငါးကိုချဥ်ငန်စပ်သုတ်လိုက်ပြီး၀က်သားကိုဆီပြန်​နေ​အောင်ချက်ပြီးအာလူးနှင့်​ရောလိုက်တယ်။ပြီး​တော့အရည်​သောက်အဖြစ်ပဲကုလားဟင်းချက်လိုက်တယ်။maryတို့ဟင်းချက်ပြီး​​တော့shine​ရောက်လာတယ်။maryတို့ကိုshineလက်ဆောင်တွေပေးလိုက်တယ်။maryတို့ကတော့ငြင်းပေမဲ့shineကအတင်းပေးတာနှင့်လက်ခံလိုက်တယ်။shineကိုmaryတို့မိသားစုကလိုလေးသေးမရှိဏည့်ခံတယ်။shineထမင်းစားပြီးသွားတော့maryမိသားစုတွေကိုနှုတ်ဆတ်ပြီးအိမ်ပြန်လာခဲ့တယ်။shinemaryရဲ့မိဘတွေကဖော်ဖော်ရွေရွေရှိပြီးသဘောကောင်းတဲ့အတွက်သဘောကျနေတယ်။maryမိဘတွေကနောက်ဆိုလည်းအိမ်လည်းလာလည်ဖို့ပြောတဲ့အတွက်နောက်ကျရင်သွားလည်ပြီးmaryမိဘတွေနှင့်ရင်းနှီးအောင်လုပ်ရမယ်လို့shineတွေးလိုက်တယ်။
       shineအိမ်ရောက်တော့သူ့အိပ်ယာထဲမှာခဏလှဲပြီးmaryအကြောင်းတွေးနေတယ်။shinemaryကိုလိုက်ချက်ပေမဲ့အသက်အရွယ်ကွာနေတာကြောင့်maryကသူ့ကိုပြန်မကြိုက်မှာစိုးရိမ်နေတယ်။ပြီးတော့maryကိုလည်းအခြားသူနောက်ပါသွားမှာလည်းစိုးရိမ်နေတယ်။shineလည်းဘယ်လိုလုပ်ရမလဲတောင်မသိတော့ဘူး။shinemaryအကြောင်းတွေးနေတုန်းမှာဖုန်းဝင်လာတယ်။shineဖုန်းကိုကြည့်လိုက်တော့ဘုန်းမြတ်ဆီကဖြစ်နေတယ်။အဲ့တာနှင့်shineဖုန်းကိုင်လိုက်တယ်။
shine"hello။"
ဘုန်းမြတ်"helloကိုကြီး၊ကိုကြီးကိုကျွန်တော်ပြောစရာရှိလို့။"
shine"ပြောလေ။ဘာကိစ္စလဲ။"
ဘုန်းမြတ်"ကျွန်တော်နှင့်သံဇဥ်နောက်တပတ်တနင်္ဂနွေကျရင်လက်ထပ်တော့မယ်။အဲ့ဒါကိုကြီးကိုလှမ်းပြောတာ။"
shine"ဟုတ်လား။congratsပါဘုန်းမြတ်ရာ။weddingဘယ်မှာလုပ်မှာလဲ။"
ဘုန်းမြတ်"ကျွန်တော်တို့က"sweety"hotelမှာလုပ်မှာ။dinnerပွဲရော။ဦးလေးနှင့်အန်တီကိုလည်းမင်္ဂလာကိစ္စပြောပေးအုန်းနော်။အမေတို့လည်းအန်တီတို့ဆီလာအုန်းမယ်လို့ပြောတယ်။"
shine"အေး၊အေး။ပြောလိုက်မယ်။"
ဘုန်းမြတ်"ကျွန့်တော်မင်္ဂလာဆောင်ကျရင်ကိုကြီးသတို့သားအရံလုပ်ပေးရမယ်နော်။"
shine"လုပ်ပေးမှာပေါ့။မင်္ဂလာလက်ဖွဲ့ဘာလိုချင်လဲပြော၊ကိုကြီးဝယ်ပေးမယ်။"
ဘုန်းမြတ်"အဲ့ဒါဆိုကျွန်တော့်ကိုကားတစ်စီးလောက်ဝယ်ပေးပါလား။ကျွန်တော့်ကားကစီးရတာသိပ်အဆင်မပြေဘူး။"
shine"အေး၊အဲ့ဒါဆိုကိုကြီးကားတစီးဝယ်ပေးမယ်။မင်္ဂလာကိစ္စအတွက်လိုအပ်တာရှိလဲပြောနော်။ကိုကြီးကူညီနိုင်တာရှိရင်ကူညီပေးမယ်။"
ဘုန်းမြတ်"ဟုတ်ကဲ့။ကျေးဇူးပဲကိုကြီး။"
shine"ရပါတယ်။ကျေးဇူးတင်စရာမလိုပါဘူး။ကို့ညီမင်္ဂလာဆောင်ကိုဒီလောက်တော့လုပ်ပေးရမှာပေါ့။"
ဘုန်းမြတ်"ဟုတ်ကဲ့။အဲ့ဒါဆိုဒါပဲနော်၊ကိုကြီး။ကျွန်တော်ဖုန်းချလိုက်တော့မယ်။"
shine"အေး၊အေး။"
      shineဘုန်းမြတ်မင်္ဂလာဆောင်တော့မယ်ဆိုတော့ဝမ်းသာနေတယ်။သူ့ရဲ့မိဘတွေကိုဘုန်းမြတ်မင်္ဂလာဆောင်အကြောင်းပြောပြတယ်။shineမိဘတွေကတော့သူတို့တူလေးမင်္ဂလာတော့မယ့်သတင်းကြားတော့ဝမ်းသာကြတယ်။ဘုန်းမြတ်တောင်မင်္ဂလာဆောင်တော့မယ်shineကတော့အိမ်ထောင်ပြုဖို့နေနေသာသာရည်းစားရှိတဲ့အသံတောင်မကြားရသေးတော့shineမိဘတွေကshineအတွက်ရင်လေးနေတာပေါ့။shineကတော့ဘုန်းမြတ်မင်္ဂလာဆောင်အကြောင်းသွားပြောတာအိမ်အထောင်ပြုဖို့တရားချတာခံလိုက်ရတယ်။ဘုန်းမြတ်ကသူ့မိဘတွေကိုmaryအကြောင်းမပြောထားဘူးလေ။shineကmaryနှင့်သူရည်းစားတွေဖြစ်မှသူ့မိဘတွေကိုဖွင့်ပြောမယ်တွေးထားတာဖြစ်တယ်။အခုတော့သူမိဘတွေကိုချစ်တဲ့သူမတွေ့သေးလို့အိမ်ထောင်မပြုသေးတာလို့ပဲပြောထားတယ်။
   သံဇဥ်ကလည်းmaryကိုမင်္ဂလာကိစ္စလှမ်းပြောတယ်။
သံဇဥ်"hello၊maryလား။"
mary"ဟုတ်တယ်။သံဇဥ်ပြောလေ။ဘာကိစ္စလဲ။"
သံဇဥ်"ငါကိုဘုန်းနှင့်နောက်တပတ်တနင်္ဂနွေကျရင်မင်္ဂလာဆောင်တော့မယ်။"
mary"ဟမ်၊ဘယ်လို။နင်နှင့်ကိုဘုန်းနှင့်မင်္ဂလာဆောင်တော့မယ်ဟုတ်လား။ဒါဆိုနင်တို့နှစ်ယောက်ကအဆင်ပြေသွားပြီပေါ့၊ဟုတ်လား။။"
သံဇဥ်"ဟုတ်တယ်။အဲ့တာကြောင့်မင်္ဂလာကိစ္စသဘောတူလိုက်တာ။"
mary"အမယ်၊မိန်းမရှင့်လူနှင့်အဆင်ပြေသွားတာတောင်ကျွန်မကိုမပြောပြဘူးနော်။စိမ်းကားနေတာ။"
သံဇဥ်"sorryပါဟာ။ငါလည်းအခုတလောဆေးရုံမှာအလုပ်တွေများနေလို့မအားတာနှင့်နင့်ဆီဖုန်းမဆက်မိတာ။"
mary"ရပါတယ်။ဒါနှင့်နင့်အကိုကြီးနှင့်ဘယ်လိုအဆင်ပြေသွားတာလဲ။ငါကိုပြောပြအုန်းလေ။"
သံဇဥ်"ငါလည်းအစတုန်းကသူ့နှင့်လက်မထပ်ချင်ဘူး။အဲ့တာနှင့်နင်ပြောသလိုငါလည်းသူစိတ်ပျက်သွားအောင်နည်းအမျိုးမျိုးနှင့်lessonပေးလိုက်တယ်။ငါဘယ်လောက်ထိသူ့ကိုlessonပေးလဲဆိုရင်သူကအစာအိမ်ရှိတာသိတော့ငါမသိချင်ယောင်ဆောင်ပြီးအစပ်တွေမှာလိုက်ပြီးသူ့ကိုကျွေးတာသူကဘာမှမပြောဘဲအကုန်စားတယ်။"
mary"ဟယ်၊အဲ့တော့ကိုဘုန်းမြတ်ဘာဖြစ်သွားလဲ။"
သံဇဥ်"စားပြီးပြီးချင်းအစာအိမ်အောင့်လာတာပေါ့။အဲ့တာနှင့်ငါလည်းဆေးရုံလိုက်ပို့ရတာပေါ့။ကံကောင်းလို့ဘာမှတော့မဖြစ်ဘူး။"
mary"တော်သေးတာပေါ့။တခုခုဖြစ်သွားရင်မလွယ်ဘူး။အဲ့ဒါနှင့်ကိုဘုန်းမြတ်ကကိုယ့်မှာအစာအိမ်ရောဂါရှိတာသိရဲ့သားနှင့်ဘာလို့အစပ်တွေစားတာလဲ။"
သံဇဥ်"အဲ့ဒါပြောတာပေါ့။ငါလည်းသူ့ကိုအစာအိမ်ရောဂါရှိရဲ့သားနှင့်ဘာလို့စားရတာလဲမေးတော့ငါကြိုက်လို့လိုက်စားကြည့်တာတဲ့။"
mary"ဟုတ်လား။အဲ့ဒါဆိုကိုဘုန်းကနင့်ကိုကြိုက်နေတာပေါ့။"
သံဇဥ်"ဟုတ်တယ်။အစတုန်းကငါကသူ့မိဘတွေကြောင့်ငါနှင့်လက်ထပ်မယ်လို့ထင်ထားတာ။အဲ့ကျမှငါကိုသဘောကျနေမှန်းသိသွားတာ။နောက်ကျတော့သူငါ့ကိုproposeလုပ်တယ်တယ်လေ။ငါလည်းသူကိုလေ့လာကြည့်တော့အသက်ကြီးတာကလွဲရင်ဘာမှပြစ်ချက်မရှိတာမို့ငါလည်းသူ့အချစ်ကိုလက်ခံလိုက်တာ။"
mary"ကိုဘုန်းမြတ်နှင့်နင်ကလိုက်ပါတယ်။ကိုဘုန်းမြတ်နှင့်နင်နှင့်အဆင်ပြသွားတော့ငါဝမ်းသာပါတယ်။နင်တို့မင်္ဂလာဆောင်အတွက်congratsနော်သူငယ်ချင်း။"
သံဇဥ်"ကျေးဇူးပါသူငယ်ချင်းရယ်။ငါသဘောကတော့မင်္ဂလာပွဲကိုမလုပ်စေချင်သေးဘူး။ငါကအသက်ငယ်သေးတယ်ဆ်ိုတော့လွတ်လွတ်လပ်နေချင်သေးတယ်။ဒါပေမဲ့ကိုဘုန်းနှင့်အိမ်နှင့်ကမင်္ဂလာပွဲကိုအမြန်လုပ်ဖို့တိုက်တွန်းနေတာကြောင့်ငါလည်းသဘောတူလိုက်ရတာmaryရယ်။"
mary"နင်တို့အခုချိန်မင်္ဂလာပွဲလုပ်တာကောင်းပါတယ်။နင့်အတွက်ကတော့စောပေမဲ့ကိုဘုန်းအတွက်ကတော့အနေတော်ပဲ။"
သံဇဥ်"ဟုတ်တယ်။အဲ့ဒါကြောင့်လည်းပါတယ်။ဒါနှင့်နင့်ပြောထားတဲ့အတိုင်းလုပ်ရမယ့်အချိန်ရောက်ပြီနော်။"
mary"အေးပါ၊စိတ်ချ။ငါနင့်မင်္ဂလာဆောင်မှာသတို့သမီးအရံလုပ်ပေးမယ်။
သံဇဥ်"ကျေးဇူးပဲနော်သူငယ်ချင်းလေး။"
mary"ရပါတယ်။အဲ့တာဆိုငါဖုန်းချလိုက်တော့မယ်နော်။မေမေ့ကိုအိမ်ကိစ္စတွေကူလုပ်ပေးရအုန်းမှာမို့လို့။"
သံဇဥ်"အေး။အဲ့ဒါဆိုဒါပဲလေ။wedding dressရွေးတဲ့နေ့မှနင့်ကိုဖုန်းထပ်ဆက်လိုက်မယ်။"
mary"အေးပါ။ဒါပဲနော်။"
maryကတော့သူငယ်ချင်းဖြစ်သူစွံသွားတဲ့အတွက်ဝမ်းသာနေတာပေါ့။

chapter 11coming soon.

မနှင့်ပြန်ဆုံ​တွေ့ခြင်းWhere stories live. Discover now